နယူးကာဆယ်နဲ့ပွဲမှာ VAR က မန်ယူကို ဓားပြတိုက်ခဲ့တယ်လို့ ပရိသတ်တွေ အော်နေကြပြီ

တနင်္ဂနွေညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ရသင့်ရထိုက်တဲ့ ပင်နယ်တီကန်ခွင့်ကို ဗီဒီယိုအကူဒိုင်နည်းပညာ (VAR) ခွင့်မပြုခဲ့တာကြောင့် မန်ယူပရိသတ်တွေရဲ့ ဆူညံ အော်ဟစ်သံတွေဟာ လိုင်းပေါ်မှာ ညံသွားခဲ့ပါတယ်။

နယူးကာဆယ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ ပင်နယ်တီကန် ခွင့် ရသင့်တယ်လို့ ပရိသတ်တွေက ယူဆနေပြီး အမှန်တကယ်ဆိုရင် နှစ် ကြိမ်တောင် ရသင့်ရထိုက်တာမျိုး ဖြစ်တယ်လို့ ပြောတဲ့သူတွေ ရှိနေပါတယ်။

ပွဲချိန် ၅၈ မိနစ်အရောက် ပင်နယ်တီဧရိယာထဲမှာ နယူးကာဆယ် ကစားသမား ရှောင်လောင်းစတပ်ဖ်က ဆန်ချိုကို တားဆီးခဲ့ရာမှာ ဘောလုံးကို မထိဘဲ ခြေထောက်ကိုသာ

ကွက်ကွက်ကွင်းကွင်း ထိခဲ့ပြီး ဆန်ချို လဲကျသွားခဲ့ပေမယ့် ဒိုင်က ပင်နယ်တီမပေးခဲ့ပါဘူး။ ဒါကြောင့် VAR နဲ့ ပြန် ပြီး စစ်ဆေးပြန်တော့လည်း ပင်နယ်တီကန်ခွင့်မပြုခဲ့ပြန်ပါဘူး။

အဲဒီလိုမျိုး ရသင့်ရထိုက်တဲ့ ပင်နယ်တီ ကန်ခွင့်ကို မပေးခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မန် ယူပရိသတ်တွက အွန်လိုင်းပေါ်တက်ပြီး ပေါက်ကွဲခဲ့ကြတာဖြစ်ပါတယ်။

‘’VAR ကတော့ ငါတို့ကို ဓားပြတိုက်နေပြီ’’ လို့ ပရိသတ် တစ်ယောက်က ရေး သားခဲ့ပါတယ်။ ဒုတိယ တစ်ယောက်ကတော့ ‘’ ပင်နယ်တီ နှစ်လုံးနဲ့ တစ်ဂိုး ငါတို့ ရသင့်ခဲ့တာပါကွာ’’ လို့ လိုင်းပေါ်မှာ ရေးတင်ခဲ့ပါတယ်။

တစ်ရာသီလုံးကို ငါတို့ ဓားပြတိုက်ခံနေရတာပဲ။ ဘာလဲဟ’’ လို့ တတိယ တစ်ယောက်က ရေးသားခဲ့ပါတယ်။ နောက်ထပ် တစ်ယောက်ကလည်း ‘’ဆန်ချိုက လောင်း စတပ်ဖ် ဖြတ်နင်းတာ ခံလိုက်ရတာပါ။

ဒါဟာ ပင်နယ်တီ ရသင့်ပါတယ်’’ လို့ ရေးသားခဲ့ပါတယ်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ မန်ယူ နည်းပြ တန်ဟတ်ဟာ ကွင်းလယ်ဒိုင်လူကြီး ပေါဆင်ရဲ့ ကြီးကြပ်မှုနဲ့ပတ်သက်ပြီး ဘာတစ်ခွန်းမှ မပြောခဲ့ပါဘူး။ ဒါပေမဲ့ ပရိသတ်တွေကတော့ လိုင်းပေါ်မှာ တက်ပြီး အခုလိုမျိုး ပေါက်ကွဲခဲ့ကြတာ ဖြစ်ပါတယ်။

(Zawgyi)

နယူးကာဆယ္နဲ႔ပြဲမွာ VAR က မန္ယူကို ဓားျပတိုက္ခဲ့တယ္လို႔ ပရိသတ္ေတြ ေအာ္ေနၾကၿပီ

တနဂၤေႏြညက ကစားခဲ့တဲ့ ပြဲစဥ္မွာ ရသင့္ရထိုက္တဲ့ ပင္နယ္တီကန္ခြင့္ကို ဗီဒီယိုအကူဒိုင္နည္းပညာ (VAR) ခြင့္မျပဳခဲ့တာေၾကာင့္ မန္ယူပရိသတ္ေတြရဲ႕ ဆူညံ ေအာ္ဟစ္သံေတြဟာ လိုင္းေပၚမွာ ညံသြားခဲ့ပါတယ္။

နယူးကာဆယ္နဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ ယူႏိုက္တက္ဟာ ဒုတိယပိုင္းမွာ ပင္နယ္တီကန္ ခြင့္ ရသင့္တယ္လို႔ ပရိသတ္ေတြက ယူဆေနၿပီး အမွန္တကယ္ဆိုရင္ ႏွစ္ ႀကိမ္ေတာင္ ရသင့္ရထိုက္တာမ်ိဳး ျဖစ္တယ္လို႔ ေျပာတဲ့သူေတြ ရွိေနပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္အေရာက္ ပင္နယ္တီဧရိယာထဲမွာ နယူးကာဆယ္ ကစားသမား ေရွာင္ေလာင္းစတပ္ဖ္က ဆန္ခ်ိဳကို တားဆီးခဲ့ရာမွာ ေဘာလုံးကို မထိဘဲ ေျခေထာက္ကိုသာ ကြက္ကြက္ကြင္းကြင္း ထိခဲ့ၿပီး ဆန္ ခ်ိဳ လဲက်သြားခဲ့ေပမယ့္ ဒိုင္က ပင္နယ္တီမေပးခဲ့ပါဘူး။

ဒါေၾကာင့္ VAR နဲ႔ ျပန္ ၿပီး စစ္ေဆးျပန္ေတာ့လည္း ပင္နယ္တီကန္ခြင့္မျပဳခဲ့ျပန္ပါဘူး။

အဲဒီလိုမ်ိဳး ရသင့္ရထိုက္တဲ့ ပင္နယ္တီ ကန္ခြင့္ကို မေပးခဲ့တဲ့ ျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး မန္ ယူပရိသတ္တြက အြန္လိုင္းေပၚတက္ၿပီး ေပါက္ကြဲခဲ့ၾကတာျဖစ္ပါတယ္။

‘’VAR ကေတာ့ ငါတို႔ကို ဓားျပတိုက္ေနၿပီ’’ လို႔ ပရိသတ္ တစ္ေယာက္က ေရး သားခဲ့ပါတယ္။

ဒုတိယ တစ္ေယာက္ကေတာ့ ‘’ ပင္နယ္တီ ႏွစ္လုံးနဲ႔ တစ္ဂိုး ငါတို႔ ရသင့္ခဲ့တာပါကြာ’’ လို႔ လိုင္းေပၚမွာ ေရးတင္ခဲ့ပါတယ္။

တစ္ရာသီလုံးကို ငါတို႔ ဓားျပတိုက္ခံေနရတာပဲ။ ဘာလဲဟ’’ လို႔ တတိယ တစ္ေယာက္က ေရးသားခဲ့ပါတယ္။ ေနာက္ထပ္ တစ္ေယာက္ကလည္း ‘’ဆန္ခ်ိဳက ေလာင္း စတပ္ဖ္ ျဖတ္နင္းတာ ခံလိုက္ရတာပါ။

ဒါဟာ ပင္နယ္တီ ရသင့္ပါတယ္’’ လို႔ ေရးသားခဲ့ပါတယ္။ ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာေတာ့ မန္ယူ နည္းျပ တန္ဟတ္ဟာ ကြင္းလယ္ဒိုင္လူႀကီး ေပါဆင္ရဲ႕ ႀကီးၾကပ္မႈနဲ႔ပတ္သက္ၿပီး ဘာတစ္ခြန္းမွ မေျပာခဲ့ပါဘူး။

ဒါေပမဲ့ ပရိသတ္ေတြကေတာ့ လိုင္းေပၚမွာ တက္ၿပီး အခုလိုမ်ိဳး ေပါက္ကြဲခဲ့ၾကတာ ျဖစ္ပါတယ္။