အင်္ဂလန်နည်းပြဆောက်ဂိတ်က ၂၀၁၈ ကမ္ဘာ့ဖလားမှာအသင်းကို
ကျန်းမာရေးကောင်းအောင်ပြန်လုပ်ပေးတဲ့အဆင့်မှာသာရှိခဲ့ပြီး
ဆီမီးဖိုင်နယ်ရောက်ခဲ့တာက အပိုဆုလို့ဆိုခဲ့ပါတယ်။ လက်ရှိကာတာ
ကမ္ဘာ့ဖလားမှာတော့ ကွာတားဖိုင်နယ်ရောက်ရှိနေပြီး သမိုင်းတစ်လျှောက်
ဒုတိယအအောင်မြင်ဆုံးအင်္ဂလန်အသင်းအဖြစ်ရပ်တည်နိုင်ပြီဖြစ်သလို
သမိုင်းဝင်အောင်မြင်မှုရဖို့အတွက် ဆန္ဒပြင်းပြနေပါတယ်။
အင်္ဂလန်ကြယ်ပွင့်တွေဟာ သမိုင်းသစ်တစ်ခုကိုဖန်တီးဖို့အခွင့်အလမ်း
ရှိနေပြီလို့လည်း ဆောက်ဂိတ်ကလှုံ့ဆော်မှုပေးလိုက်တာဖြစ်တယ်။
၂၀၁၈ ကမ္ဘာ့ဖလားမှာ ဆီမီးရောက်ခဲ့တဲ့ အင်္ဂလန်အသင်းဟာ
ကြားကာလ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်အထိတက်လှမ်းခဲ့တာကြောင့်
လက်ရှိကမ္ဘာ့ဖလားမှာချန်ပီယံဖြစ်ဖို့ရေပန်းစားနေတာဖြစ်တယ်။
ပြင်သစ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာတော့ အမ်ဘာပီရဲ့ခြိမ်းခြောက်မှုကို
တားဆီးဖို့နဲ့ ဂရေ့ဇ်မန်းကိုနေရာလွတ်ကနေဖန်တီးမှုတွေမလုပ်နိုင်ဖို့အတွက်
ခံစစ် ၃ယောက်ပုံစံကိုပြောင်းလဲနိုင်သလားဆိုတဲ့ အမေးနဲ့ပတ်သတ်လို့
ဆောက်ဂိတ်က “ဒီပွဲစဉ်အတွက် အရေးအကြီးဆုံးက စိတ်ဓာတ်ပိုင်းပဲဖြစ်တယ်။
နည်းဗျူဟာကျကျပြင်ဆင်မှာပါ။ ဒါပေမဲ့ ဒီလိုပွဲမျိုးမှာ စိန်ခေါ်မှုတွေကို
ရင်ကော့ခေါင်းမော့ပြီးရင်ဆိုင်နိုင်တဲ့ လူတွေကိုလိုအပ်ပါတယ်။
အားလုံးကို သက်သေပြရလိမ့်မယ်” လို့ အသိပေးလိုက်ပါတယ်။
အင်္ဂလန်ဟာ ပြင်သစ်ကိုအနိုင်ရမယ်ဆိုရင် ပေါ်တူဂီ-မော်ရိုကို
ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဆီမီးဖိုင်နယ်အဖြစ်ရင်ဆိုင်ရမှာဖြစ်တယ်။
zawgyi
နည်းဗျူဟာကျကျရင်ဆိုင်မှာဖြစ်ပေမဲ့ စိတ်ဓာတ်ကအရေးအကြီးဆုံးပဲလို့ ဆောက်ဂိတ် အသိပေးလိုက်