နတ်ဘုရားကြီးရဲ့ လူကာကူအပေါ် ရူးနှမ်းတဲ့ ထိုးနှက်ချက်

အေစီမီလန်အသင်းရဲ့ဆွီဒင်ဝါရင့်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ဟာ

အခုနှစ်အစောပိုင်းက,ကစားခဲ့တဲ့ မီလန်ဒါဘီပွဲမှာ အင်တာမီလန်တိုက်စစ်မှူး(ဟောင်း)

လူကာကူနဲ့ ပြဿနာတက်ခဲ့တဲ့အဖြစ်အပျက်ကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အခုနှစ်၊ ဇန်နဝါရီလက ကိုပါအီတာလီယာဖလား ကွာတားဖိုင်နယ်ပွဲအဖြစ်

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အင်တာမီလန်နဲ့အေစီမီလန်တို့ရဲ့ မီလန်ဒါဘီပွဲမှာ

ထုံးစံအတိုင်း ပြဿနာတက်ခဲ့ပြီး နှစ်ဖက်အသင်းနာမည်ကျော်

တိုက်စစ်မှူးတွေဖြစ်တဲ့ အီဘရာဟီမိုဗစ်နဲ့လူကာကူတို့ အပြန်အလှန်

ရန်ဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ အီဘရာဟီမိုဗစ်က

လူကာကူရဲ့အမေဟာ Voodoo ပညာရပ်တွေတတ်မြောက်တာကို

သိထားတာကြောင့် လူကာကူရဲ့အမေနဲ့ပတ်သက်ပြီး ချိုးချိုးဖဲ့ဖဲ့ပြောလိုက်ချိန်မှာ

လူကာကူတစ်ယောက် ဒေါသပေါက်ကွဲပြီးတော့

”F*** you and your wife, you little b****.မင်းကများ င့ါအမေကို

စော်စော်ကားကားပြောရတယ်လို့”ဆိုပြီး အော်ဟစ်ခဲ့ပါတယ်။

အဲဒီပွဲမှာ အင်တာမီလန်အသင်းဟာ (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး အီဘရာဟီမီုဗစ်ဟာ

အနီကတ်နဲ့အထုတ်ခံခဲ့ရသလို အဲဒီပွဲအပြီး မကြာခင်မှာပဲ

ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်ခဲ့ရတာကြောင့် အီဘရာဟီမိုဗစ်က

သူဟာ ကျိန်စာတိုက်ခံလိုက်ရပြီလို့ ယုံကြည်ခဲ့တာဖြစ်ပါတယ်။

အဲဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ အီဘရာဟီမိုဗစ်က “အဲဒီပွဲမှာ လူကာကူဟာ

ကျွန်တော်တို့အသင်းက ရိုမက်ဂ်နိုလီနဲ့အရင် ပြဿနာတက်တယ်၊

ပြီးတော့ ဆေးလ်မိတ်ကာနဲ့ ဆက်ပြီးစကားများခဲ့တယ်။

ကျွန်တော်က ကိုယ့်အသင်းဖော်တွေကို ကာကွယ်တဲ့အနေနဲ့

ပြဿနာထပ်မတက်အောင် ဝင်ထိန်းခဲ့ပေမယ့် လူကာကူဟာ

ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးအရစော်ကားတဲ့အသုံးအနှုန်းတွေနဲ့

အော်ဟစ်ဆဲဆိုခဲ့ပါတယ်။ သူ့လုပ်ရပ်ကြောင့် ကျွန်တော်

တကယ်အံ့အားသင့်သွားပါတယ်။ သူနဲ့ကျွန်တော်ဟာ

မန်ချက်စတာယူနိုက်တက်အသင်းမှာ အတူကစားခဲ့ဖူးတဲ့သူတွေပါ။

လူကာကူက သူ့ကိုယ်သူ ချန်ပီယံကြီး၊ အရမ်းသန်မာတယ်ဆိုပြီးတော့

ဘဝလေဟပ်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဆိုတာက

ငယ်ငယ်လေးကတည်းက မာလ်မိုက အပေအတေရပ်ကွက်မှာ

ကြီးလာခဲ့ရတဲ့သူဖြစ်ပြီး ကိုယ့်ကို မာရေကျောရေလုပ်လို့ကတော့

အဲဒီကောင်ကို သူနဲ့တန်တဲ့နေရာရောက်အောင် ကိုင်လိုက်တာပါပဲ။

အဲဒီတော့ ကျွန်တော်ကလည်း လူကာကူရဲ့အားနည်းချက်ဖြစ်တဲ့

သူ့အမေရဲ့ Voodoo ပညာနဲ့ပတ်သက်ပြီးတော့ ချိုးဖဲ့ပြောလိုက်ချိန်မှာ

သူက စိတ်မထိန်းနိုင်အောင် ဒေါသတကြီးဖြစ်ခဲ့ပါတယ်။

ကျွန်တော် အခုအချိန်အထိ သံသယဖြစ်နေတာက အဲဒီပွဲမှာ

ကျွန်တော်တို့အသင်းရှုံးတယ်၊ ကျွန်တော်ကလည်း အနီကတ်နဲ့အထုတ်ခံတယ်၊

အဲဒီနောက် ဒဏ်ရာတွေရခဲ့ပြီး စိတ်ပျက်စရာကောင်းတဲ့ကိစ္စတော်တော်များမျာ

းဖြစ်ခဲ့တာပဲ။ လူကာကူရဲ့ကျိန်စာတွေက ကျွန်တော့်ကို ဒုက္ခပေးနေပြီလားဆိုပြီးတော့

အဲဒီလိုပညာရပ်တွေယုံကြည်တဲ့ ကျွန်တော့်သူငယ်ချင်းတွေကို

ဆုတောင်းပေးဖို့တောင် တိုက်တွန်းခဲ့ရပါတယ်။ ဒီပြဿနာနဲ့ပတ်သက်လို့

လူကာကူနဲ့တွေ့ဆုံဖြေရှင်းသွားမှာဖြစ်ပြီး မကြာခင် သူနဲ့ကျွန်တော်

ပြန်ဆုံဖို့မျှော်လင့်ပါတယ်။ လမ်းပေါ်မှာတော့မဟုတ်ပါဘူး။

ဒါက ဘောလုံးကွင်းထဲမှာပဲ ဖြေရှင်းရမယ့်ကိစ္စမျိုးပါ။ ကျွန်တော်ကတော့

ဘယ်သူ့ကိုမှ မုန်းတီးတာမျိုးမရှိဘဲ လူကာကူကိုလည်း

အဲဒီအတိုင်းသဘောထားပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

နတ္ဘုရားႀကီးရဲ႕ လူကာကူအေပၚ ႐ူးႏွမ္းတဲ့ ထိုးႏွက္ခ်က္

ေအစီမီလန္အသင္းရဲ႕ဆြီဒင္ဝါရင့္တိုက္စစ္မႉးႀကီး အီဘရာဟီမိုဗစ္ဟာ

အခုႏွစ္အေစာပိုင္းက,ကစားခဲ့တဲ့ မီလန္ဒါဘီပြဲမွာ အင္တာမီလန္တိုက္စစ္မႉး(ေဟာင္း)

လူကာကူနဲ႔ ျပႆနာတက္ခဲ့တဲ့အျဖစ္အပ်က္ကို ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

အခုႏွစ္၊ ဇန္နဝါရီလက ကိုပါအီတာလီယာဖလား ကြာတားဖိုင္နယ္ပြဲအျဖစ္

ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ အင္တာမီလန္နဲ႔ေအစီမီလန္တို႔ရဲ႕ မီလန္ဒါဘီပြဲမွာ

ထုံးစံအတိုင္း ျပႆနာတက္ခဲ့ၿပီး ႏွစ္ဖက္အသင္းနာမည္ေက်ာ္

တိုက္စစ္မႉးေတြျဖစ္တဲ့ အီဘရာဟီမိုဗစ္နဲ႔လူကာကူတို႔ အျပန္အလွန္

ရန္ျဖစ္ခဲ့တာျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ အီဘရာဟီမိုဗစ္က

လူကာကူရဲ႕အေမဟာ Voodoo ပညာရပ္ေတြတတ္ေျမာက္တာကို

သိထားတာေၾကာင့္ လူကာကူရဲ႕အေမနဲ႔ပတ္သက္ၿပီး ခ်ိဳးခ်ိဳးဖဲ့ဖဲ့ေျပာလိုက္ခ်ိန္မွာ

လူကာကူတစ္ေယာက္ ေဒါသေပါက္ကြဲၿပီးေတာ့

”F*** you and your wife, you little b****.မင္းကမ်ား င့ါအေမကို

ေစာ္ေစာ္ကားကားေျပာရတယ္လို႔”ဆိုၿပီး ေအာ္ဟစ္ခဲ့ပါတယ္။

အဲဒီပြဲမွာ အင္တာမီလန္အသင္းဟာ (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး အီဘရာဟီမီုဗစ္ဟာ

အနီကတ္နဲ႔အထုတ္ခံခဲ့ရသလို အဲဒီပြဲအၿပီး မၾကာခင္မွာပဲ

ဒဏ္ရာျပႆနာနဲ႔ရင္ဆိုင္ခဲ့ရတာေၾကာင့္ အီဘရာဟီမိုဗစ္က

သူဟာ က်ိန္စာတိုက္ခံလိုက္ရၿပီလို႔ ယုံၾကည္ခဲ့တာျဖစ္ပါတယ္။

အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္လို႔ အီဘရာဟီမိုဗစ္က “အဲဒီပြဲမွာ လူကာကူဟာ

ကြၽန္ေတာ္တို႔အသင္းက ႐ိုမက္ဂ္ႏိုလီနဲ႔အရင္ ျပႆနာတက္တယ္၊

ၿပီးေတာ့ ေဆးလ္မိတ္ကာနဲ႔ ဆက္ၿပီးစကားမ်ားခဲ့တယ္။

ကြၽန္ေတာ္က ကိုယ့္အသင္းေဖာ္ေတြကို ကာကြယ္တဲ့အေနနဲ႔

ျပႆနာထပ္မတက္ေအာင္ ဝင္ထိန္းခဲ့ေပမယ့္ လူကာကူဟာ

ကြၽန္ေတာ့္ကို ပုဂၢိဳလ္ေရးအရေစာ္ကားတဲ့အသုံးအႏႈန္းေတြနဲ႔

ေအာ္ဟစ္ဆဲဆိုခဲ့ပါတယ္။ သူ႔လုပ္ရပ္ေၾကာင့္ ကြၽန္ေတာ္

တကယ္အံ့အားသင့္သြားပါတယ္။ သူနဲ႔ကြၽန္ေတာ္ဟာ

မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ အတူကစားခဲ့ဖူးတဲ့သူေတြပါ။

လူကာကူက သူ႔ကိုယ္သူ ခ်န္ပီယံႀကီး၊ အရမ္းသန္မာတယ္ဆိုၿပီးေတာ့

ဘဝေလဟပ္ေနတာျဖစ္ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ဆိုတာက

ငယ္ငယ္ေလးကတည္းက မာလ္မိုက အေပအေတရပ္ကြက္မွာ

ႀကီးလာခဲ့ရတဲ့သူျဖစ္ၿပီး ကိုယ့္ကို မာေရေက်ာေရလုပ္လို႔ကေတာ့

အဲဒီေကာင္ကို သူနဲ႔တန္တဲ့ေနရာေရာက္ေအာင္ ကိုင္လိုက္တာပါပဲ။

အဲဒီေတာ့ ကြၽန္ေတာ္ကလည္း လူကာကူရဲ႕အားနည္းခ်က္ျဖစ္တဲ့

သူ႔အေမရဲ႕ Voodoo ပညာနဲ႔ပတ္သက္ၿပီးေတာ့ ခ်ိဳးဖဲ့ေျပာလိုက္ခ်ိန္မွာ

သူက စိတ္မထိန္းႏိုင္ေအာင္ ေဒါသတႀကီးျဖစ္ခဲ့ပါတယ္။

ကြၽန္ေတာ္ အခုအခ်ိန္အထိ သံသယျဖစ္ေနတာက အဲဒီပြဲမွာ

ကြၽန္ေတာ္တို႔အသင္းရႈံးတယ္၊ ကြၽန္ေတာ္ကလည္း အနီကတ္နဲ႔အထုတ္ခံတယ္၊

အဲဒီေနာက္ ဒဏ္ရာေတြရခဲ့ၿပီး စိတ္ပ်က္စရာေကာင္းတဲ့ကိစၥေတာ္ေတာ္မ်ားမ်ာ

းျဖစ္ခဲ့တာပဲ။ လူကာကူရဲ႕က်ိန္စာေတြက ကြၽန္ေတာ့္ကို ဒုကၡေပးေနၿပီလားဆိုၿပီးေတာ့

အဲဒီလိုပညာရပ္ေတြယုံၾကည္တဲ့ ကြၽန္ေတာ့္သူငယ္ခ်င္းေတြကို

ဆုေတာင္းေပးဖို႔ေတာင္ တိုက္တြန္းခဲ့ရပါတယ္။ ဒီျပႆနာနဲ႔ပတ္သက္လို႔

လူကာကူနဲ႔ေတြ႕ဆုံေျဖရွင္းသြားမွာျဖစ္ၿပီး မၾကာခင္ သူနဲ႔ကြၽန္ေတာ္

ျပန္ဆုံဖို႔ေမွ်ာ္လင့္ပါတယ္။ လမ္းေပၚမွာေတာ့မဟုတ္ပါဘူး။

ဒါက ေဘာလုံးကြင္းထဲမွာပဲ ေျဖရွင္းရမယ့္ကိစၥမ်ိဳးပါ။ ကြၽန္ေတာ္ကေတာ့

ဘယ္သူ႔ကိုမွ မုန္းတီးတာမ်ိဳးမရွိဘဲ လူကာကူကိုလည္း

အဲဒီအတိုင္းသေဘာထားပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။