
စပိန်တင်းနစ်အကျော်အမော် ရာဖေးနာဒယ်လ်ကို
ပြည့်ရန်သူ(enemy of the state) လို့ပြောခဲ့တဲ့
ဘာစီလိုနာဖောင်ဒေး ရှင်းရဲ့ဒုတိယဥက္ကဌ ဖြစ်သူ အယ်လ်ဖွန်ဂေါ့ဒဲလ် ဟာ
သူ့ရာထူးကနေနုတ်ထွက်ပေးခဲ့ရတယ်လို့ သိရပါတယ်။
အသက် ၃၅ နှစ်ရှိတဲ့ နာဒယ်လ်ဟာ ပြီးခဲ့တဲ့လက
ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက်
အမျိုးသားတင်းနစ်သမား တွေထဲမှာ ဂရင်းဆလင်း(Grand Slams)
ချန်ပီယံဘွဲ့ကိုအကြိမ်အများဆုံးရယူနိုင်သူအဖြစ်
၂၁ ကြိမ်နဲ့ စံချိန်သစ်တင်ခဲ့သူ ဖြစ်ပါတယ်။
သူ့နောက်မှာတော့ ဆွစ်ဇာလန်နိုင်ငံသား ရော်ဂျာဖက်ဒါရာနဲ့
ဆားဘီးယားနိုင်ငံသား နိုဗက်ဂျိုကိုဗစ် တို့က
အကြိမ် ၂၀ စီနဲ့ရပ်တည်နေပါတယ်။
အခုလိုမျိုးစပိန်ဂုဏ်ဆောင်ဖြစ်နေပေမယ့် နာဒယ်လ်ဟာ
ရီးရဲလ်မက်ဒရစ်အသင်းကိုအားပေးတဲ့ အမာခံပရိသတ်ဖြစ်တဲ့အ တွက်
ဂေါ့ဒဲလ်ကဝေဖန်တိုက်ခိုက်ခဲ့ပြီး သူ့ဝေဖန်မှုထဲမှာ
”ပြည့်ရန်သူ” ဆိုတဲ့ စကားလုံးပါသွားခဲ့တာပါ။
ဂေါ့ဒဲလ်ရဲ့ဟာသူ့ စကားထဲမှာ စပိန်လက်ရွေးစင်အသင်း၊
ဖာရာရီကားပြိုင်ပွဲရဲ့ဂန္ထဝင်ဖြစ်တဲ့ ဖာနန်ဒိုအလွန်ဆို တို့ကိုပါ
တိုက်ခိုက်ခဲ့ပြီး နာဒယ်လ် ကိုဆိုရင် ‘Navidad’ လို့တောင်သုံးနှုန်းသွားခဲ့တာပါ။
‘Navidad’ ဆိုတာစပိန်စကားနဲ့ ခရစ္စမတ် ဖြစ်ပါတယ်။
ဂေါ့ဒဲလ်က တွစ်တာကနေ” ရာဖေးနာဗီဒက် ဟာ
ကျုပ်ကိုပြိုင်ပွဲပထမဆုံးနေ့ကတည်းက
စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ခဲ့တာပါ။
သူ့ကိုကျုပ်က စပိန်အသင်း၊ ရီးရဲလ်မက်ဒရစ်၊ အလွန်ဆို တို့နဲ့
တစ်အုပ်စုတည်းထားပြီး ပြည့်ရန်သူ တွေအဖြစ်
သတ်မှတ်ထား တာပါ” လို့ရေးသားခဲ့ပါတယ်။
ဒီလိုရေးသားခဲ့ပြီးနောက် ဘာစီလိုနာရဲ့ရင်းနှီးမြှပ်နှံသူတွေ၊
စပွန်ဆာတွေနဲ့ ပရိသတ်တွေက ဂေါ့ဒဲလ်ကိုမေးခွန်းထုတ်ကြပြီး နောက်
သူကဘာစီလိုနာဖောင်ဒေးရှင်းရဲ့ ဒုတိယဥက္ကဌအဖြစ်က
နုတ်ထွက်ကြောင်း ပို့စ်ထပ်တင်ခဲ့ပါတယ်။
ဒီပို့စ်ထဲမှာ သူ့မှတ်ချက်ကြောင့် ဘာစီလိုနာရဲ့ဂုဏ်ကိုထိခိုက်စေနိုင်တဲ့အတွက်
ရာထူးကနေနုတ်ထွက်လိုက်ပြီလို့ဖော်ပြသွားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဥက္ကဌ လာပေါ်တာ ကဂေါ့ဒဲလ်ဟာ
ဘယ်သူ့ကိုမှထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မရှိခဲ့ဘူးလို့
ယုံကြည့် ကြောင်းဆိုခဲ့ပါတယ်။
zawgyi
နာဒယ္လ္ကို တိုင္းျပည္ရဲ႕ရန္သူလို႔ ေဝဖန္တိုက္ခိုက္ခဲ့လို႔ ဘာစီလိုနာေဖာင္ေဒးရွင္း ဒု-ဥကၠဌ ႏုတ္ထြက္ခဲ့ရ
စပိန္တင္းနစ္အေက်ာ္အေမာ္ ရာေဖးနာဒယ္လ္ကို
ျပည့္ရန္သူ(enemy of the state) လို႔ေျပာခဲ့တဲ့
ဘာစီလိုနာေဖာင္ေဒး ရွင္းရဲ႕ဒုတိယဥကၠဌ ျဖစ္သူ အယ္လ္ဖြန္ေဂါ့ဒဲလ္ ဟာ
သူ႔ရာထူးကေနႏုတ္ထြက္ေပးခဲ့ရတယ္လို႔ သိရပါတယ္။
အသက္ ၃၅ ႏွစ္ရွိတဲ့ နာဒယ္လ္ဟာ ၿပီးခဲ့တဲ့လက
ဩစေၾတးလ်အိုးပင္း တင္းနစ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့ၿပီးေနာက္
အမ်ိဳးသားတင္းနစ္သမား ေတြထဲမွာ ဂရင္းဆလင္း(Grand Slams)
ခ်န္ပီယံဘြဲ႕ကိုအႀကိမ္အမ်ားဆုံးရယူႏိုင္သူအျဖစ္
၂၁ ႀကိမ္နဲ႔ စံခ်ိန္သစ္တင္ခဲ့သူ ျဖစ္ပါတယ္။
သူ႔ေနာက္မွာေတာ့ ဆြစ္ဇာလန္ႏိုင္ငံသား ေရာ္ဂ်ာဖက္ဒါရာနဲ႔
ဆားဘီးယားႏိုင္ငံသား ႏိုဗက္ဂ်ိဳကိုဗစ္ တို႔က
အႀကိမ္ ၂၀ စီနဲ႔ရပ္တည္ေနပါတယ္။
အခုလိုမ်ိဳးစပိန္ဂုဏ္ေဆာင္ျဖစ္ေနေပမယ့္ နာဒယ္လ္ဟာ
ရီးရဲလ္မက္ဒရစ္အသင္းကိုအားေပးတဲ့ အမာခံပရိသတ္ျဖစ္တဲ့အ တြက္
ေဂါ့ဒဲလ္ကေဝဖန္တိုက္ခိုက္ခဲ့ၿပီး သူ႔ေဝဖန္မႈထဲမွာ
”ျပည့္ရန္သူ” ဆိုတဲ့ စကားလုံးပါသြားခဲ့တာပါ။
ေဂါ့ဒဲလ္ရဲ႕ဟာသူ႔ စကားထဲမွာ စပိန္လက္ေ႐ြးစင္အသင္း၊
ဖာရာရီကားၿပိဳင္ပြဲရဲ႕ဂႏၴဝင္ျဖစ္တဲ့ ဖာနန္ဒိုအလြန္ဆို တို႔ကိုပါ
တိုက္ခိုက္ခဲ့ၿပီး နာဒယ္လ္ ကိုဆိုရင္ ‘Navidad’ လို႔ေတာင္သုံးႏႈန္းသြားခဲ့တာပါ။
‘Navidad’ ဆိုတာစပိန္စကားနဲ႔ ခရစၥမတ္ ျဖစ္ပါတယ္။
ေဂါ့ဒဲလ္က တြစ္တာကေန” ရာေဖးနာဗီဒက္ ဟာ
က်ဳပ္ကိုၿပိဳင္ပြဲပထမဆုံးေန႔ကတည္းက
စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္လုပ္ခဲ့တာပါ။
သူ႔ကိုက်ဳပ္က စပိန္အသင္း၊ ရီးရဲလ္မက္ဒရစ္၊ အလြန္ဆို တို႔နဲ႔
တစ္အုပ္စုတည္းထားၿပီး ျပည့္ရန္သူ ေတြအျဖစ္
သတ္မွတ္ထား တာပါ” လို႔ေရးသားခဲ့ပါတယ္။
ဒီလိုေရးသားခဲ့ၿပီးေနာက္ ဘာစီလိုနာရဲ႕ရင္းႏွီးျမႇပ္ႏွံသူေတြ၊
စပြန္ဆာေတြနဲ႔ ပရိသတ္ေတြက ေဂါ့ဒဲလ္ကိုေမးခြန္းထုတ္ၾကၿပီး ေနာက္
သူကဘာစီလိုနာေဖာင္ေဒးရွင္းရဲ႕ ဒုတိယဥကၠဌအျဖစ္က
ႏုတ္ထြက္ေၾကာင္း ပို႔စ္ထပ္တင္ခဲ့ပါတယ္။
ဒီပို႔စ္ထဲမွာ သူ႔မွတ္ခ်က္ေၾကာင့္ ဘာစီလိုနာရဲ႕ဂုဏ္ကိုထိခိုက္ေစႏိုင္တဲ့အတြက္
ရာထူးကေနႏုတ္ထြက္လိုက္ၿပီလို႔ေဖာ္ျပသြားခဲ့ပါတယ္။
ဘာစီလိုနာအသင္းဥကၠဌ လာေပၚတာ ကေဂါ့ဒဲလ္ဟာ
ဘယ္သူ႔ကိုမွထိခိုက္ေစလိုတဲ့ ရည္႐ြယ္ခ်က္မရွိခဲ့ဘူးလို႔
ယုံၾကည့္ ေၾကာင္းဆိုခဲ့ပါတယ္။