နယူးကာဆယ်အသင်းဆိုတာ အင်္ဂလန်ကလပ်အသင်းလေ။ အဲ့တော့ အင်္ဂလန်လူငယ်ကစားသမားတွေကိုပဲ အဓိကအနေနဲ့ ခေါ်ယူစေချင်ပါတယ် – ဖာဒီနန်

အင်္ဂလန်နောက်ခံလူဟောင်း ရီယို ဖာဒီနန် က ဆော်ဒီဘီလျံနာတွေရဲ့

လက်အောက်ကိုရောက်သွားတဲ့ နယူးကာဆယ်အသင်း ခေါ်ယူသင့်တဲ့

ကစားသမားတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အခုချိန်မှာတော့

နေ့ချင်းညချင်းဆိုသလို ပြောင်းလဲသွားခဲ့တဲ့ နယူးကာဆယ်အသင်းဟာ

ကစားသမားများစွာနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေပါတယ်။

အဲဒီလို နယူးကာဆယ်အသင်းနဲ့ သတင်းထွက်နေတဲ့ ကစားသမားတွေထဲမှာ

အမ်ဘာပေ တို့လို ကမ္ဘာ့အဆင့်ကစားသမားတွေပါဝင်သလို ကော်တင်ဟို ၊

မာရှယ် တို့လို ခြေစွမ်းအကျဖက်ရောက်နေတဲ့ ကစားသမားကောင်းတွေလည်း

ပါဝင်ပါတယ်။ ဖာဒီနန် ကတော့ အဆိုပါကစားသမားတွေကို ခေါ်မယ့်အစား

အင်္ဂလန်ကစားသမားတွေကိုသာ ဦးစားပေးခေါ်ယူသင့်တယ်လို့ အခုလိုပြောခဲ့ပါတယ်။

“ ကျွန်တော်သာ နယူးကာဆယ်အသင်းမှာ ရှိနေမယ်ဆိုရင် ရူးလောက်စရာ

ခေါ်ယူမှု ၂ ခု လောက်ကို လုပ်မှာပါ။ ရနိုင်လောက်တယ်လို့ ထင်ရတဲ့

ကစားသမားတွေကိုပဲ ခေါ်ယူမှာပါ။ အခုချိန်မှာ ကျွန်တော်ကတော့ စတာလင် လို

ကစားသမားမျိုးကို စောင့်ကြည့်နေမှာ။ စတာလင် က ပုံမှန်ကစားခွင့် ပျောက်ဆုံးနေ

တယ်လေ။ နောက်တယောက်ကတော့ ရိုက်စ် ပေါ့။ သူတို့ ၂ ယောက်က

ကျွန်တော်အရင်ဆုံးခေါ်ယူချင်တဲ့ ကစားသမားတွေပါ။ ကျွန်တော်သာဆိုရင်တော့

သူတို့ကိုခေါ်ယူနိုင်ဖို့အတွက် အစွမ်းကုန်လုပ်ဆောင်သွားမှာပါ။ ဒါပြီးရင်တော့

လင်ဂတ် လို ကစားသမားမျိုးကို ခေါ်ယူနိုင်ဖို့ ကြိုးစားမှာပါ “

“ အမ်ဘာပေ ကို ခေါ်ယူနိုင်ဖို့ဆိုတာကတော့ အိမ်မက်ဆန်လွန်းပါတယ်။

ဒါပေမဲ့ မန်ယူနိုက်တက် ၊ ချဲလ်ဆီး ၊ မန်စီးတီး စတဲ့အသင်းတွေမှာ အရန်ဖြစ်နေတဲ့

ကစားသမားတွေအများကြီးရှိပါတယ်။ ကျွန်တော်ကတော့ အဲ့လိုကစားသမားတွေကိုပဲ

ခေါ်ယူချင်ပါတယ်။ နောက်ပြီး နော်ဝှစ်ချ်အသင်းက အသက် ၂၁ နှစ်အောက်

အစွန်နောက်ခံလူ မက်ရှ် အာရွန် နဲ့ ခရစ္စတယ်ပဲလေ့စ် က ကွင်းလယ်လူ ကော်နာ ဂဲလက်ဂါ

တို့ကိုလည်း ခေါ်ယူသင့်ပါတယ်။ ကျွန်တော်ကတော့ ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့

အင်္ဂလန်ကစားသမားတွေကိုပဲ ခေါ်ချင်ပါတယ်။ နယူးကာဆယ်အသင်းဆိုတာ

အင်္ဂလန်ကလပ်အသင်းလေ။ အဲ့တော့ အင်္ဂလန်လူငယ်ကစားသမားတွေကိုပဲ

အဓိကအနေနဲ့ ခေါ်ယူချင်ပါတယ် “ လို့ ဖာဒီနန် က သူ့ရဲ့ YouTube ချန်နယ်မှာ

ပြောဆိုခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ နယူးကာဆယ်အသင်းဟာ

ကစားသမားသစ်တွေခေါ်ယူဖို့ထက် နည်းပြအပြောင်းအလဲလုပ်ဖို့ကိုသာ

အာရုံစိုက်နေပြီး နည်းပြသစ်ခန့်အပ်ပြီးမှသာ ကစားသမားခေါ်ယူမှုတွေကို

လုပ်ဆောင်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ နယူးကာဆယ်အသင်းအနေနဲ့

ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်စရာမလိုပဲ ပေါင်သန်း ၂၀၀ အထိ အသုံးပြုလို့ရနေ

တာကြောင့် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပဲ ကစားသမားသစ်တွေကို

စတင်ခေါ်ယူသွားဖို့ရှိနေပါတယ်။

zawgyi

နယူးကာဆယ္အသင္းဆိုတာ အဂၤလန္ကလပ္အသင္းေလ။ အဲ့ေတာ့ အဂၤလန္လူငယ္ကစားသမားေတြကိုပဲ အဓိကအေနနဲ႔ ေခၚယူေစခ်င္ပါတယ္ – ဖာဒီနန္

အဂၤလန္ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္ က ေဆာ္ဒီဘီလ်ံနာေတြရဲ႕

လက္ေအာက္ကိုေရာက္သြားတဲ့ နယူးကာဆယ္အသင္း ေခၚယူသင့္တဲ့

ကစားသမားေတြကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့

ေန႔ခ်င္းညခ်င္းဆိုသလို ေျပာင္းလဲသြားခဲ့တဲ့ နယူးကာဆယ္အသင္းဟာ

ကစားသမားမ်ားစြာနဲ႔ အေျပာင္းအေ႐ႊ႕သတင္းေတြထြက္ေပၚေနပါတယ္။

အဲဒီလို နယူးကာဆယ္အသင္းနဲ႔ သတင္းထြက္ေနတဲ့ ကစားသမားေတြထဲမွာ

အမ္ဘာေပ တို႔လို ကမာၻ႔အဆင့္ကစားသမားေတြပါဝင္သလို ေကာ္တင္ဟို ၊

မာရွယ္ တို႔လို ေျခစြမ္းအက်ဖက္ေရာက္ေနတဲ့ ကစားသမားေကာင္းေတြလည္း

ပါဝင္ပါတယ္။ ဖာဒီနန္ ကေတာ့ အဆိုပါကစားသမားေတြကို ေခၚမယ့္အစား

အဂၤလန္ကစားသမားေတြကိုသာ ဦးစားေပးေခၚယူသင့္တယ္လို႔ အခုလိုေျပာခဲ့ပါတယ္။

“ ကြၽန္ေတာ္သာ နယူးကာဆယ္အသင္းမွာ ရွိေနမယ္ဆိုရင္ ႐ူးေလာက္စရာ

ေခၚယူမႈ ၂ ခု ေလာက္ကို လုပ္မွာပါ။ ရႏိုင္ေလာက္တယ္လို႔ ထင္ရတဲ့

ကစားသမားေတြကိုပဲ ေခၚယူမွာပါ။ အခုခ်ိန္မွာ ကြၽန္ေတာ္ကေတာ့ စတာလင္ လို

ကစားသမားမ်ိဳးကို ေစာင့္ၾကည့္ေနမွာ။ စတာလင္ က ပုံမွန္ကစားခြင့္ ေပ်ာက္ဆုံးေန

တယ္ေလ။ ေနာက္တေယာက္ကေတာ့ ႐ိုက္စ္ ေပါ့။ သူတို႔ ၂ ေယာက္က

ကြၽန္ေတာ္အရင္ဆုံးေခၚယူခ်င္တဲ့ ကစားသမားေတြပါ။ ကြၽန္ေတာ္သာဆိုရင္ေတာ့

သူတို႔ကိုေခၚယူႏိုင္ဖို႔အတြက္ အစြမ္းကုန္လုပ္ေဆာင္သြားမွာပါ။ ဒါၿပီးရင္ေတာ့

လင္ဂတ္ လို ကစားသမားမ်ိဳးကို ေခၚယူႏိုင္ဖို႔ ႀကိဳးစားမွာပါ “

“ အမ္ဘာေပ ကို ေခၚယူႏိုင္ဖို႔ဆိုတာကေတာ့ အိမ္မက္ဆန္လြန္းပါတယ္။

ဒါေပမဲ့ မန္ယူႏိုက္တက္ ၊ ခ်ဲလ္ဆီး ၊ မန္စီးတီး စတဲ့အသင္းေတြမွာ အရန္ျဖစ္ေနတဲ့

ကစားသမားေတြအမ်ားႀကီးရွိပါတယ္။ ကြၽန္ေတာ္ကေတာ့ အဲ့လိုကစားသမားေတြကိုပဲ

ေခၚယူခ်င္ပါတယ္။ ေနာက္ၿပီး ေနာ္ဝွစ္ခ်္အသင္းက အသက္ ၂၁ ႏွစ္ေအာက္

အစြန္ေနာက္ခံလူ မက္ရွ္ အာ႐ြန္ နဲ႔ ခရစၥတယ္ပဲေလ့စ္ က ကြင္းလယ္လူ ေကာ္နာ ဂဲလက္ဂါ

တို႔ကိုလည္း ေခၚယူသင့္ပါတယ္။ ကြၽန္ေတာ္ကေတာ့ ငယ္႐ြယ္ၿပီး အရည္အခ်င္းရွိတဲ့

အဂၤလန္ကစားသမားေတြကိုပဲ ေခၚခ်င္ပါတယ္။ နယူးကာဆယ္အသင္းဆိုတာ

အဂၤလန္ကလပ္အသင္းေလ။ အဲ့ေတာ့ အဂၤလန္လူငယ္ကစားသမားေတြကိုပဲ

အဓိကအေနနဲ႔ ေခၚယူခ်င္ပါတယ္ “ လို႔ ဖာဒီနန္ က သူ႔ရဲ႕ YouTube ခ်န္နယ္မွာ

ေျပာဆိုခဲ့တာျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ နယူးကာဆယ္အသင္းဟာ

ကစားသမားသစ္ေတြေခၚယူဖို႔ထက္ နည္းျပအေျပာင္းအလဲလုပ္ဖို႔ကိုသာ

အာ႐ုံစိုက္ေနၿပီး နည္းျပသစ္ခန႔္အပ္ၿပီးမွသာ ကစားသမားေခၚယူမႈေတြကို

လုပ္ေဆာင္မယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ နယူးကာဆယ္အသင္းအေနနဲ႔

ဘ႑ာေရးစည္းမ်ဥ္းကို ခ်ိဳးေဖာက္စရာမလိုပဲ ေပါင္သန္း ၂၀၀ အထိ အသုံးျပဳလို႔ရေန

တာေၾကာင့္ လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာပဲ ကစားသမားသစ္ေတြကို

စတင္ေခၚယူသြားဖို႔ရွိေနပါတယ္။