
နယူးကာဆယ်အသင်းပိုင်ရှင်သစ်တွေဟာ လမ်းပတ် ဒါမှမဟုတ် ဖာဗရီကို
နည်းပြသစ်ခန့်ဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်နေပြီး တစ်ဖက်မှာ
လက်ရှိနည်းပြစတိဗ်ဘရုစ်ဟာလည်း အထုတ်ခံရတော့မှာပါ။
နယူးကာဆယ်ကို ပြီးခဲ့တဲ့အပတ်မှာ ဆော်ဒီဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့က
ပေါင် ၃၀၅ သန်းနဲ့ဝယ်ယူခဲ့တာဖြစ်ပြီး ပိုင်ရှင်သစ်တွေဟာ နည်းပြသစ်ခန့်ဖို့
ရည်ရွယ်ထားတာကြောင့် စတိဗ်ဘရုစ်ရဲ့နေ့ရက်တွေဟာ ရေတွက်ရတော့မှာပါ။
အင်္ဂလန်သတင်းစာတစ်စောင်ဖြစ်တဲ့ The Telegraph ရဲ့ဖော်ပြချက်အရ
သူတို့ဟာ ချဲလ်ဆီးနည်းပြဟောင်းနဲ့ ဒေါ့မန်နည်းပြဟောင်းကို ခန့်အပ်ဖို့
စဉ်းစားနေတယ်လို့ သိရပါတယ်။ လက်ရှိအသင်းနည်းပြစတိဗ်ဘရုစ်ကတော့
တနင်္ဂနွေကစားမယ့် စပါးနဲ့အိမ်ကွင်းမတိုင်ခင်ဖြစ်တဲ့ လာမယ့် ၄၈ နာရီအတွင်းမှာ
ထုတ်ပယ်ခံရမယ်လို့ မျှော်လင့်ရပါတယ်။
နယူးကာဆယ်ဟာ အခုချိန်ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၁၉ နေရာကို
ရောက်ရှိနေပြီး သူတို့ရဲ့အဖွင့် ၇ ပွဲမှာ နိုင်ပွဲမရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ဝုဗ်ကို ၂-၁ နဲ့
ရှုံးနိမ့်ခဲ့တဲ့အဝေးကွင်းမှာ နည်းပြစတိဗ်ဘရုစ်ရဲ့နောက်ဆုံးပွဲဖြစ်လာနိုင်ပါတယ်။
နယူးကာဆယ်စိတ်ဝင်စားနေတဲ့နည်းပြတစ်ယောက်ဖြစ်တဲ့ လမ်းပတ်ဟာ
ပြီးခဲ့တဲ့ဇန်နဝါရီမှာ ချဲလ်ဆီးကနေ ထုတ်ပယ်ခံခဲ့ရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေတာပါ။
၆၃ နှစ်အရွယ် ဖာဗရီကတော့ ပြီးခဲ့တဲ့ရာသီကုန်မှာ ဒေါ့မန်ကနေ
ထုတ်ပယ်ခံရထားရသူဖြစ်ပြီး လွန်ခဲ့တဲ့နွေတုန်းကတော့ ပဲလေ့စ်နည်းပြရာထူးကို
ပယ်ချထားသူလည်း ဖြစ်ပါတယ်။ နယူးကာဆယ်ဟာ တခြားသောနာမည်ကြီး
နည်းပြတွေနဲ့လည်း သတင်းထွက်နေပါတယ်။ ဒါ့အပြင် နယူးကာဆယ်ဟာ နည်းပြ
အပြောင်းအလဲနဲ့အတူ လမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အရည်အသွေးမြင့်
ကစားသမားတွေ ခေါ်ယူသွားဖို့ ရည်ရွယ်ထားပါတယ်။
zawgyi
နယူးကာဆယ္အသင္းပိုင္ရွင္သစ္ေတြဟာ လမ္းပတ္ ဒါမွမဟုတ္ ဖာဗရီကို နည္းျပသစ္ခန႔္ဖို႔ စိတ္ဝင္စားေန
နယူးကာဆယ္အသင္းပိုင္ရွင္သစ္ေတြဟာ လမ္းပတ္ ဒါမွမဟုတ္ ဖာဗရီကို
နည္းျပသစ္ခန႔္ဖို႔ စိတ္ဝင္စားေနေၾကာင္း သတင္းထြက္ေနၿပီး တစ္ဖက္မွာ
လက္ရွိနည္းျပစတိဗ္ဘ႐ုစ္ဟာလည္း အထုတ္ခံရေတာ့မွာပါ။
နယူးကာဆယ္ကို ၿပီးခဲ့တဲ့အပတ္မွာ ေဆာ္ဒီဦးေဆာင္တဲ့အဖြဲ႕တစ္ဖြဲ႕က
ေပါင္ ၃၀၅ သန္းနဲ႔ဝယ္ယူခဲ့တာျဖစ္ၿပီး ပိုင္ရွင္သစ္ေတြဟာ နည္းျပသစ္ခန႔္ဖို႔
ရည္႐ြယ္ထားတာေၾကာင့္ စတိဗ္ဘ႐ုစ္ရဲ႕ေန႔ရက္ေတြဟာ ေရတြက္ရေတာ့မွာပါ။
အဂၤလန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ The Telegraph ရဲ႕ေဖာ္ျပခ်က္အရ
သူတို႔ဟာ ခ်ဲလ္ဆီးနည္းျပေဟာင္းနဲ႔ ေဒါ့မန္နည္းျပေဟာင္းကို ခန႔္အပ္ဖို႔
စဥ္းစားေနတယ္လို႔ သိရပါတယ္။ လက္ရွိအသင္းနည္းျပစတိဗ္ဘ႐ုစ္ကေတာ့
တနဂၤေႏြကစားမယ့္ စပါးနဲ႔အိမ္ကြင္းမတိုင္ခင္ျဖစ္တဲ့ လာမယ့္ ၄၈ နာရီအတြင္းမွာ
ထုတ္ပယ္ခံရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
နယူးကာဆယ္ဟာ အခုခ်ိန္ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္ ၁၉ ေနရာကို
ေရာက္ရွိေနၿပီး သူတို႔ရဲ႕အဖြင့္ ၇ ပြဲမွာ ႏိုင္ပြဲမရွိခဲ့ပါဘူး။ ဒါေၾကာင့္လည္း ဝုဗ္ကို ၂-၁ နဲ႔
ရႈံးနိမ့္ခဲ့တဲ့အေဝးကြင္းမွာ နည္းျပစတိဗ္ဘ႐ုစ္ရဲ႕ေနာက္ဆုံးပြဲျဖစ္လာႏိုင္ပါတယ္။
နယူးကာဆယ္စိတ္ဝင္စားေနတဲ့နည္းျပတစ္ေယာက္ျဖစ္တဲ့ လမ္းပတ္ဟာ
ၿပီးခဲ့တဲ့ဇန္နဝါရီမွာ ခ်ဲလ္ဆီးကေန ထုတ္ပယ္ခံခဲ့ရၿပီးကတည္းက အသင္းလက္မဲ့ျဖစ္ေနတာပါ။
၆၃ ႏွစ္အ႐ြယ္ ဖာဗရီကေတာ့ ၿပီးခဲ့တဲ့ရာသီကုန္မွာ ေဒါ့မန္ကေန
ထုတ္ပယ္ခံရထားရသူျဖစ္ၿပီး လြန္ခဲ့တဲ့ေႏြတုန္းကေတာ့ ပဲေလ့စ္နည္းျပရာထူးကို
ပယ္ခ်ထားသူလည္း ျဖစ္ပါတယ္။ နယူးကာဆယ္ဟာ တျခားေသာနာမည္ႀကီး
နည္းျပေတြနဲ႔လည္း သတင္းထြက္ေနပါတယ္။ ဒါ့အျပင္ နယူးကာဆယ္ဟာ နည္းျပ
အေျပာင္းအလဲနဲ႔အတူ လမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ အရည္အေသြးျမင့္
ကစားသမားေတြ ေခၚယူသြားဖို႔ ရည္႐ြယ္ထားပါတယ္။