နယူးကာဆယ်အသင်းရဲ့လစ်လပ်နေတဲ့ နည်းပြနေရာအတွက် လျှာထားတဲ့ စာရင်းထဲမှာ ပါဝင်လာခဲ့တဲ့ ဂျွန်တယ်ရီနဲ့လမ်းပတ်

ချဲလ်ဆီး ဂန္ထဝင်ကစားသမား ဂျွန်တယ်ရီဟာလည်း နယူးကာဆယ်အသင်း ရဲ့

လစ်လပ်နေတဲ့ နည်းပြနေရာအတွက် လျှာထားတဲ့ စာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။

ချဲလ်ဆီးကနေ အထုတ်ခံရပြီးကတည်းက နားနေ တဲ့ လမ်းပတ် ကလည်း

ရှိတ်မန်ဆာတို့ရဲ့ စာရင်းမှာ ကနဦးထဲက ပါဝင်ခဲ့ပါတယ်။

ဂျွန်တယ်ရီကတော့ နည်းပြချုပ်အတွေ့အကြုံမရှိပေမယ့် ဗီလာနည်းပြ

ဒင်းစမစ်ရဲ့လက်ထောက်အဖြစ် ၃နှစ်ကြာတာဝန်ယူခဲ့ပြီး ပြီးခဲ့တဲ့ဇူလိုင်ကမှ

လမ်းခွဲခဲ့တာဖြစ်ပါတယ်။ လမ်းပတ် ကတော့ ဒါဘီ၊ ချဲလ်ဆီးတို့မှာ နည်းပြ

အတွေ့ အကြုံရှိထားခဲ့သလို ကောင်းမွန်တဲ့ မှတ်တမ်းအချို့လည်းပိုင်ဆိုင်ထားသူပါ။

ပေါင်သန်း ၃၀၀နဲ နယူးကာဆယ်ကို ဝယ်ယူခဲ့တဲ့ ဆော်ဒီ ပိုင်ရှင်သစ်တွေဟာ

စတိဗ်ဘရုစ်ကို ထုတ်ပယ်ပြီးကတည်းက နည်းပြသစ်တစ်ဦး အစားထိုးနိုင်ဖို့

ကြိုးစားခဲ့ပေမယ့် လက်ရှိအချိန်ထိ ခန့်အပ်နိုင်ခြင်း မရှိသေးပဲ အသင်းရဲ့

လက်ထောက်နည်းပြ ဂရေမီဂျုံးစ်က ယာယီနည်းပြအဖြစ်တာဝန်ယူထားခဲ့ပါတယ်။

ဒါပေမယ့် သူနည်းပြအဖြစ် ကိုင်ခဲ့တဲ့ ပရီမီးယားလိဂ် ၂ပွဲဟာလည်း ရမှတ်

(၁)မှတ်သာရရှိထားပါတယ်။ ပွဲစဉ် (၁၀) ပွဲပြီးဆုံးချိန်မှာ အဆင့် (၁၉) မှာ

ရပ်တည်နေပြီး ဒီရာသီနိုင်ပွဲမရှိ ၄မှတ်သာရသေးတာကြောင့်

နယူးကာဆယ်အသင်းဟာ အရည်အချင်းရှိတဲ့နည်းပြ တစ်ဦးခန့်အပ်ဖို့

အလျင်အမြန်လိုအပ်နေတာလည်း ဖြစ်ပါတယ်။

အသင်းကို မိုက်အက်ရှလေ ဆီကနေ လွှဲပြောင်းရယူပြီးချိန်က

လာမယ့်ရာသီတွေမှာ အသင်းဟာဆုဖလားတွေရယူဖို့ ရည်မှန်းထားတယ်လို့ဆိုခဲ့ ပေမယ့်

လက်ရှိ အရေးတကြီးလုပ်ရမှာက ရာသီအကုန်မှာ တန်းမဆင်းရဘို့ကို အဓိကထားရမှာပါပဲ။

The Sunသတင်းစာကတော့ အသင်းကိုကိုင်ဖို့စိတ်ဝင်စားတဲ့နည်းပြတွေကို

အင်တာဗျူးနေမှုဟာ ဒီတစ်ပတ်အတွင်းအဆုံးသတ်တော့မှာမို့ နိုဝင်ဘာ

နိုင်ငံတကာပွဲတွေမတိုင်မီ လာမယ့်အပတ်အတွင်းနည်းပြသစ်ခန့်အပ်နိုင်ဖို့

ပိုင်ရှင်သစ်တွေကမျှော်လင့်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

နယူးကာဆယ်ဟာ ဘယ်လ်ဂျီယံနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်၊

ဒေါ့မွန်နည်းပြဟောင်း လူစီယန်ဖက်ဗရီ၊ ရိုးမားနည်းပြဟောင်း ပေါ်လိုဖွန်ဆီကာ၊

အေဂျက်ဇ်နည်းပြ အဲရစ်တန်ဟတ်တို့ကိုချဉ်းကပ်ခဲ့ပေမယ့် အဆင်ပြေခဲ့ခြင်းမရှိပါဘူး။

အဲရစ်တန်ဟတ်ကဆိုရင် ပရီးမီးယားလိဂ်မှာ ဂွါဒီယိုလာနဲ့ ကလော့ပ်ပြီးရင်

လစာအများဆုံးရသူဖြစ်လာဖို့ရှိပေမယ့်တန်းမဆင်းရဖို့ရုန်းကန်နေရတဲ့အသင်းကို

မကိုင်ချင်ဘူးဆိုပြီးငြင်းပယ်ထားပါတယ်။

zawgyi

နယူးကာဆယ္အသင္းရဲ႕လစ္လပ္ေနတဲ့ နည္းျပေနရာအတြက္ လွ်ာထားတဲ့ စာရင္းထဲမွာ ပါဝင္လာခဲ့တဲ့ ဂြၽန္တယ္ရီနဲ႔လမ္းပတ္

ခ်ဲလ္ဆီး ဂႏၴဝင္ကစားသမား ဂြၽန္တယ္ရီဟာလည္း နယူးကာဆယ္အသင္း ရဲ႕

လစ္လပ္ေနတဲ့ နည္းျပေနရာအတြက္ လွ်ာထားတဲ့ စာရင္းထဲမွာ ပါဝင္လာခဲ့ပါတယ္။

ခ်ဲလ္ဆီးကေန အထုတ္ခံရၿပီးကတည္းက နားေန တဲ့ လမ္းပတ္ ကလည္း

ရွိတ္မန္ဆာတို႔ရဲ႕ စာရင္းမွာ ကနဦးထဲက ပါဝင္ခဲ့ပါတယ္။

ဂြၽန္တယ္ရီကေတာ့ နည္းျပခ်ဳပ္အေတြ႕အႀကဳံမရွိေပမယ့္ ဗီလာနည္းျပ

ဒင္းစမစ္ရဲ႕လက္ေထာက္အျဖစ္ ၃ႏွစ္ၾကာတာဝန္ယူခဲ့ၿပီး ၿပီးခဲ့တဲ့ဇူလိုင္ကမွ

လမ္းခြဲခဲ့တာျဖစ္ပါတယ္။ လမ္းပတ္ ကေတာ့ ဒါဘီ၊ ခ်ဲလ္ဆီးတို႔မွာ နည္းျပ

အေတြ႕ အႀကဳံရွိထားခဲ့သလို ေကာင္းမြန္တဲ့ မွတ္တမ္းအခ်ိဳ႕လည္းပိုင္ဆိုင္ထားသူပါ။

ေပါင္သန္း ၃၀၀နဲ နယူးကာဆယ္ကို ဝယ္ယူခဲ့တဲ့ ေဆာ္ဒီ ပိုင္ရွင္သစ္ေတြဟာ

စတိဗ္ဘ႐ုစ္ကို ထုတ္ပယ္ၿပီးကတည္းက နည္းျပသစ္တစ္ဦး အစားထိုးႏိုင္ဖို႔

ႀကိဳးစားခဲ့ေပမယ့္ လက္ရွိအခ်ိန္ထိ ခန႔္အပ္ႏိုင္ျခင္း မရွိေသးပဲ အသင္းရဲ႕

လက္ေထာက္နည္းျပ ဂေရမီဂ်ဳံးစ္က ယာယီနည္းျပအျဖစ္တာဝန္ယူထားခဲ့ပါတယ္။

ဒါေပမယ့္ သူနည္းျပအျဖစ္ ကိုင္ခဲ့တဲ့ ပရီမီးယားလိဂ္ ၂ပြဲဟာလည္း ရမွတ္

(၁)မွတ္သာရရွိထားပါတယ္။ ပြဲစဥ္ (၁၀) ပြဲၿပီးဆုံးခ်ိန္မွာ အဆင့္ (၁၉) မွ

ာရပ္တည္ေနၿပီး ဒီရာသီႏိုင္ပြဲမရွိ ၄မွတ္သာရေသးတာေၾကာင့္

နယူးကာဆယ္အသင္းဟာ အရည္အခ်င္းရွိတဲ့နည္းျပ တစ္ဦးခန႔္အပ္ဖို႔

အလ်င္အျမန္လိုအပ္ေနတာလည္း ျဖစ္ပါတယ္။

အသင္းကို မိုက္အက္ရွေလ ဆီကေန လႊဲေျပာင္းရယူၿပီးခ်ိန္က

လာမယ့္ရာသီေတြမွာ အသင္းဟာဆုဖလားေတြရယူဖို႔ ရည္မွန္းထားတယ္လို႔ဆိုခဲ့ ေပမယ့္

လက္ရွိ အေရးတႀကီးလုပ္ရမွာက ရာသီအကုန္မွာ တန္းမဆင္းရဘို႔ကို အဓိကထားရမွာပါပဲ။

The Sunသတင္းစာကေတာ့ အသင္းကိုကိုင္ဖို႔စိတ္ဝင္စားတဲ့နည္းျပေတြကို

အင္တာဗ်ဴးေနမႈဟာ ဒီတစ္ပတ္အတြင္းအဆုံးသတ္ေတာ့မွာမို႔ ႏိုဝင္ဘာ

ႏိုင္ငံတကာပြဲေတြမတိုင္မီ လာမယ့္အပတ္အတြင္းနည္းျပသစ္ခန႔္အပ္ႏိုင္ဖို႔

ပိုင္ရွင္သစ္ေတြကေမွ်ာ္လင့္ထားတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

နယူးကာဆယ္ဟာ ဘယ္လ္ဂ်ီယံနည္းျပ ေရာ္ဘတ္တိုမာတီနက္ဇ္၊

ေဒါ့မြန္နည္းျပေဟာင္း လူစီယန္ဖက္ဗရီ၊ ႐ိုးမားနည္းျပေဟာင္း ေပၚလိုဖြန္ဆီကာ၊

ေအဂ်က္ဇ္နည္းျပ အဲရစ္တန္ဟတ္တို႔ကိုခ်ဥ္းကပ္ခဲ့ေပမယ့္ အဆင္ေျပခဲ့ျခင္းမရွိပါဘူး။

အဲရစ္တန္ဟတ္ကဆိုရင္ ပရီးမီးယားလိဂ္မွာ ဂြါဒီယိုလာနဲ႔ ကေလာ့ပ္ၿပီးရင္

လစာအမ်ားဆုံးရသူျဖစ္လာဖို႔ရွိေပမယ့္တန္းမဆင္းရဖို႔႐ုန္းကန္ေနရတဲ့အသင္းကို

မကိုင္ခ်င္ဘူးဆိုၿပီးျငင္းပယ္ထားပါတယ္။