နာကျင်စွာလမ်းခွဲလိုက်ပြီး ပြန်လည်လက်တွဲလာတဲ့ ရပ်ရှ်ဖို့ဒ်နဲ့ငယ်ချစ်

မန်ချက်စတာယူနိုက်တက်စတား မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာငယ်ချစ်နှင့်

နာကျင်စွာလမ်းခွဲလိုက်ပြီးရှစ်လခန့်အကြာမှာပဲပြန်လည်လက်တွဲလာပါတယ်။

ကစားသမားတစ်ယောက်အတွက် ကွင်းထဲမှာ ခြေစွမ်းမပြနိုင်ချိန်မှာ

ဝေဖန်မှုတွေနဲ့ရင်ဆိုင်ရတယ်ဆိုတာထူးဆန်းတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။

ဒါပေမယ့် ရပ်ရှ်ဖို့ဒ်က ခြေစွမ်းပျောက်ဆုံးနေခဲ့တာလဲ၊

ဘယ်လိုစိတ်ဖိစီးမှုတွေက သူ့ရဲ့ ကစားသမားဘဝကို

အကြီးအကျယ်နှောက်ယှက်နေခဲ့တာလဲဆိုတာကတော့

ယူနိုက်တက်ကစားသမားဖြစ်နေလို့ ပရိသတ်တွေက စိတ်ဝင်စားနေခဲ့ကြတာပါ။

လွန်ခဲ့တဲ့ (၈)လလောက်က မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာ

သူ့ရဲ့ငယ်ချစ် လူစီယာလွိုက်နဲ့ လမ်းခွဲလိုက်ချိန်ကစပြီး

စိတ်ဖိစီးမှုတွေစတင်လာခဲ့တယ်လို့ဆိုရမှာပါပဲ။

ဗြိတိန်မှာ ကိုဗစ်ကြောင့် လော့ဒ်ဒေါင်းချထားစဉ်မှာ

မားကပ်စ်ရပ်ရှ်ဖို့ဒ်နဲ့ လွိုက်တို့ဟာ သဘောထားမတိုက်ဆိုင်မှုတွေဖြစ်ခဲ့ကြပြီး

နှစ်ဦးသဘောတူ နာကျင်စွာလမ်းခွဲလိုက်ကြတာလည်းဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ရှစ်နှစ် အထက်တန်းကျောင်းသားဘဝကတည်းက

ချစ်ကြိုက်ခဲ့ကြသူတွေလည်း ဖြစ်သလို ကျောင်းသားဘဝမှာ ကတည်းက

တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိခဲ့ကြပြီး တစ်ယောက်လိုအပ်ချက်ကို

တစ်ယောက်က နားလည်မှုရှိစွာနဲ့ ဖြည့်စည်းပေးခဲ့ကြတဲ့ စုံတွဲလည်းဖြစ်ပါတယ်။

သူတို့နှစ်ယောက်အကြောင်းကို သိရှိထားတဲ့ မိတ်ဆွေ တစ်ဦးကလည်း

သူတို့နှစ်ယောက် ပြန်လည်အဆင်ပြေလာမှုအပေါ်မှာ ဝမ်းသာနေခဲ့သလို

သူတို့နှစ်ယောက်လမ်းခွဲနေခဲ့ချိန်တုန်းက စိတ်ခံစားချက်တွေကိုလည်း

ဖွင့်ဟပြောကြားခဲ့ပါတယ်။

“သူတို့ကပြန်လည်လက်တွဲဖို့အမြဲဆန္ဒရှိလာခဲ့ကြတာပါ။

လမ်းခွဲလိုက်မှုကသူတို့နှစ်ဦးရဲ့ချစ်ကြည်မှုအတွက်ပိုပြီးတော့ကောင်းလာစေခဲ့တာပေါ့။

သူတို့ကကျောင်းကတည်းကအတူရှိလာခဲ့ကြတယ်။

ခဏလမ်းခွဲလိုက်မှုကြောင့် အားလုံးအသက်ရှူနည်းနည်းချောင်ပြီး

ကိုယ့်အလုပ်ကိုအာရုံစိုက်လုပ်နိုင်ခဲ့ကြတယ်”လို့ပြောကြားသွားပါတယ်။

အသက်၂၄နှစ်ရှိပြီဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်နဲ့လူစီယာလွိုက်တို့ဟာ

ခရစ္စမတ်မတိုင်မီကာလကတည်းက ပြန်လည်လက်တွဲနေလာခဲ့ကြတယ်လို့

သတင်းတွေမှာ ဖော်ပြခဲ့ကြသလို

လွိုက်ကို ပြီးခဲ့တဲ့ တစ်ပတ်က ဝုဗ်ကို ၁-ဝဂိုးနဲ့ ယူနိုက်တက်ကရှုံးနိမ့်တဲ့ပွဲအပြီးမှာ

ရပ်ရှ်ဖို့ဒ်ရဲ့ကားပေါ်မှာတွေ့ခဲ့ရပါတယ်။

ဒါ့အပြင်လွိုက်ဟာ ကားတစ်စီးပေါ်မှာ

သူမရဲ့ဖိနပ်ကို တက်တူးပါလက်တစ်ချောင်းတင်ထားတဲ့ဓာတ်ပုံကိုလည်း

အင်စတာဂရမ်မှာတင်ထားပါတယ်။

zawgyi

နာက်င္စြာလမ္းခြဲလိုက္ၿပီး ျပန္လည္လက္တြဲလာတဲ့ ရပ္ရွ္ဖို႔ဒ္နဲ႔ငယ္ခ်စ္

မန္ခ်က္စတာယူႏိုက္တက္စတား မားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာငယ္ခ်စ္ႏွင့္

နာက်င္စြာလမ္းခြဲလိုက္ၿပီးရွစ္လခန႔္အၾကာမွာပဲျပန္လည္လက္တြဲလာပါတယ္။

ကစားသမားတစ္ေယာက္အတြက္ ကြင္းထဲမွာ ေျခစြမ္းမျပႏိုင္ခ်ိန္မွာ

ေဝဖန္မႈေတြနဲ႔ရင္ဆိုင္ရတယ္ဆိုတာထူးဆန္းတဲ့ကိစၥတစ္ခုမဟုတ္ပါဘူး။

ဒါေပမယ့္ ရပ္ရွ္ဖို႔ဒ္က ေျခစြမ္းေပ်ာက္ဆုံးေနခဲ့တာလဲ၊

ဘယ္လိုစိတ္ဖိစီးမႈေတြက သူ႔ရဲ႕ ကစားသမားဘဝကို

အႀကီးအက်ယ္ေႏွာက္ယွက္ေနခဲ့တာလဲဆိုတာကေတာ့

ယူႏိုက္တက္ကစားသမားျဖစ္ေနလို႔ ပရိသတ္ေတြက စိတ္ဝင္စားေနခဲ့ၾကတာပါ။

လြန္ခဲ့တဲ့ (၈)လေလာက္က မားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာ

သူ႔ရဲ႕ငယ္ခ်စ္ လူစီယာလြိဳက္နဲ႔ လမ္းခြဲလိုက္ခ်ိန္ကစၿပီး

စိတ္ဖိစီးမႈေတြစတင္လာခဲ့တယ္လို႔ဆိုရမွာပါပဲ။

ၿဗိတိန္မွာ ကိုဗစ္ေၾကာင့္ ေလာ့ဒ္ေဒါင္းခ်ထားစဥ္မွာ

မားကပ္စ္ရပ္ရွ္ဖို႔ဒ္နဲ႔ လြိဳက္တို႔ဟာ သေဘာထားမတိုက္ဆိုင္မႈေတြျဖစ္ခဲ့ၾကၿပီး

ႏွစ္ဦးသေဘာတူ နာက်င္စြာလမ္းခြဲလိုက္ၾကတာလည္းျဖစ္ပါတယ္။

သူတို႔ႏွစ္ဦးဟာ လြန္ခဲ့တဲ့ရွစ္ႏွစ္ အထက္တန္းေက်ာင္းသားဘဝကတည္းက

ခ်စ္ႀကိဳက္ခဲ့ၾကသူေတြလည္း ျဖစ္သလို ေက်ာင္းသားဘဝမွာ ကတည္းက

တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈရွိခဲ့ၾကၿပီး တစ္ေယာက္လိုအပ္ခ်က္ကို

တစ္ေယာက္က နားလည္မႈရွိစြာနဲ႔ ျဖည့္စည္းေပးခဲ့ၾကတဲ့ စုံတြဲလည္းျဖစ္ပါတယ္။

သူတို႔ႏွစ္ေယာက္အေၾကာင္းကို သိရွိထားတဲ့ မိတ္ေဆြ တစ္ဦးကလည္း

သူတို႔ႏွစ္ေယာက္ ျပန္လည္အဆင္ေျပလာမႈအေပၚမွာ ဝမ္းသာေနခဲ့သလို

သူတို႔ႏွစ္ေယာက္လမ္းခြဲေနခဲ့ခ်ိန္တုန္းက စိတ္ခံစားခ်က္ေတြကိုလည္း

ဖြင့္ဟေျပာၾကားခဲ့ပါတယ္။

“သူတို႔ကျပန္လည္လက္တြဲဖို႔အၿမဲဆႏၵရွိလာခဲ့ၾကတာပါ။

လမ္းခြဲလိုက္မႈကသူတို႔ႏွစ္ဦးရဲ႕ခ်စ္ၾကည္မႈအတြက္ပိုၿပီးေတာ့ေကာင္းလာေစခဲ့တာေပါ့။

သူတို႔ကေက်ာင္းကတည္းကအတူရွိလာခဲ့ၾကတယ္။

ခဏလမ္းခြဲလိုက္မႈေၾကာင့္ အားလုံးအသက္ရႉနည္းနည္းေခ်ာင္ၿပီး

ကိုယ့္အလုပ္ကိုအာ႐ုံစိုက္လုပ္ႏိုင္ခဲ့ၾကတယ္”လို႔ေျပာၾကားသြားပါတယ္။

အသက္၂၄ႏွစ္ရွိၿပီျဖစ္တဲ့ ရပ္ရွ္ဖို႔ဒ္နဲ႔လူစီယာလြိဳက္တို႔ဟာ

ခရစၥမတ္မတိုင္မီကာလကတည္းက ျပန္လည္လက္တြဲေနလာခဲ့ၾကတယ္လို႔

သတင္းေတြမွာ ေဖာ္ျပခဲ့ၾကသလို

လြိဳက္ကို ၿပီးခဲ့တဲ့ တစ္ပတ္က ဝုဗ္ကို ၁-ဝဂိုးနဲ႔ ယူႏိုက္တက္ကရႈံးနိမ့္တဲ့ပြဲအၿပီးမွာ

ရပ္ရွ္ဖို႔ဒ္ရဲ႕ကားေပၚမွာေတြ႕ခဲ့ရပါတယ္။

ဒါ့အျပင္လြိဳက္ဟာ ကားတစ္စီးေပၚမွာ

သူမရဲ႕ဖိနပ္ကို တက္တူးပါလက္တစ္ေခ်ာင္းတင္ထားတဲ့ဓာတ္ပုံကိုလည္း

အင္စတာဂရမ္မွာတင္ထားပါတယ္။