နာကျင်အချိန်ပို ၅ မိနစ်ပေးပေမယ့် ဘာကြောင့် ၉၇ မိနစ် သွင်းဂိုးကို ခွင့်ပြုလိုက်တာလဲ

လီဗာပူးလ်နဲ့ နယူးကာဆယ်ပွဲဂယက်က အခုထိပြင်းထန်နေဆဲပါ။

ကြိုးကြာနီတွေ ၂-၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲအပြီးမှာ နှစ်ဖက်အသင်းတာဝန်ရှိသူတွေ အချင်းများခဲ့ကြတယ်။

လီဗာပူးလ်နည်းပြအဖွဲ့ဝင် ဂျွန်အက်ရှ်တာဘာ့ဂ်က အမူအရာနဲ့လှောင်ပြောင်ခဲ့တယ်။

ငှက်ကျားတို့ရဲ့ကြံ့ခိုင်ရေးနည်းပြ ကွန်မေယာက ရေသန်းဘူးနဲ့ပစ်ပေါက်ခဲ့တယ်။

မာတစ်၊ နူနက်ဇ်၊ လင်ဒါ၊ ဖေဘီယန်ရှား စတဲ့ကစားသမားတွေလည်း ပါဝင်ပတ်သက်ခဲ့ကြတယ်။

အကျည်းတန်စွာနဲ့ အဆုံးသတ်သွားခဲ့ရတဲ့ဒီပွဲအကြောင်းဟာ ဆိုရှယ်မီဒီယာပေါ်မှာ တိုက်ပွဲဆက်ဖြစ်နေတာပါ။

အားလုံးရဲ့အဓိကတရားခံကတော့ ကာဗယ်လ်ဟိုရဲ့ အနိုင်ဂိုးကြောင့်ပါပဲ။

နာကျင်အချိန်ပို ၅ မိနစ်ပေးထားပေမယ့် ၉၇ မိနစ်ကျော်မှသွင်းတဲ့ဂိုးကို ဒိုင်လူကြီးမာရင်နာ ခွင့်ပြုခဲ့တာဟာ အငြင်းပွားစရာဖြစ်ခဲ့ရပါတယ်။

ဒါကြောင့် နယူးကာဆယ်ပရိသတ်တွေနဲ့ လီဗာပူးလ်ပရိသတ်တွေ ဆိုရှယ်မီဒီယာပေါ်မှာ ဆက်လက်တိုက်ပွဲဝင်နေကြတာပါ။

ဂိုးသမားနစ်ပုပ်အပါအဝင် နယူးကာဆယ်ကစားသမားတွေ မကြာခဏအချိန်ဆွဲခဲ့တာကြောင့်

ကွင်းလယ်ဒိုင်က နာကျင်အချိန်ပိုကို ထပ်ဆောင်းပေးခဲ့တာလို့ ကြိုးကြာနီပရိသတ်တွေဘက်က အကြောင်းပြတယ်။

ငှက်ကျားတွေကလည်း လိမ်လည်ခြင်းလို့ခေါင်းစဉ်တပ်ပြီး တွစ်ကုန်ကြတယ်။

အသင်းတစ်သင်း အချိန်ဆွဲရင် ဒိုင်လူကြီးက ချက်ချင်းအရေးယူရမယ်၊

အကြောင်းကိစ္စတစ်စုံတရာကြောင့် လေလွင့်ချိန်တွေကို လုံလောက်တဲ့နာကျင်အချိန်ပိုပေးထားပြီးသား၊

၅ မိနစ်ကျော်ပြီး ဂိုးသွင်းသွားတဲ့အထိ ခွင့်ပြုထားစရာ ဘာအကြောင်းမှ မရှိဘူးလို့ သူတို့က ယူဆထားတယ်။

ဒီထဲမှာ နယူးကာဆယ်ဂန္ထဝင်တိုက်စစ်မှူးဟောင်း အလန်ရှီးယားတောင်ပါသေးတယ်။

“ နာကျင်အချိန်ပို ၅ မိနစ်မှာ ၉၈ မိနစ်အရောက် ဂိုးသွင်းသွားတယ် ” လို့

Match of the Day ဘောလုံးပွဲဝေဖန်သူက တွစ်တာမှာရေးပြီး ပါးစပ်ပိတ်နေတဲ့အီမိုဂျီတောင် သုံးသွားခဲ့တာပါ။

zawgyi

နာက်င္အခ်ိန္ပို ၅ မိနစ္ေပးေပမယ့္ ဘာေၾကာင့္ ၉၇ မိနစ္ သြင္းဂိုးကို ခြင့္ျပဳလိုက္တာလဲ

လီဗာပူးလ္နဲ႔ နယူးကာဆယ္ပြဲဂယက္က အခုထိျပင္းထန္ေနဆဲပါ။

ႀကိဳးၾကာနီေတြ ၂-၁ ဂိုးနဲ႔အႏိုင္ရတဲ့ပြဲအၿပီးမွာ ႏွစ္ဖက္အသင္းတာဝန္ရွိသူေတြ အခ်င္းမ်ားခဲ့ၾကတယ္။

လီဗာပူးလ္နည္းျပအဖြဲ႕ဝင္ ဂြၽန္အက္ရွ္တာဘာ့ဂ္က အမူအရာနဲ႔ေလွာင္ေျပာင္ခဲ့တယ္။

ငွက္က်ားတို႔ရဲ႕ႀကံ့ခိုင္ေရးနည္းျပ ကြန္ေမယာက ေရသန္းဘူးနဲ႔ပစ္ေပါက္ခဲ့တယ္။

မာတစ္၊ ႏူနက္ဇ္၊ လင္ဒါ၊ ေဖဘီယန္ရွား စတဲ့ကစားသမားေတြလည္း ပါဝင္ပတ္သက္ခဲ့ၾကတယ္။

အက်ည္းတန္စြာနဲ႔ အဆုံးသတ္သြားခဲ့ရတဲ့ဒီပြဲအေၾကာင္းဟာ ဆိုရွယ္မီဒီယာေပၚမွာ တိုက္ပြဲဆက္ျဖစ္ေနတာပါ။

အားလုံးရဲ႕အဓိကတရားခံကေတာ့ ကာဗယ္လ္ဟိုရဲ႕ အႏိုင္ဂိုးေၾကာင့္ပါပဲ။

နာက်င္အခ်ိန္ပို ၅ မိနစ္ေပးထားေပမယ့္ ၉၇ မိနစ္ေက်ာ္မွသြင္းတဲ့ဂိုးကို ဒိုင္လူႀကီးမာရင္နာ ခြင့္ျပဳခဲ့တာဟာ အျငင္းပြားစရာျဖစ္ခဲ့ရပါတယ္။

ဒါေၾကာင့္ နယူးကာဆယ္ပရိသတ္ေတြနဲ႔ လီဗာပူးလ္ပရိသတ္ေတြ ဆိုရွယ္မီဒီယာေပၚမွာ ဆက္လက္တိုက္ပြဲဝင္ေနၾကတာပါ။

ဂိုးသမားနစ္ပုပ္အပါအဝင္ နယူးကာဆယ္ကစားသမားေတြ မၾကာခဏအခ်ိန္ဆြဲခဲ့တာေၾကာင့္

ကြင္းလယ္ဒိုင္က နာက်င္အခ်ိန္ပိုကို ထပ္ေဆာင္းေပးခဲ့တာလို႔ ႀကိဳးၾကာနီပရိသတ္ေတြဘက္က အေၾကာင္းျပတယ္။

ငွက္က်ားေတြကလည္း လိမ္လည္ျခင္းလို႔ေခါင္းစဥ္တပ္ၿပီး တြစ္ကုန္ၾကတယ္။

အသင္းတစ္သင္း အခ်ိန္ဆြဲရင္ ဒိုင္လူႀကီးက ခ်က္ခ်င္းအေရးယူရမယ္၊

အေၾကာင္းကိစၥတစ္စုံတရာေၾကာင့္ ေလလြင့္ခ်ိန္ေတြကို လုံေလာက္တဲ့နာက်င္အခ်ိန္ပိုေပးထားၿပီးသား၊

၅ မိနစ္ေက်ာ္ၿပီး ဂိုးသြင္းသြားတဲ့အထိ ခြင့္ျပဳထားစရာ ဘာအေၾကာင္းမွ မရွိဘူးလို႔ သူတို႔က ယူဆထားတယ္။

ဒီထဲမွာ နယူးကာဆယ္ဂႏၴဝင္တိုက္စစ္မႉးေဟာင္း အလန္ရွီးယားေတာင္ပါေသးတယ္။

“ နာက်င္အခ်ိန္ပို ၅ မိနစ္မွာ ၉၈ မိနစ္အေရာက္ ဂိုးသြင္းသြားတယ္ ” လို႔

Match of the Day ေဘာလုံးပြဲေဝဖန္သူက တြစ္တာမွာေရးၿပီး ပါးစပ္ပိတ္ေနတဲ့အီမိုဂ်ီေတာင္ သုံးသြားခဲ့တာပါ။