
တိုက်ရိုက်ခြေစစ်ပွဲအောင်ခွင့်နဲ့ လွဲချော်သွားခဲ့ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ
အောင်မြင်မယ်လို့ ယုံကြည်ကြောင်း အီတလီနည်းပြ ရောဘတ်တို မန်စီနီက
အခိုင်အမာပြောကြားလိုက်ပါတယ်။ အီတလီဟာ အုပ်စုနောက်ဆုံးပွဲမှာ
မြောက်အိုင်ယာလန်ကို အဝေးကွင်းမှာ ဂိုးမရှိသရေသာကစားနိုင်ခဲ့ပြီး
တစ်ဘက်မှာ ဆွစ်ဇာလန်က ဘူလ်ဂေးရီးယားကို ၄-၀ နဲ့ အနိုင်ကစားနိုင်ခဲ့လို့
ဆွစ်ဇာလန်နောက် ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး
မတ်လအတွင်းမှာ ပလေးအော့ဖ် ကစားရတော့မှာပါ။
အီတလီဟာ ပြီးခဲ့တဲ့နွေက ယူရို ၂၀၂၂ ချန်ပီယံဖလားကို ရရှိခဲ့သလို
၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာလည်း ရှုံးပွဲမရှိခဲ့ပါဘူး။ ဒါပေမယ့်
ခြေစစ်ပွဲတွေမှာ ၄ ပွဲသာနိုင်ခဲ့ပြီး ၄ ပွဲသရေကျခဲ့လို့ တိုက်ရိုက်ခြေစစ်ပွဲအောင်ခွင့်နဲ့ လွဲသွားခဲ့တာပါ။
အီတလီဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း တိုက်ရိုက်ခြေစစ်ပွဲအောင်ခွင့်နဲ့
လွဲချော်ခဲ့သလို ဆွီဒင်နဲ့ ပလေးအော့ဖ်ကစားခဲ့ရာမှာလည်း ရှုံးနိမ့်ခဲ့လို့
၁၉၅၈ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ပါတယ်။
ဒါပေမယ့် ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်
အီတလီ ခြေစစ်ပွဲအောင်မယ်လို့ ယုံကြည်ထားကြောင်း မန်စီနီက ပြောပါတယ်။
“အီတလီက အသင်းကောင်းတစ်သင်းဖြစ်နေဆဲလို့ ကျွန်တော်
ယုံကြည်မှု ရှိနေဆဲပါ။ လက်ရှိအချိန်ကတော့ ခက်ခဲတဲ့ အခိုက်အတန့်ပါ။
တိုက်ရိုက်ခြေစစ်ပွဲအောင်ခွင့်ကို အရမယူနိုင်ခဲ့ဘူးလေ။ မတ်လအတွင်းမှာတော့
ကွဲပြားခြားနားသွားမှာပါ။ ပလေးအော့ဖ်ပွဲတွေက ရှုံးထွက်ပွဲတွေ ဖြစ်သလို
နိုင်ဖို့ အခွင့်အလမ်းတွေ ပိုရလာမှာပါ” လို့ လည်း မန်စီနီက ပြောကြားခဲ့ပါတယ်။
zawgyi
နည္းျပ မန္စီနီက အီတလီ ေျခစစ္ပြဲေအာင္မယ္လို႔ ယုံၾကည္ေၾကာင္း အခိုင္အမာ ေျပာၾကား
တိုက္႐ိုက္ေျခစစ္ပြဲေအာင္ခြင့္နဲ႔ လြဲေခ်ာ္သြားခဲ့ေပမယ့္ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ
ေအာင္ျမင္မယ္လို႔ ယုံၾကည္ေၾကာင္း အီတလီနည္းျပ ေရာဘတ္တို မန္စီနီက
အခိုင္အမာေျပာၾကားလိုက္ပါတယ္။ အီတလီဟာ အုပ္စုေနာက္ဆုံးပြဲမွာ
ေျမာက္အိုင္ယာလန္ကို အေဝးကြင္းမွာ ဂိုးမရွိသေရသာကစားႏိုင္ခဲ့ၿပီး
တစ္ဘက္မွာ ဆြစ္ဇာလန္က ဘူလ္ေဂးရီးယားကို ၄-၀ နဲ႔ အႏိုင္ကစားႏိုင္ခဲ့လို႔
ဆြစ္ဇာလန္ေနာက္ ဒုတိယေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ၿပီး
မတ္လအတြင္းမွာ ပေလးေအာ့ဖ္ ကစားရေတာ့မွာပါ။
အီတလီဟာ ၿပီးခဲ့တဲ့ေႏြက ယူ႐ို ၂၀၂၂ ခ်န္ပီယံဖလားကို ရရွိခဲ့သလို
၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြမွာလည္း ရႈံးပြဲမရွိခဲ့ပါဘူး။ ဒါေပမယ့္
ေျခစစ္ပြဲေတြမွာ ၄ ပြဲသာႏိုင္ခဲ့ၿပီး ၄ ပြဲသေရက်ခဲ့လို႔ တိုက္႐ိုက္ေျခစစ္ပြဲေအာင္ခြင့္နဲ႔ လြဲသြားခဲ့တာပါ။
အီတလီဟာ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကလည္း တိုက္႐ိုက္ေျခစစ္ပြဲေအာင္ခြင့္နဲ႔
လြဲေခ်ာ္ခဲ့သလို ဆြီဒင္နဲ႔ ပေလးေအာ့ဖ္ကစားခဲ့ရာမွာလည္း ရႈံးနိမ့္ခဲ့လို႔
၁၉၅၈ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။
ဒါေပမယ့္ ကာတာမွာ က်င္းပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္
အီတလီ ေျခစစ္ပြဲေအာင္မယ္လို႔ ယုံၾကည္ထားေၾကာင္း မန္စီနီက ေျပာပါတယ္။
“အီတလီက အသင္းေကာင္းတစ္သင္းျဖစ္ေနဆဲလို႔ ကြၽန္ေတာ္
ယုံၾကည္မႈ ရွိေနဆဲပါ။ လက္ရွိအခ်ိန္ကေတာ့ ခက္ခဲတဲ့ အခိုက္အတန႔္ပါ။
တိုက္႐ိုက္ေျခစစ္ပြဲေအာင္ခြင့္ကို အရမယူႏိုင္ခဲ့ဘူးေလ။ မတ္လအတြင္းမွာေတာ့
ကြဲျပားျခားနားသြားမွာပါ။ ပေလးေအာ့ဖ္ပြဲေတြက ရႈံးထြက္ပြဲေတြ ျဖစ္သလို
ႏိုင္ဖို႔ အခြင့္အလမ္းေတြ ပိုရလာမွာပါ” လို႔ လည္း မန္စီနီက ေျပာၾကားခဲ့ပါတယ္။