နာပိုလီရဲ့နှလုံးသားကို စာချုပ်ဖျက်ကြေးပေးပြီးအပိုင်သိမ်းဖို့ပြင်ဆင်နေတဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ နာပိုလီနဲ့အတူအတောက်ပဆုံးဖြစ်နေတဲ့ ကာရက်စကယ်လီယာ ကိုစာချုပ်ဖျက်ကြေးပေးပြီးခေါ်ယူဖို့ရှိနေပါတယ်။

ဂျော်ဂျီယာလူငယ်ကြယ်ပွင့်ဟာ လီဗာပူးကို ချန်ပီယံလိဂ်ပွဲစဉ်မှာ ၄-၁ဂိုး အလဲလဲအပြိုဖြစ်စေခဲ့သူပါ။

တောင်ပံကစားသမားလေးကို ရီးရဲလ်နဲ့ ပီအက်စ်ဂျီတို့က အစဉ်တစိုက်စောင့်ကြည့်ခဲ့ပေမဲ့ အခုတော့ ဂွါဒီယိုလာရဲ့မန်စီးတီးကအပိုင်သိမ်းဖို့ပြင်ဆင်နေပြီလို့ The Sun သတင်းစာကဖော် ပြလိုက်ပါတယ်။

မန်စီးတီးပရိသတ်တွေဟာ ဂျော်ဂျီယာဂန္တဝင်ကစားသမားဖြစ်တဲ့ ဂျော်ဂျီကင်ကလာဇီကိုအထူးသဘောကျခဲ့သလို ကာရက်စကယ်လီယာကိုလည်း အီတီဟတ်မှာ သူ့ရဲ့လက်သစ်အဖြစ်တင်စားပြီးထောက်ခံပေးဖို့အသင့်ရှိနေပါတယ်။

ဂျော်ဂျီကင်ကလာဇီဟာ ၁၉၀၀ပြည့်နှစ်နောက်ပိုင်းကာလတွေမှာ သူ့ရဲ့ပါရမီနဲ့ မန်စီး တီးပရိသတ်နှလုံးသားကိုသိမ်းပိုက်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ပထမဆုံးနိုင်ငံခြား သားနံပါတ် ၁၀ အဖြစ် ပွဲပေါင်း ၁၂၂ပွဲ ကစားပေးခဲ့သူဖြစ်ပါတယ်။

အသက် ၂၁နှစ် အရွယ် ကာရက်စကယ်လီယာကတော့ ရူဘင်ကာဇန်ရဲ့ကြယ်ပွင့်တစ်ယောက်ဖြစ်ခဲ့ပေမဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့်

ရုရှားကလပ်နဲ့စာချုပ်ဖျက်သိမ်းပြီး မိခင်မြေ ဂျော်ဂျီယာကလပ် ဒိုင်နမိုဘာတူမီအသင်းမှာ လအနည်းငယ်ကြာပြန်ကစားပြီးတဲ့ နောက် နာပိုလီကသူ့ကို ပေါင် ၁၀သန်းနဲ့ခေါ်ယူခဲ့တာဖြစ်တယ်။

အသင်းနဲ့အတူ ဒီရာသီမှာ ၇ဂိုးသွင်းပြီးတဲ့နောက် နာပိုလီဟာ ကာရက်စကယ်လီယာကို စာချုပ်သစ် ချုပ်ဆိုဖို့အခြေအနေကောင်းရှိပြီး စာချုပ်ဖျက်ကြေး ပေါင် ၆၅ သန်း ထည့်သွင်းဖို့ရှိနေပါတယ်။

ဒါပေမဲ့ ကာရက်စကယ်လီယာကိုယ်တိုင်က စာချုပ်သစ်လက်ခံရာမှာ နာပိုလီကနေထွက်ခွာဖို့ခက်ခဲနိုင်လောက်တဲ့ အခြေအနေမျိုးကိုစဉ်းစားဖို့မရှိဘူးလို့ သတင်းထွက်ထားပါတယ်။

ဂွါဒီယိုလာလက်အောက်မှာ မန်စီးတီးက ပြီးပြည့်စုံလုနီးပါး ဖြစ်နေပေမဲ့ တိုက်စစ် ၃ယောက်တန်းမှာနေရာစုံကစားနိုင်ပြီး ပါရမီရင့်သန်တဲ့ ကာရက်စကယ်လီယာကို စာချုပ်ဖျက်ကြေးပေးပြီးခေါ်ယူဖို့ လက်တွန့်တဲ့ပုံစံရှိမနေပါဘူး။

(Zawgyi)

နာပိုလီရဲ႕ႏွလုံးသားကိုစာခ်ဳပ္ဖ်က္ေၾကးေပးၿပီး အပိုင္သိမ္းဖို႔ျပင္ဆင္ေနတဲ့ မန္စီးတီး

မန္စီးတီးအသင္းဟာ နာပိုလီနဲ႔အတူအေတာက္ပဆုံးျဖစ္ေနတဲ့ ကာရက္စကယ္လီယာ ကိုစာခ်ဳပ္ဖ်က္ေၾကးေပးၿပီးေခၚယူဖို႔ရွိေနပါတယ္။

ေဂ်ာ္ဂ်ီယာလူငယ္ၾကယ္ပြင့္ဟာ လီဗာပူးကို ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၄-၁ဂိုး အလဲလဲအၿပိဳျဖစ္ေစခဲ့သူပါ။

ေတာင္ပံကစားသမားေလးကို ရီးရဲလ္နဲ႔ ပီအက္စ္ဂ်ီတို႔က အစဥ္တစိုက္ေစာင့္ၾကည့္ခဲ့ေပမဲ့ အခုေတာ့ ဂြါဒီယိုလာရဲ႕မန္စီးတီးကအပိုင္သိမ္းဖို႔ျပင္ဆင္ေနၿပီလို႔ The Sun သတင္းစာကေဖာ္ ျပလိုက္ပါတယ္။

မန္စီးတီးပရိသတ္ေတြဟာ ေဂ်ာ္ဂ်ီယာဂႏၲဝင္ကစားသမားျဖစ္တဲ့ ေဂ်ာ္ဂ်ီကင္ကလာဇီကိုအထူးသေဘာက်ခဲ့သလို ကာရက္စကယ္လီယာကိုလည္း အီတီဟတ္မွာ သူ႔ရဲ႕လက္သစ္အျဖစ္တင္စားၿပီးေထာက္ခံေပးဖို႔အသင့္ရွိေနပါတယ္။

ေဂ်ာ္ဂ်ီကင္ကလာဇီဟာ ၁၉၀၀ျပည့္ႏွစ္ေနာက္ပိုင္းကာလေတြမွာ သူ႔ရဲ႕ပါရမီနဲ႔

မန္စီး တီးပရိသတ္ႏွလုံးသားကိုသိမ္းပိုက္ခဲ့သူျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ပထမဆုံးႏိုင္ငံျခား သားနံပါတ္ ၁၀ အျဖစ္ ပြဲေပါင္း ၁၂၂ပြဲ ကစားေပးခဲ့သူျဖစ္ပါတယ္။

အသက္ ၂၁ႏွစ္ အ႐ြယ္ ကာရက္စကယ္လီယာကေတာ့ ႐ူဘင္ကာဇန္ရဲ႕ၾကယ္ပြင့္တစ္ေယာက္ျဖစ္ခဲ့ ေပမဲ့ ယူကရိန္းက်ဴးေက်ာ္စစ္ေၾကာင့္ ႐ုရွားကလပ္နဲ႔စာခ်ဳပ္ဖ်က္သိမ္းၿပီး မိခင္ေျမ

ေဂ်ာ္ဂ်ီယာကလပ္ ဒိုင္နမိုဘာတူမီအသင္းမွာ လအနည္းငယ္ၾကာျပန္ကစားၿပီးတဲ့ ေနာက္ နာပိုလီကသူ႔ကို ေပါင္ ၁၀သန္းနဲ႔ေခၚယူခဲ့တာျဖစ္တယ္။

အသင္းနဲ႔အတူ ဒီရာသီမွာ ၇ဂိုးသြင္းၿပီးတဲ့ေနာက္ နာပိုလီဟာ ကာရက္စကယ္လီယာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အေျခအေနေကာင္းရွိၿပီး စာခ်ဳပ္ဖ်က္ေၾကး ေပါင္ ၆၅ သန်း ထည့္သြင္းဖို႔ရွိေနပါ တယ္။

ဒါေပမဲ့ ကာရက္စကယ္လီယာကိုယ္တိုင္က စာခ်ဳပ္သစ္လက္ခံရာမွာ နာပိုလီကေနထြက္ခြာဖို႔ခက္ခဲႏိုင္ေလာက္တဲ့ အေျခအေနမ်ိဳးကိုစဥ္းစားဖို႔မရွိဘူးလို႔ သတင္းထြက္ထားပါတယ္။

ဂြါဒီယိုလာလက္ေအာက္မွာ မန္စီးတီးက ၿပီးျပည့္စုံလုနီးပါး ျဖစ္ေနေပမဲ့ တိုက္စစ္ ၃ေယာက္တန္းမွာေနရာစုံကစားႏိုင္ၿပီး ပါရမီရင့္သန္တဲ့ ကာရက္စကယ္လီယာကို စာခ်ဳပ္ဖ်က္ေၾကးေပးၿပီးေခၚယူဖို႔ လက္တြန႔္တဲ့ပုံစံရွိမေနပါဘူး။