





တောင်ကိုရီးယားနဲ့ပွဲစဉ်က ရော်နယ်ဒိုရဲ့လုပ်ရပ်ကိုသဘောမကျဘူးလို့
ပေါ်တင်ပြောဆိုခဲ့တဲ့ ပေါ်တူဂီနည်းပြဆန်းတို့စ်ဟာ ဆွစ်ဇာလန်နဲ့





၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ GOAT ကြီးကိုပွဲထွက်စာရင်းက
ချန်လှပ်ခဲ့ပါတယ်။ ရော်နယ်ဒိုနေရာအစားဝင်ခဲ့တဲ့ ဘင်ဖီကာ
တိုက်စစ်မှူးရာမို့စ်က သူ့ရဲ့ပထမဆုံးကမ္ဘာ့ဖလားပွဲဦးထွက်မှာတင်





ဟက်ထရစ်သွင်းပြနိုင်ခဲ့တာဖြစ်တယ်။ ဒီလိုအခြေအနေမှာတော့
နည်းပြဆန်းတို့စ်နဲ့ ရော်နယ်ဒိုတို့ကြားသေချာပေါက်ပြဿနာရှိနေတယ်လို့





အားလုံးကယူဆနေကြပေမဲ့ နည်းပြကြီးကငြင်းဆန်သွားခဲ့ပါတယ်။
“ဒီကိစ္စပြီးဆုံးသွားပြီလို့ ကျွန်တော်ပြောပြီးသားပဲ။
သူဟာ ကမ္ဘာ့အကောင်းဆုံးဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကျတဲ့





အသင်းခေါင်းဆောင်တစ်ယောက်ပါ။ အသင်းအတွက်ဆိုရင်တော့
အရာအားလုံးထည့်စဉ်းစားရပါတယ်” လို့ ဆန်းတို့စ်က အကြောင်းပြချက်





ပေးခဲ့ပါတယ်။ ဆက်လက်ပြီး ပေါ်တူဂီနည်းပြက သူအနေနဲ့
ရော်နယ်ဒိုကို ချာတိတ်ဘ၀ ၁၉ နှစ်အရွယ်ကတည်းက စပို့တင်းမှာ
စတင်သိကျွမ်းခဲ့တာဖြစ်ပြီး လက်ရွေးစင်အသင်းမှာကာလရှည်ကြာ





လက်တွဲခဲ့တာကြောင့် အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့
ဖွင့်ဟခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ သူ့ကြားမှာ ကစားသမားနဲ့ နည်းပြဆိုတဲ့





ခေါင်းစဉ်သာရှိပြီး ပုဂ္ဂိုလ်ရေးရောယှက်တာတွေမရှိခဲ့ဘူးလို့လည်း
ဆန်းတို့စ်ပြောဆိုသွားပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုဟာ ပေါ်တူဂီ
လက်ရွေးစင်အသင်းအတွက်အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ်





ရှိနေဆဲပဲလို့ အသိပေးခဲ့ပါတယ်။ ရော်နယ်ဒိုနေရာအစားထိုးဝင်ကစားခဲ့တဲ့
ရာမို့စ်ကတော့ ပွဲချိန် ၆၇ မိနစ်ကစားအပြီးမှာတင် GOAT ကြီးရဲ့





၂၀၂၂ ကမ္ဘာ့ဖလားသွင်းဂိုး ၃ဆ အထိရအောင်ခြေစွမ်းပြနိုင်ခဲ့တာဖြစ်တယ်။
zawgyi





နည္းဗ်ဴဟာပိုင္းအရ ေရာ္နယ္ဒိုကိုအရန္ခုံထားခဲ့ၿပီး ဂြန္ကာလိုရာမို႔စ္ကို ပြဲထုတ္ခဲ့တာျဖစ္တယ္လို႔ ဖာနန္ဒိုဆန္းတို႔စ္ ရွင္းလင္း
ေတာင္ကိုရီးယားနဲ႔ပြဲစဥ္က ေရာ္နယ္ဒိုရဲ႕လုပ္ရပ္ကိုသေဘာမက်ဘူးလို႔





ေပၚတင္ေျပာဆိုခဲ့တဲ့ ေပၚတူဂီနည္းျပဆန္းတို႔စ္ဟာ ဆြစ္ဇာလန္နဲ႔
၁၆ သင္းအဆင့္ရႈံးထြက္ပြဲစဥ္မွာ GOAT ႀကီးကိုပြဲထြက္စာရင္းက
ခ်န္လွပ္ခဲ့ပါတယ္။ ေရာ္နယ္ဒိုေနရာအစားဝင္ခဲ့တဲ့ ဘင္ဖီကာ





တိုက္စစ္မႉးရာမို႔စ္က သူ႔ရဲ႕ပထမဆုံးကမာၻ႔ဖလားပြဲဦးထြက္မွာတင္
ဟက္ထရစ္သြင္းျပႏိုင္ခဲ့တာျဖစ္တယ္။ ဒီလိုအေျခအေနမွာေတာ့





နည္းျပဆန္းတို႔စ္နဲ႔ ေရာ္နယ္ဒိုတို႔ၾကားေသခ်ာေပါက္ျပႆနာရွိေနတယ္လို႔
အားလုံးကယူဆေနၾကေပမဲ့ နည္းျပႀကီးကျငင္းဆန္သြားခဲ့ပါတယ္။
“ဒီကိစၥၿပီးဆုံးသြားၿပီလို႔ ကြၽန္ေတာ္ေျပာၿပီးသားပဲ။





သူဟာ ကမာၻ႔အေကာင္းဆုံးျဖစ္ၿပီး ပေရာ္ဖက္ရွင္နယ္က်တဲ့
အသင္းေခါင္းေဆာင္တစ္ေယာက္ပါ။ အသင္းအတြက္ဆိုရင္ေတာ့





အရာအားလုံးထည့္စဥ္းစားရပါတယ္” လို႔ ဆန္းတို႔စ္က အေၾကာင္းျပခ်က္
ေပးခဲ့ပါတယ္။ ဆက္လက္ၿပီး ေပၚတူဂီနည္းျပက သူအေနနဲ႔
ေရာ္နယ္ဒိုကို ခ်ာတိတ္ဘ၀ ၁၉ ႏွစ္အ႐ြယ္ကတည္းက စပို႔တင္းမွာ





စတင္သိကြၽမ္းခဲ့တာျဖစ္ၿပီး လက္ေ႐ြးစင္အသင္းမွာကာလရွည္ၾကာ
လက္တြဲခဲ့တာေၾကာင့္ အလြန္ရင္းႏွီးတဲ့ဆက္ဆံေရးရွိတယ္လို႔





ဖြင့္ဟခဲ့ပါတယ္။ ေရာ္နယ္ဒိုနဲ႔ သူ႔ၾကားမွာ ကစားသမားနဲ႔ နည္းျပဆိုတဲ့
ေခါင္းစဥ္သာရွိၿပီး ပုဂၢိဳလ္ေရးေရာယွက္တာေတြမရွိခဲ့ဘူးလို႔လည္း
ဆန္းတို႔စ္ေျပာဆိုသြားပါတယ္။ ဒါ့အျပင္ ေရာ္နယ္ဒိုဟာ ေပၚတူဂီ





လက္ေ႐ြးစင္အသင္းအတြက္အေရးပါတဲ့ ကစားသမားတစ္ေယာက္အျဖစ္
ရွိေနဆဲပဲလို႔ အသိေပးခဲ့ပါတယ္။ ေရာ္နယ္ဒိုေနရာအစားထိုးဝင္ကစားခဲ့တဲ့





ရာမို႔စ္ကေတာ့ ပြဲခ်ိန္ ၆၇ မိနစ္ကစားအၿပီးမွာတင္ GOAT ႀကီးရဲ႕
၂၀၂၂ ကမာၻ႔ဖလားသြင္းဂိုး ၃ဆ အထိရေအာင္ေျခစြမ္းျပႏိုင္ခဲ့တာျဖစ္တယ္။