မော်ရိုကိုနောက်ခံလူအယ်လ်ယာမစ်ဟာ ပေါ်တူဂီကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာ
ထူးဆန်းတဲ့အပြုအမူတစ်ခုကိုလုပ်ပြခဲ့ပါတယ်။ တိုက်စစ်မှူးအန်နက်ဆရီရဲ့
တစ်လုံးတည်းသောဂိုးနဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို ပထမဆုံး
တက်ရောက်နိုင်တဲ့ အာဖရိကအသင်းဖြစ်လာဖို့အတွက် မော်ရိုကိုဟာ
ပေါ်တူဂီတိုက်စစ်ကိုပွဲချိန်တစ်လျှောက်လုံးခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရတာ
ဖြစ်တယ်။ နာကျင်အချိန်ပိုမိနစ်ထဲအရောက်မှာတော့ ပေါ်တူဂီ
နောက်ခံလူပီပီရဲ့ ခေါင်းတိုက်ချက်ဟာ ချေပဂိုးဖြစ်သွားဖို့နီးစပ်ခဲ့ပေမဲ့
ကံမကောင်းစွာနဲ့လွဲချော်ခဲ့ပါတယ်။ မော်ရိုကိုအတွက်တော့
ကံကောင်းခြင်းလို့ဆိုနိုင်ပြီး အယ်လ်ယာမစ်က လွဲချော်ခဲ့တဲ့
ပီပီရဲ့ကတုံးလေးကိုကိုင်ပြီး ထူးထူးဆန်းဆန်းအနမ်းပေးခဲ့တာကို
ကင်မရာတွေအမိဖမ်းနိုင်ခဲ့တာဖြစ်တယ်။ ဒါကိုမြင်ခဲ့တဲ့ ဆိုရှယ်
မီဒီယာပရိသတ်တွေကတော့အမြင်အမျိုးမျိုးနဲ့မှတ်ချက်ပေးခဲ့ပါတယ်။
“တကယ့်ဟာသပဲ။ မော်ရိုကိုသားတွေကတော့ လက်လွှတ်မခံခဲ့ဘူး” လို့
ပရိသတ်တစ်ယောက်က မှတ်ချက်ပေးခဲ့ပါတယ်။ ဒုတိယတစ်ယောက်ကတော့
“ဒါကိုကြည့်ပြီး အံကြိတ်ရယ်မောလိုက်တယ်” လို့ တွစ်တာမှာရေးသားခဲ့သလို
တတိယတစ်ယောက်က “ဒီကမ္ဘာ့ဖလားဟာ ရူးသွပ်သွားသလိုပဲ” လို့
တုံ့ပြန်ခဲ့ပါတယ်။ အခြားပရိသတ်တွေကတော့ “မော်ရိုကိုသားတွေ
ဘယ်လောက်လေးနက်တယ်ဆိုတာကို လက်ကျန်ကမ္ဘာမှာရှာဖွေတွေ့ရှိခဲ့ပြီ” ၊
“ဘောလုံးမှာ မြင်ဖူးသမျှအကောင်းဆုံးအရာတွေထဲက
တစ်ခုပါပဲ” လို့ အသီးသီးမှတ်ချက်ပေးခဲ့ကြပါတယ်။
zawgyi
နာကျင်အချိန်ပိုမှာ အခွင့်အရေးလွဲချော်ခဲ့တဲ့ ပီပီရဲ့ကတုံးလေးကို မော်ရိုကိုနောက်ခံလူက အနမ်းချွေခဲ့တယ်