ဥရောပထိပ်သီးနယ်သာလန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ်
မွန်တီနီဂရိုးနဲ့ကစားခဲ့တဲ့ပွဲမှာ ဦးဆောင်ဂိုးတွေသွင်းယူခဲ့ပေမယ့် ပွဲပြီးခါနီ
(၁၀)မိနစ်အတွင်း ချေပဂိုးတွေပြန်ပေးခဲ့ရလို့ (၂-၂)ဂိုးစီသရေကျခဲ့တာကြောင့်
ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်ဆက် ခြေစစ်ပွဲမအောင်မယ့်အခြေအနေဆိုးနဲ့
ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ နယ်သာလန်အသင်းအတွက်ဂိုးတွေကို ဒီပိုင်းက
(၂၅)မိနစ်မှာ ပယ်နယ်တီ၊ (၅၄)မိနစ်တွေမှာသွင်းယူခဲ့တာဖြစ်ပြီး
အိမ်ရှင်အသင်းအတွက် (၈၂)မိနစ်မှာ ဗူကိုတစ်၊ (၄)မိနစ်အကြာမှာပဲ ဗူနိုဗစ်တို့က
ချေပဂိုးတွေပြန်သွင်းခဲ့တာပါ။ မွန်တီနီဂရိုးအသင်းဟာ ခြေစစ်ပွဲအုပ်စုအဆင့်က
ထွက်ဖို့သေချာသွားပြီဖြစ်ပေမယ့် နယ်သာလန်အသင်းကို အကောင်းဆုံး
တုံ့ပြန်ကစားခဲ့ပြီး သရေတစ်မှတ်စီခွဲယူခဲ့တာကြောင့် အခုဆိုရင် နယ်သာလန်အသင်း
ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ နောက်ဆုံးပွဲမှာ အသည်းအသန်
ကစားရတော့မှာဖြစ်ပါတယ်။
အခုလောလောဆယ် အုပ်စုတွင်းမှာ
နယ်သာလန်အသင်းက (၂၀)မှတ်၊ တူရကီနဲ့နော်ဝေအသင်းတို့က (၁၈)မှတ်စီနဲ့
ဒုတိယ၊ တတိယနေရာတွေမှာရပ်တည်နေပြီး တိုက်ရိုက်ခြေစစ်ပွဲ
အောင်မြင်ဖို့အတွက် (၃)သင်းစလုံးမှာ မျှော်လင့်ချက်ရှိနေဆဲပါပဲ။
အုပ်စုနောက်ဆုံးပွဲမှာ နယ်သာလန်အသင်းက အိမ်ကွင်းမှာ နော်ဝေကို
လက်ခံကစားရမှာဖြစ်ပြီး တူရကီအသင်းကတော့ နယ်သာလန်ကို ဒုက္ခပေးခဲ့တဲ့
မွန်တီနီဂရိုးနဲ့အဝေးကွင်းပွဲကစားရမှာပါ။ နယ်သာလန်အသင်းအနေနဲ့ တူရကီ၊
နော်ဝေအသင်းတို့ကို (၂)မှတ်ဖြတ်ထားသလို ဂိုးကွာခြားချက်အသာရနေပေမယ့်
အိမ်ကွင်းနောက်ဆုံးပွဲမှာ အမှားလုပ်လို့မရဘဲ တကယ်လို့ နော်ဝေကိုရှုံးပြီး
တူရကီက မွန်တီနီဂရိုးကို အနိုင်ရခဲ့ရင် နယ်သာလန် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့
လွဲချော်မှာပဲဖြစ်ပါတယ်။
အဲဒါကြောင့် ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက
တတိယနေရာရရှိအောင်စွမ်းဆောင်ခဲ့တဲ့ ၀ါရင့်နည်းပြကြီးဗန်ဟားလ်အနေနဲ့
သူ့လက်ထက်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲမအောင်မြင်တဲ့မှတ်တမ်းဆိုး
မပိုင်ဆိုင်ရစေဖို့ ကြိုးပမ်းရမှာပါ။ နယ်သာလန်အသင်းဟာ
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ခြေစစ်ပွဲမအောင်မြင်ခဲ့ဘဲ
အသင်းသမိုင်းတစ်လျှောက် ၁၉၈၂၊ ၁၉၈၆ တွေမှာ ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်ဆက်
ခြေစစ်ပွဲမအောင်ခဲ့ဖူးတဲ့ မှတ်တမ်းဆိုးလည်းရှိနေပါသေးတယ်။
zawgyi
နယ်သာလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်ဆက် ခြေစစ်ပွဲမအောင်မယ့်အခြေအနေဆိုးနဲ့ရင်ဆိုင်နေရ
း(၁၀)မိနစ်အတွင်း ချေပဂိုးတွေပြန်ပေးခဲ့ရလို့ (၂-၂)ဂိုးစီသရေကျခဲ့တာကြောင့်