နယူးကာဆယ်ရဲ့ နှပ်ပစ်ခြင်းခံလိုက်ရတဲ့ ယူနိုက်တက်

ကျော်တော့ လှေသူကြီး ..ညားတော့ လှေထိုးသား’အဖြစ်နဲ့ရင်ဆိုင်ခဲ့ရတဲ့ ထရစ်ပီယာ

အက်သလက်တီကိုနောက်ခံလူထရစ်ပီယာကတော့ သူဆန္ဒရှိတဲ့အတိုင်း

အင်္ဂလန်ပရီးမီးယားလိဂ်မြေကို ပြန်လည်ခြေချခွင့်ရခဲ့ပေမယ့်

အသင်းကတော့ သူမျှော်လင့်ထားတဲ့အသင်းမဟုတ်ဘဲ

နယူးကာဆယ်ဖြစ်နေပါတယ်။

စပါးအသင်းမှာ ၂၀၁၅ ကနေ ၂၀၁၉ ခုနှစ်အထိကစားခဲ့ပြီး

၂၀၁၉ မှာ အက်သလက်တီကိုအသင်းကိုပြောင်းရွှေ့ခဲ့တဲ့ ထရစ်ပီယာဟာ

အက်သလက်တီကိုအသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီက

လာလီဂါချန်ပီယံဆုရယူခဲ့တာကြောင့် ပြည်ပကလပ်အသင်းတစ်သင်းနဲ့

အောင်မြင်မှုရယူနိုင်ခဲ့တဲ့ ရှားရှားပါးပါးအင်္ဂလန်ကစားသမားတွေထဲမှာ

တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း အက်သလက်တီကိုနဲ့သာမက အင်္ဂလန်အသင်းနဲ့အတူ

ယူရို-၂၀၂ဝပြိုင်ပွဲမှာခြေစွမ်းပြခဲ့တဲ့အတွက်

သူ့ကို ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာယူနိုက်တက်အသင်းက

နွေရာသီအပြောင်းအရွှေ့ကာလအတွင်း တောက်လျှောက်ကြိုးပမ်းခဲ့ပြီး

သဘောတူညီမှုရလုနီးပါးလည်းဖြစ်ခဲ့ရပါတယ်။

ထရစ်ပီယာကိုယ်တိုင်က သူ့မိသားစုတွေရှိတဲ့ မန်ချက်စတာမြို့ကို

ပြောင်းရွှေ့လိုတယ်လို့ တရားဝင်ပြောဆိုခဲ့ဖူးပြီး ယူနိုက်တက်အသင်းက

နောက်ခံလူဘစ်ဆာကာနေရာမှာအစားထိုးဖို့အတွက်

ထရစ်ပီယာကို ပစ်မှတ်ထားခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ထရစ်ပီယာကို တရားဝင်ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပေမယ့်

အက်သလက်တီကိုအသင်းက ထရစ်ပီယာရဲ့စာချုပ်လျော်ကြေး

ပေါင်(၃၅)သန်းအထိလိုချင်နေပြီး ယူနိုက်တက်အသင်းကလည်း

အသက်(၃၀)ကျော်ကစားသမားတစ်ဦးကို အဲဒီလောက်အထိ

မပေးလိုတဲ့အတွက် အပြောင်းအရွှေ့က ဖြစ်မလာခဲ့ပါဘူး။

အဲဒီနောက်ပိုင်း ထရစ်ပီယာနဲ့ယူနိုက်တက်တို့ရဲ့သတင်းတွေ

တစ်စွန်းတစ်စထွက်ခဲ့ပေမယ့် တရားဝင်ဖြစ်မလာခဲ့ဘဲ

အခုတော့ ထရစ်ပီယာကို နယူးကာဆယ်အသင်းက

ပေါင်(၁၂)သန်းတည်းနဲ့ခေါ်ယူနိုင်လိုက်ပါပြီ။ ဆော်ဒီသန်းကြွယ်သူဌေးတွေ

ပိုင်ဆိုင်ထားတဲ့ နယူးကာဆယ်အသင်းဟာ တန်းဆင်းဇုန်ထဲက

ရုန်းထွက်ဖို့အတွက် ကစားသမားတွေခေါ်ယူဖို့ပြင်ဆင်နေပြီး

အခု ထရစ်ပီယာက ဆောင်းရာသီကာလအတွင်း

ပထမဆုံးခေါ်ယူမှုဖြစ်ပါတယ်။ ယူနိုက်တက်ကို ပြောင်းဖို့ဆန္ဒပြင်းပြခဲ့ဖူးတဲ့

ထရစ်ပီယာအတွက်တော့ ‘ကျော်တော့ လှေသူကြီး ..ညားတော့

လှေထိုးသား’အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ပဲပြောရတော့မှာပါ . . . .

zawgyi

နယူးကာဆယ္ရဲ႕ ႏွပ္ပစ္ျခင္းခံလိုက္ရတဲ့ ယူႏိုက္တက္

ေက်ာ္ေတာ့ ေလွသူႀကီး ..ညားေတာ့ ေလွထိုးသား’အျဖစ္နဲ႔ရင္ဆိုင္ခဲ့ရတဲ့ ထရစ္ပီယာ

အက္သလက္တီကိုေနာက္ခံလူထရစ္ပီယာကေတာ့ သူဆႏၵရွိတဲ့အတိုင္း

အဂၤလန္ပရီးမီးယားလိဂ္ေျမကို ျပန္လည္ေျခခ်ခြင့္ရခဲ့ေပမယ့္

အသင္းကေတာ့ သူေမွ်ာ္လင့္ထားတဲ့အသင္းမဟုတ္ဘဲ

နယူးကာဆယ္ျဖစ္ေနပါတယ္။

စပါးအသင္းမွာ ၂၀၁၅ ကေန ၂၀၁၉ ခုႏွစ္အထိကစားခဲ့ၿပီး

၂၀၁၉ မွာ အက္သလက္တီကိုအသင္းကိုေျပာင္းေ႐ႊ႕ခဲ့တဲ့ ထရစ္ပီယာဟာ

အက္သလက္တီကိုအသင္းနဲ႔အတူ ၿပီးခဲ့တဲ့ရာသီက

လာလီဂါခ်န္ပီယံဆုရယူခဲ့တာေၾကာင့္ ျပည္ပကလပ္အသင္းတစ္သင္းနဲ႔

ေအာင္ျမင္မႈရယူႏိုင္ခဲ့တဲ့ ရွားရွားပါးပါးအဂၤလန္ကစားသမားေတြထဲမွာ

တစ္ဦးအပါအဝင္ျဖစ္ခဲ့ပါတယ္။

၂၀၂၁ ခုႏွစ္အတြင္း အက္သလက္တီကိုနဲ႔သာမက အဂၤလန္အသင္းနဲ႔အတူ

ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာေျခစြမ္းျပခဲ့တဲ့အတြက္

သူ႔ကို ပရီးမီးယားလိဂ္ထိပ္သီး မန္ခ်က္စတာယူႏိုက္တက္အသင္းက

ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္း ေတာက္ေလွ်ာက္ႀကိဳးပမ္းခဲ့ၿပီး

သေဘာတူညီမႈရလုနီးပါးလည္းျဖစ္ခဲ့ရပါတယ္။

ထရစ္ပီယာကိုယ္တိုင္က သူ႔မိသားစုေတြရွိတဲ့ မန္ခ်က္စတာၿမိဳ႕ကို

ေျပာင္းေ႐ႊ႕လိုတယ္လို႔ တရားဝင္ေျပာဆိုခဲ့ဖူးၿပီး ယူႏိုက္တက္အသင္းက

ေနာက္ခံလူဘစ္ဆာကာေနရာမွာအစားထိုးဖို႔အတြက္

ထရစ္ပီယာကို ပစ္မွတ္ထားခဲ့တာပါ။

ယူႏိုက္တက္အသင္းဟာ ထရစ္ပီယာကို တရားဝင္ကမ္းလွမ္းမႈေတြျပဳလုပ္ခဲ့ေပမယ့္

အက္သလက္တီကိုအသင္းက ထရစ္ပီယာရဲ႕စာခ်ဳပ္ေလ်ာ္ေၾကး

ေပါင္(၃၅)သန္းအထိလိုခ်င္ေနၿပီး ယူႏိုက္တက္အသင္းကလည္း

အသက္(၃၀)ေက်ာ္ကစားသမားတစ္ဦးကို အဲဒီေလာက္အထိ

မေပးလိုတဲ့အတြက္ အေျပာင္းအေ႐ႊ႕က ျဖစ္မလာခဲ့ပါဘူး။

အဲဒီေနာက္ပိုင္း ထရစ္ပီယာနဲ႔ယူႏိုက္တက္တို႔ရဲ႕သတင္းေတြ

တစ္စြန္းတစ္စထြက္ခဲ့ေပမယ့္ တရားဝင္ျဖစ္မလာခဲ့ဘဲ

အခုေတာ့ ထရစ္ပီယာကို နယူးကာဆယ္အသင္းက

ေပါင္(၁၂)သန္းတည္းနဲ႔ေခၚယူႏိုင္လိုက္ပါၿပီ။ ေဆာ္ဒီသန္းႂကြယ္သူေဌးေတြ

ပိုင္ဆိုင္ထားတဲ့ နယူးကာဆယ္အသင္းဟာ တန္းဆင္းဇုန္ထဲက

႐ုန္းထြက္ဖို႔အတြက္ ကစားသမားေတြေခၚယူဖို႔ျပင္ဆင္ေနၿပီး

အခု ထရစ္ပီယာက ေဆာင္းရာသီကာလအတြင္း

ပထမဆုံးေခၚယူမႈျဖစ္ပါတယ္။ ယူႏိုက္တက္ကို ေျပာင္းဖို႔ဆႏၵျပင္းျပခဲ့ဖူးတဲ့

ထရစ္ပီယာအတြက္ေတာ့ ‘ေက်ာ္ေတာ့ ေလွသူႀကီး ..ညားေတာ့

ေလွထိုးသား’အျဖစ္နဲ႔ ရင္ဆိုင္ခဲ့ရတယ္လို႔ပဲေျပာရေတာ့မွာပါ . . . .