နည်းပြ အပြောင်းအလဲနဲ့ အတူ  မှန်းချက်နဲ့ နှမ်းထွက် မကိုက်နိုင်တဲ့ ကစားသမား ခေါ်ယူမှုတွေ ဖြစ်မြောက်ပါ့မလား ယူနိုက်တက်

မကြာခင် ယူနိုက်တက် နည်းပြနေရာ ပြောင်းလဲရပါတော့မယ်။

သတင်းထွက်နေတဲ့ သူတွေ အများကြီးတော့ရှိပါတယ်။

သရဲနီ နည်းပြထိုင်ခုံနေရာအတွက် ပိုချက်တီနိုလည်း ရေပန်းစားပါတယ်။

နောက်ဆုံးထွက်ရှိလာတဲ့ သတင်း တွေအရ တော့တင်ဟမ် နည်းပြဟောင်း က

သူ့ကို ယူနိုက်တက် နည်းပြ အဖြစ် ခန့်အပ်မယ် ဆိုရင်

ကစားသမား (၂) ဦး ခေါ်ယူပေးဖို့ တောင်းဆိုထား တယ်လို့ ဆိုပါတယ်။

ပိုချက်တီနို တောင်းဆိုထားတဲ့ ကစားသမား (၂) ဦးကတော့

အင်္ဂလန် ကစားသမား တွေ ဖြစ်ကြတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း နဲ့

ကွင်းလယ် လူ ဒီကလန်ရိုက်စ် တို့ပဲ ဖြစ်ပါတယ်။

ယူနိုက်တက် အတွက် ကစားသမားခေါ်ယူရေးက

အနည်းနဲ့ အများ အခက်အခဲရှိပါတယ်။

ရိုက်စ်ကို ခေါ်ယူရေးက ပြဿနာမရှိပေမယ့် အသက် (၃၀)ပြည့်တော့မယ့်

ကိန်းကို ခေါ်ယူရေးမှာတော့ စဉ်းစားစရာတွေ များပါတယ်။

ကိန်း ကို ပြီးခဲ့တဲ့ရာသီ မှာ မန်စီးတီး အသင်း က ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့်

ပေါင်သန်း(၁၅၀) ကို နည်းနည်း တောင် ဈေးမလျှော့တဲ့

လီဗိုင်း ကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရပါတယ်။

ကိန်း ဘက်ကတော့ တော့တင်ဟမ် သာ ဒီရာသီ ချန်ပီယံလိဂ် ဝင်ခွင့်မရရင်

သေချာပေါက် ထွက်ခွါမှာဖြစ်လို့ ပိုချက်တီနို သာ

ယူနိုက်တက် နည်းပြဖြစ်လာခဲ့ရင် အိုးထရဒ့်ဖိုဒ့် မှာ

ဆရာတပည့် အတွဲ ကို ပြန်မြင်တွေ့ ရဖွယ် ရှိပါတယ်။

ယူနိုက်တက် ဘုတ်အဖွဲ့က ကိန်း အတွက် ပေါင်သန်း(၉၀)

ဈေးသတ်မှတ်ထားသလို ရိုက်စ် အတွက် ပေါင်သန်း (၆၀) ဈေးသာ

စဉ်းစား ထားကာ၊ စုစုပေါင်းပေါင်သန်း(၁၅၀) အထိ လောက်သာ သုံးဖို့ ရှိပါတယ်။

ဒါကြောင့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်နိုင်တဲ့

ကစားသမား ခေါ်ယူမှုတွေ ဖြစ်မြောက်ပါ့မလား။

zawgyi

နည္းျပ အေျပာင္းအလဲနဲ႔ အတူ  မွန္းခ်က္နဲ႔ ႏွမ္းထြက္ မကိုက္ႏိုင္တဲ့ ကစားသမား ေခၚယူမႈေတြ ျဖစ္ေျမာက္ပါ့မလား ယူႏိုက္တက္

မၾကာခင္ ယူႏိုက္တက္ နည္းျပေနရာ ေျပာင္းလဲရပါေတာ့မယ္။

သတင္းထြက္ေနတဲ့ သူေတြ အမ်ားႀကီးေတာ့ရွိပါတယ္။

သရဲနီ နည္းျပထိုင္ခုံေနရာအတြက္ ပိုခ်က္တီႏိုလည္း ေရပန္းစားပါတယ္။

ေနာက္ဆုံးထြက္ရွိလာတဲ့ သတင္း ေတြအရ ေတာ့တင္ဟမ္ နည္းျပေဟာင္း က

သူ႔ကို ယူႏိုက္တက္ နည္းျပ အျဖစ္ ခန႔္အပ္မယ္ ဆိုရင္

ကစားသမား (၂) ဦး ေခၚယူေပးဖို႔ ေတာင္းဆိုထား တယ္လို႔ ဆိုပါတယ္။

ပိုခ်က္တီႏို ေတာင္းဆိုထားတဲ့ ကစားသမား (၂) ဦးကေတာ့

အဂၤလန္ ကစားသမား ေတြ ျဖစ္ၾကတဲ့ တိုက္စစ္မႉး ဟယ္ရီကိန္း နဲ႔

ကြင္းလယ္ လူ ဒီကလန္႐ိုက္စ္ တို႔ပဲ ျဖစ္ပါတယ္။

ယူႏိုက္တက္ အတြက္ ကစားသမားေခၚယူေရးက အနည္းနဲ႔ အမ်ား အခက္အခဲရွိပါတယ္။

႐ိုက္စ္ကို ေခၚယူေရးက ျပႆနာမရွိေပမယ့္ အသက္ (၃၀)ျပည့္ေတာ့မယ့္

ကိန္းကို ေခၚယူေရးမွာေတာ့ စဥ္းစားစရာေတြ မ်ားပါတယ္။

ကိန္း ကို ၿပီးခဲ့တဲ့ရာသီ မွာ မန္စီးတီး အသင္း က ေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္

ေပါင္သန္း(၁၅၀) ကို နည္းနည္း ေတာင္ ေဈးမေလွ်ာ့တဲ့

လီဗိုင္း ေၾကာင့္ အေျပာင္းအေ႐ႊ႕ပ်က္ျပယ္ခဲ့ရပါတယ္။

ကိန္း ဘက္ကေတာ့ ေတာ့တင္ဟမ္ သာ ဒီရာသီ ခ်န္ပီယံလိဂ္ ဝင္ခြင့္မရရင္

ေသခ်ာေပါက္ ထြက္ခြါမွာျဖစ္လို႔ ပိုခ်က္တီႏို သာ

ယူႏိုက္တက္ နည္းျပျဖစ္လာခဲ့ရင္ အိုးထရဒ့္ဖိုဒ့္ မွာ

ဆရာတပည့္ အတြဲ ကို ျပန္ျမင္ေတြ႕ ရဖြယ္ ရွိပါတယ္။

ယူႏိုက္တက္ ဘုတ္အဖြဲ႕က ကိန္း အတြက္ ေပါင္သန္း(၉၀)

ေဈးသတ္မွတ္ထားသလို ႐ိုက္စ္ အတြက္ ေပါင္သန္း (၆၀) ေဈးသာ

စဥ္းစား ထားကာ၊ စုစုေပါင္းေပါင္သန္း(၁၅၀) အထိ ေလာက္သာ သုံးဖို႔ ရွိပါတယ္။

ဒါေၾကာင့္ မွန္းခ်က္နဲ႔ ႏွမ္းထြက္ မကိုက္ႏိုင္တဲ့

ကစားသမား ေခၚယူမႈေတြ ျဖစ္ေျမာက္ပါ့မလား။