
ဘရာဇီးလက်ရွေးစင်ကွင်းလယ်လူဂွီမာရေးစ်ဟာ
ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ နယူးကာဆယ်ရဲ့
တန်ဖိုးအကြီးဆုံးခေါ်ယူမှုဖြစ်ခဲ့ပါတယ်။
သူဟာ ပြီးခဲ့တဲ့လမှာ အာဆင်နယ်ရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရပေမယ့်
နယူးကာဆယ်ကိုသာ ရွေးချယ်ခဲ့တာပါ။
လိုင်ယွန်ကနေ ပေါင် ၄၃ သန်းနဲ့ပြောင်းလာတဲ့ ဂွီမာရေးစ်ဟာ
နယူးကာဆယ်အသင်းသမိုင်းတစ်လျှောက် စံချိန်တင်ကြေးရှင်လည်း ဖြစ်ခဲ့ပါတယ်။
၂၄ နှစ်အရွယ် အဲဒီဘရာဇီးသားဟာ အမြင့်ဆုံးအဆင့်မှာ စွမ်းဆောင်နိုင်ဖို့အတွက်
မစောင့်နိုင်အောင်ဖြစ်နေပြီး သူ့ရဲ့အသင်းသစ်ဟာ အနာဂါတ်ဘောလုံးမှာ
ကြီးမားတဲ့အသင်းတစ်သင်းဖြစ်လာနိုင်တယ်လို့ ယုံကြည်နေတာပါ။
အဲဗာတန်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲလုပ်တော့
ဂါးဒီယန်းသတင်းစာက နယူးကာဆယ်ဟာ အာဆင်နယ်ထက်ပိုကြီးတဲ့
အသင်းဖြစ်လာနိုင်သလားလို့ မေးမြန်းတော့ ဂွီမာရေးစ်က အခုလိုဖြေကြားခဲ့ပါတယ်။
”သေချာပေါက်ပေါ့ဗျာ။ ကာဆယ်ဟာ အစဉ်အလာကြီးသလို
သမိုင်းကြောင်းလည်းကြီးတဲ့ အသင်းတစ်သင်းဖြစ်နေပြီးသားပါ။
ဒီကိုလာဖို့ ဆုံးဖြတ်ရာမှာ သံသယတွေမရှိခဲ့ပါဘူး။
အသင်းပိုင်ရှင်တွေက သူတို့ရဲ့ပရောဂျက်နဲ့ပတ်သက်လို့ ပြောပြသမျှကို
ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာ့ဘောလုံးလောကမှာ
ကြီးမားတဲ့ပါဝါတစ်ခုဖြစ်လာမှာပါ။ ဒီရာသီမှာကတော့ ပရီးမီးယားလိဂ်မှာ
ဆက်ရှိဖို့က အဓိကပါ။ ဒါပေမဲ့ အဓိကရည်မှန်းချက်ကတော့
လာမယ့်နှစ်တွေမှာ ချန်ပီယံလိဂ်ဝင်ပြိုင်နိုင်ဖို့ဖြစ်ပြီး
နောက်ဆုံးကျ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ဖြစ်ပါတယ်”လို့ ဂွီမာရေးစ်က ဖြေကြားခဲ့တာပါ။
ဂွီမာရေးစ်ဟာ ဒီရာသီ နယူးကာဆယ်မှာ နံပါတ် ၃၉ အင်္ကျီဝတ်ဆင်မှာဖြစ်ပြီး
အဲဒါဟာ နှစ် ၂၀ ကြာ တက္ကစီမောင်းခဲ့တဲ့ သူ့အဖေရဲ့တက္ကစီနံပါတ်လို့ ဖွင့်ဟခဲ့ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ တန်းဆင်းဇုန်ထဲရောက်နေတဲ့
နယူးကာဆယ်ဟာ အင်္ဂါညမှာ ဒီရာသီသူတို့လိုပဲ ရုန်းကန်နေရတဲ့ အဲဗာတန်ကို ဧည့်ခံကစားရမှာပါ။
အဲဒီပြီးရင် ဗီလာ၊ ဝက်စ်ဟမ်းတို့နဲ့ ပွဲကျပ်တွေဆက်တိုက်ကစားရဖို့ ရှိပါတယ်။
zawgyi
နယူးကာဆယ္ဟာ အာဆင္နယ္ထက္ပိုႀကီးတဲ့ အသင္းျဖစ္လာႏိုင္တယ္လို႔ ဂြီမာေရးစ္ဆို
ဘရာဇီးလက္ေ႐ြးစင္ကြင္းလယ္လူဂြီမာေရးစ္ဟာ
ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ နယူးကာဆယ္ရဲ႕
တန္ဖိုးအႀကီးဆုံးေခၚယူမႈျဖစ္ခဲ့ပါတယ္။
သူဟာ ၿပီးခဲ့တဲ့လမွာ အာဆင္နယ္ရဲ႕စိတ္ဝင္စားျခင္းကိုခံခဲ့ရေပမယ့္
နယူးကာဆယ္ကိုသာ ေ႐ြးခ်ယ္ခဲ့တာပါ။
လိုင္ယြန္ကေန ေပါင္ ၄၃ သန္းနဲ႔ေျပာင္းလာတဲ့ ဂြီမာေရးစ္ဟာ
နယူးကာဆယ္အသင္းသမိုင္းတစ္ေလွ်ာက္ စံခ်ိန္တင္ေၾကးရွင္လည္း ျဖစ္ခဲ့ပါတယ္။
၂၄ ႏွစ္အ႐ြယ္ အဲဒီဘရာဇီးသားဟာ အျမင့္ဆုံးအဆင့္မွာ စြမ္းေဆာင္ႏိုင္ဖို႔အတြက္
မေစာင့္ႏိုင္ေအာင္ျဖစ္ေနၿပီး သူ႔ရဲ႕အသင္းသစ္ဟာ အနာဂါတ္ေဘာလုံးမွာ
ႀကီးမားတဲ့အသင္းတစ္သင္းျဖစ္လာႏိုင္တယ္လို႔ ယုံၾကည္ေနတာပါ။
အဲဗာတန္နဲ႔ပြဲမတိုင္ခင္ သတင္းစာရွင္းလင္းပြဲလုပ္ေတာ့
ဂါးဒီယန္းသတင္းစာက နယူးကာဆယ္ဟာ အာဆင္နယ္ထက္ပိုႀကီးတဲ့
အသင္းျဖစ္လာႏိုင္သလားလို႔ ေမးျမန္းေတာ့ ဂြီမာေရးစ္က အခုလိုေျဖၾကားခဲ့ပါတယ္။
”ေသခ်ာေပါက္ေပါ့ဗ်ာ။ ကာဆယ္ဟာ အစဥ္အလာႀကီးသလို
သမိုင္းေၾကာင္းလည္းႀကီးတဲ့ အသင္းတစ္သင္းျဖစ္ေနၿပီးသားပါ။
ဒီကိုလာဖို႔ ဆုံးျဖတ္ရာမွာ သံသယေတြမရွိခဲ့ပါဘူး။
အသင္းပိုင္ရွင္ေတြက သူတို႔ရဲ႕ပေရာဂ်က္နဲ႔ပတ္သက္လို႔ ေျပာျပသမွ်ကို
ကြၽန္ေတာ္ယုံၾကည္ပါတယ္။ ကြၽန္ေတာ္တို႔ဟာ ကမာၻ႔ေဘာလုံးေလာကမွာ
ႀကီးမားတဲ့ပါဝါတစ္ခုျဖစ္လာမွာပါ။ ဒီရာသီမွာကေတာ့ ပရီးမီးယားလိဂ္မွာ
ဆက္ရွိဖို႔က အဓိကပါ။ ဒါေပမဲ့ အဓိကရည္မွန္းခ်က္ကေတာ့
လာမယ့္ႏွစ္ေတြမွာ ခ်န္ပီယံလိဂ္ဝင္ၿပိဳင္ႏိုင္ဖို႔ျဖစ္ၿပီး
ေနာက္ဆုံးက် ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲဖို႔ ျဖစ္ပါတယ္”လို႔ ဂြီမာေရးစ္က ေျဖၾကားခဲ့တာပါ။
ဂြီမာေရးစ္ဟာ ဒီရာသီ နယူးကာဆယ္မွာ နံပါတ္ ၃၉ အက်ႌဝတ္ဆင္မွာျဖစ္ၿပီး
အဲဒါဟာ ႏွစ္ ၂၀ ၾကာ တကၠစီေမာင္းခဲ့တဲ့ သူ႔အေဖရဲ႕တကၠစီနံပါတ္လို႔ ဖြင့္ဟခဲ့ပါတယ္။
ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ တန္းဆင္းဇုန္ထဲေရာက္ေနတဲ့
နယူးကာဆယ္ဟာ အဂၤါညမွာ ဒီရာသီသူတို႔လိုပဲ ႐ုန္းကန္ေနရတဲ့ အဲဗာတန္ကို ဧည့္ခံကစားရမွာပါ။
အဲဒီၿပီးရင္ ဗီလာ၊ ဝက္စ္ဟမ္းတို႔နဲ႔ ပြဲက်ပ္ေတြဆက္တိုက္ကစားရဖို႔ ရွိပါတယ္။