နည်းပြအာတီတာရဲ့ တွန်းအားပေးတဲ့ စကားလုံးအသုံးအနှုန်းတွေက ကြမ်းမှကြမ်းပါလား

အာဆင်နယ်နည်းပြ အာတီတာက သူ့ရဲ့ အသင်းသားတွေကို လှုံ့ဆော်တွန်း အားပေးတဲ့ နေရာမှာ သုံးနှုန်းတဲ့ ဝေါဟာရတွေဟာ အကြမ်းစားတွေပါလားလို့ တောင် ပြောရမလိုဖြစ်နေပြီ။ အာတီတာဟာ ခေတ်သစ် မော်ဒန်ဘောလုံး လောကမှာ အတွေးအခေါ် ဆန်းသစ်သူတစ်ယောက်ဖြစ်တယ်လို့

မကြာခဏ ဖော်ပြခံရလေ့ရှိပေမယ့် ဓာတ်ပြားဟောင်းကြီးရဲ့ အသုံးဝင်ပုံကိုလည်း ကောင်းကောင်း သိနားလည်သူတစ်ယောက်ဖြစ်ပါတယ်။ ပွဲတစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ရာမှာ စိတ်ပိုင်းဆိုင်ရာ၊ အကိုးအကား အချက်အလက်၊ ဟော ပြောပို့ချက်တွေလုပ်ဖို့ တစ်ခုပြီးတစ်ခု

လဲလှယ်အသုံးပြုနိုင်တဲ့ ကားချပ်အရှင် တွေအပါအဝင် နည်းလမ်းပေါင်းစုံကိုသုံးပြီး အသင်းသားတွေအပေါ် တွန်း အားပေးပုံတွေက ဂန်းနားတွေအဖု့ိတော့ လေးလေးနက်နက်ကို အသိအမှတ် ပြုရမယ့် ဆရာတစ်ဆူပါပဲ။ အသင်းသားတွေကို သူ တွန်းအားပေးနေကျ စကား တစ်ခွန်း ရှိပါတယ်။

အဲဒါကို အရိုးရှင်းဆုံး ဖော်ပြရမယ်ဆိုရင်တော့ ‘’သူတို့က မင်းတို့ကို ဒါပဲ ထင်နေတာ’’လို့ ဆိုတာပါပဲ။ ပြီးခဲ့တဲ့ရာသီတုန်းကဆိုရင် အာတီတာဟာ အသင်းသားတွေကို လှုံ့ဆော်မှု ပေးရာမှာ ကြမ်းတမ်းတဲ့ စကားလုံးအသုံးအနှုန်းတွေကို ထပ်ခါတလဲလဲ အသုံးပြုခဲ့ပြီး

အထူးသဖြင့် ပြီးခဲ့တဲ့ဘောလုံးရာသီ မန်စီးတီးကွင်းကို သွား ရောက်ကစားရမယ့် ပွဲစဉ်အတွက် အသင်းသားတွေကို လှုံ့ဆော်မှု ပေးရာမှာ ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေကို အလေးပေးပြီး သုံးသွားခဲ့တာပါ။ အဲဒီပွဲစဉ် မတိုင်ခင်မှာ အာတီတာဟာ COVID-19 ရောဂါပိုး

ကူးစက်ခံထားရတာကြောင့် အသင်းသားတွေနဲ့ မျက်နှာချင်းဆိုင် ထိတွေ့ခွင့် မရခဲ့ဘဲ Zoom Meeting ကနေသာ စကားပြောခွင့်ရပါတယ်။ ဒါပေမဲ့ သူပြော တဲ့ စကားတွေကတော့ ဒီလိုတွေပါ။ ‘’အဲဒီကို မလာနိုင်လို့ ငါ တကယ်ကို စိတ် မကောင်းဘူး ငါ့ကောင်တွေရ။ ဘာကြောင့်လဲဆိုတော့ ငါတို့ f——g war ထဲကို

သွားရတော့မယ်။ တစ်ခုပဲ မင်းကိုယ်မင်း ယုံထား။ မန်စီးတီးကို ထိပ် တိုက်စီးချင်းထိုးတဲ့ပွဲမျုး ငါလိုချင်တယ်။ ငါ့ကောင်တွေ သူတို့ကို ယှဉ်တိုက် နေတာမျုးကို လိုချင်တယ်။ အီးမရိတ်စ်ကွင်းမှာ ကစားတုန်းက သူတို့ လုပ်ပြ ခဲ့တာကို မင်းတို့ သတိရစမ်း။ သုံးဂိုးနဲ့ နိုင်နေပြီး ငါတို့က

တစ်ယောက် ထွက်ထားရတာတောင် သူတို့က မင်းတို့ကို အရှက်ခွဲဖို့ ေ-ာက်မာရက်ဇ်နဲ့ ေ-ာက်စတာ လင်းတို့ကို ထပ်ထည့်တယ်။ အဲဒီအတွက် သွားကြစို့ ငါ့ကောင်တွေ။ ငါမင်းတို့အတွက် ဂုဏ်ယူတယ်။ အဲဒီကိုသွားပြီး အနိုင်ရလဒ်ယူပြီး ပြန်လာခဲ့ကြ ငါ့ကောင်တွေ’’ ဆိုပြီး

တွန်းအားပေးခဲ့တာပါ။ ဒါပေမဲ့ မန်စီးတီးကွင်း ကို သွားကစားခဲ့တဲ့ ပြီးခဲ့တဲ့ရာသီ အဝေးကွင်းပွဲစဉ်မှာတော့ အာဆင်နယ်ဟာ ပွဲချိန် ၃၅ မိနစ်မှာ ကွင်းလယ်လူ ရှာကာ အထုတ်ခံခဲ့ရပြီး ပွဲအပြီးမှာ ၅-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

(zawgyi)

အာဆင္နယ္နည္းျပ အာတီတာက သူ႔ရဲ႕ အသင္းသားေတြကို လႈံ႕ေဆာ္တြန္း အားေပးတဲ့ ေနရာမွာ သုံးႏႈန္းတဲ့ ေဝါဟာရေတြဟာ အၾကမ္းစားေတြပါလားလို႔ ေတာင္ ေျပာရမလိုျဖစ္ေနၿပီ။ အာတီတာဟာ ေခတ္သစ္ ေမာ္ဒန္ေဘာလုံး ေလာကမွာ အေတြးအေခၚ ဆန္းသစ္သူတစ္ေယာက္ျဖစ္တယ္လို႔ မၾကာခဏ

ေဖာ္ျပခံရေလ့ရွိေပမယ့္ ဓာတ္ျပားေဟာင္းႀကီးရဲ႕ အသုံးဝင္ပုံကိုလည္း ေကာင္းေကာင္း သိနားလည္သူတစ္ေယာက္ျဖစ္ပါတယ္။ ပြဲတစ္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ရာမွာ စိတ္ပိုင္းဆိုင္ရာ၊ အကိုးအကား အခ်က္အလက္၊ ေဟာ ေျပာပို႔ခ်က္ေတြလုပ္ဖို႔ တစ္ခုၿပီးတစ္ခု လဲလွယ္အသုံးျပဳႏိုင္တဲ့ ကားခ်ပ္အရွင္ ေတြအပါအဝင္

နည္းလမ္းေပါင္းစုံကိုသုံးၿပီး အသင္းသားေတြအေပၚ တြန္း အားေပးပုံေတြက ဂန္းနားေတြအဖု႔ိေတာ့ ေလးေလးနက္နက္ကို အသိအမွတ္ ျပဳရမယ့္ ဆရာတစ္ဆူပါပဲ။ အသင္းသားေတြကို သူ တြန္းအားေပးေနက် စကား တစ္ခြန္း ရွိပါတယ္။ အဲဒါကို အ႐ိုးရွင္းဆုံး ေဖာ္ျပရမယ္ဆိုရင္ေတာ့ ‘’သူတို႔က မင္းတို႔ကို ဒါပဲ ထင္ေနတာ’’လို႔

ဆိုတာပါပဲ။ ၿပီးခဲ့တဲ့ရာသီတုန္းကဆိုရင္ အာတီတာဟာ အသင္းသားေတြကို လႈံ႕ေဆာ္မႈ ေပးရာမွာ ၾကမ္းတမ္းတဲ့ စကားလုံးအသုံးအႏႈန္းေတြကို ထပ္ခါတလဲလဲ အသုံးျပဳခဲ့ၿပီး အထူးသျဖင့္ ၿပီးခဲ့တဲ့ေဘာလုံးရာသီ မန္စီးတီးကြင္းကို သြား ေရာက္ကစားရမယ့္ ပြဲစဥ္အတြက္ အသင္းသားေတြကို လႈံ႕ေဆာ္မႈ ေပးရာမွာ ၾကမ္းတမ္းတဲ့

အသုံးအႏႈန္းေတြကို အေလးေပးၿပီး သုံးသြားခဲ့တာပါ။ အဲဒီပြဲစဥ္ မတိုင္ခင္မွာ အာတီတာဟာ COVID-19 ေရာဂါပိုး ကူးစက္ခံထားရတာေၾကာင့္ အသင္းသားေတြနဲ႔ မ်က္ႏွာခ်င္းဆိုင္ ထိေတြ႕ခြင့္ မရခဲ့ဘဲ Zoom Meeting ကေနသာ စကားေျပာခြင့္ရပါတယ္။ ဒါေပမဲ့ သူေျပာ တဲ့ စကားေတြကေတာ့ ဒီလိုေတြပါ။ ‘’အဲဒီကို မလာႏိုင္လို႔

ငါ တကယ္ကို စိတ္ မေကာင္းဘူး ငါ့ေကာင္ေတြရ။ ဘာေၾကာင့္လဲဆိုေတာ့ ငါတို႔ f——g war ထဲကို သြားရေတာ့မယ္။ တစ္ခုပဲ မင္းကိုယ္မင္း ယုံထား။ မန္စီးတီးကို ထိပ္ တိုက္စီးခ်င္းထိုးတဲ့ပြဲမ်ဳး ငါလိုခ်င္တယ္။ ငါ့ေကာင္ေတြ သူတို႔ကို ယွဥ္တိုက္ ေနတာမ်ဳးကို လိုခ်င္တယ္။ အီးမရိတ္စ္ကြင္းမွာ ကစားတုန္းက

သူတို႔ လုပ္ျပ ခဲ့တာကို မင္းတို႔ သတိရစမ္း။ သုံးဂိုးနဲ႔ ႏိုင္ေနၿပီး ငါတို႔က တစ္ေယာက္ ထြက္ထားရတာေတာင္ သူတို႔က မင္းတို႔ကို အရွက္ခြဲဖို႔ ေ-ာက္မာရက္ဇ္နဲ႔ ေ-ာက္စတာ လင္းတို႔ကို ထပ္ထည့္တယ္။ အဲဒီအတြက္ သြားၾကစို႔ ငါ့ေကာင္ေတြ။ ငါမင္းတို႔အတြက္ ဂုဏ္ယူတယ္။ အဲဒီကိုသြားၿပီး အႏိုင္ရလဒ္ယူၿပီး

ျပန္လာခဲ့ၾက ငါ့ေကာင္ေတြ’’ ဆိုၿပီး တြန္းအားေပးခဲ့တာပါ။ ဒါေပမဲ့ မန္စီးတီးကြင္း ကို သြားကစားခဲ့တဲ့ ၿပီးခဲ့တဲ့ရာသီ အေဝးကြင္းပြဲစဥ္မွာေတာ့ အာဆင္နယ္ဟာ ပြဲခ်ိန္ ၃၅ မိနစ္မွာ ကြင္းလယ္လူ ရွာကာ အထုတ္ခံခဲ့ရၿပီး ပြဲအၿပီးမွာ ၅-၀ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ရပါတယ္။