နည်းပြအယ်လီဂရီကို ထုတ်ပယ်ဖို့ အချိန်မတန်သေးဘူးလို့ အွန်နရီ သုံးသပ်

ဂျူဗင်တပ်အသင်းချန်ပီယံလိဂ်အုပ်စုအဆင့်ကထွက်ခဲ့ရပေမဲ့ နည်းပြအယ်လီဂရီကို ချက်ချင်းမထုတ်ပယ်လိုက်ဖို့ တိုက်စစ်မှူးဟောင်းအွန်နရီကတောင်းဆိုလိုက်ပါတယ်။

ဘင်ဖီကာကို ၄-၃ဂိုးနဲ့ အရေးနိမ့်ပြီးနောက် နာမည်ကျော်ဘောလုံးတင်ဆက်သူတွေအ ပါအဝင်ကစားသမားဟောင်းတွေက နည်းပြအယ်လ်လီဂရီကိုထုတ်ပယ်သင့်တယ်လို့ ယူဆခဲ့ကြပေမဲ့

အွန်နရီကတော့ ကလပ်အသင်းအမှုဆောင်အရာရှိတွေကိုသာပြစ်တင်သွားခဲ့တာဖြစ်တယ်။

အွန်ရီက “ကျွန်တော့် အမြင်အရကတော့ နည်းပြကို ထုတ်ပယ်လိုက်တာဟာ ပြဿနာရဲ့အရင်းအမြစ်ဖြစ်လိမ့်မယ်လို့ မထင်ပါဘူး။

ခင်ဗျားတို့သိတဲ့အတိုင်း အသင်းကစားဟန်ကို ဖော်ဆောင်ပေးနိုင်မယ့်

နည်းပြခေါ်ဖို့ဆိုတာ အခုနှစ်တွေမှာ အရမ်းကိုခက်ခဲပါတယ်။

ကျွန်တော်ကတော့ အသင်းရဲ့ အပေါ်ကနေ အောက်ခြေအထိအတွင်းမှာ ပြဿနာအများကြီး ရှိလိမ့်မယ်လို့ထင်ပါတယ်။

အသင်းရဲ့ရလဒ်တွေပြန်လည်ကောင်းမွန်လာဖို့ဆိုတာ အောက်ခြေနဲ့ ကွင်းတွင်းမှာသာလိုက်လုပ်နေလို့မရဘူးဆိုတာ

ပီယာလိုထွက်သွားတုန်း ကကျွန်တော်ပြောခဲ့ဖူးသလို ဆာရီထွက်တော့လဲပြောခဲ့ပါတယ်။

ရလဒ်ကောင်းတွေမဖြစ်နေတာက နည်းပြမကောင်းလို့ ဆိုပြီးပြောနေတာက မဟုတ်သေးပါဘူး။

နိုင်ပွဲတွေရရှိဖို့နဲ့ ပရိသတ်တွေကျေနပ်စေတဲ့ ရလဒ်တွေဖြစ်အောင်တော့ နည်းပြဘက်ကလည်းလုပ်နိုင်ရပါမယ်။

ဒါပေမဲ့ အသင်းရဲ့ တံခါးနောက်ကွယ်မှာ ဘာတွေ ဖြစ်နေသလဲဆိုတာ ကျွန်တော်တို့မသိပါဘူး။

 

အသင်းရလဒ်တွေ အတွက် တစ်ခါတလေမှာ အချိန်ယူရတဲ့အခါတွေရှိပါတယ်။

ကျွန်တော်ပြောနေတာတွေက ခင်ဗျားတို့ကို အယ်လ်လီဂရီနဲ့ပဲ

ဆက်သွား ရမယ်လို့တော့ မဆိုလိုပါဘူး” လို့ CBS Sports ကတစ်ဆင့်သုံးသပ်ခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့် ၅ပွဲမှာ ၃မှတ်သာရထားပြီး လာမယ့်ပွဲစဉ်မှာ

ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရဖို့ရှိလို့ ယူရိုပါလိဂ်ဆင်းကစားခွင့်အတွက်တောင်အာမခံချက်မရှိသလောက် ဖြစ်နေတယ်။

(Zawgyi)

၃ႏွစ္အတြင္း နည္းျပ ၃ေယာက္ အေျပာင္းအလဲလုပ္ခဲ့တဲ့ ဂ်ဴဗင္တပ္အသင္းမွာ ျပႆနာေပါင္းေသာင္းေျခာက္ေထာင္ရွိေနၿပီလို႔ အြန္နရီ သုံးသပ္လိုက္

ဂ်ဴဗင္တပ္အသင္းခ်န္ပီယံလိဂ္အုပ္စုအဆင့္ကထြက္ခဲ့ရေပမဲ့ နည္းျပအယ္လီဂရီကို ခ်က္ခ်င္းမထုတ္ပယ္လိုက္ဖို႔ တိုက္စစ္မႉးေဟာင္းအြန္နရီကေတာင္းဆိုလိုက္ပါတယ္။

ဘင္ဖီကာကို ၄-၃ဂိုးနဲ႔ အေရးနိမ့္ၿပီးေနာက္ နာမည္ေက်ာ္ေဘာလုံးတင္ဆက္သူေတြအ ပါအဝင္ကစားသမားေဟာင္းေတြက

နည္းျပအယ္လ္လီဂရီကိုထုတ္ပယ္သင့္တယ္လို႔ ယူဆခဲ့ၾကေပမဲ့ အြန္နရီကေတာ့ ကလပ္အသင္းအမႈေဆာင္အရာရွိေတြကိုသာျပစ္တင္သြားခဲ့တာျဖစ္တယ္။

အြန္ရီက “ကြၽန္ေတာ့္ အျမင္အရကေတာ့ နည္းျပကို ထုတ္ပယ္လိုက္တာဟာ ျပႆနာရဲ႕အရင္းအျမစ္ျဖစ္လိမ့္မယ္လို႔ မထင္ပါဘူး။

ခင္ဗ်ားတို႔သိတဲ့အတိုင္း အသင္းကစားဟန္ကို ေဖာ္ေဆာင္ေပးႏိုင္မယ့္

နည္းျပေခၚဖို႔ဆိုတာ အခုႏွစ္ေတြမွာ အရမ္းကိုခက္ခဲပါတယ္။

ကြၽန္ေတာ္ကေတာ့ အသင္းရဲ႕ အေပၚကေန ေအာက္ေျခအထိအတြင္းမွာ ျပႆနာအမ်ားႀကီး ရွိလိမ့္မယ္လို႔ထင္ပါတယ္။

အသင္းရဲ႕ရလဒ္ေတြျပန္လည္ေကာင္းမြန္လာဖို႔ဆိုတာ ေအာက္ေျခနဲ႔ ကြင္းတြင္းမွာသာလိုက္လုပ္ေနလို႔မရဘူးဆိုတာ

ပီယာလိုထြက္သြားတုန္း ကကြၽန္ေတာ္ေျပာခဲ့ဖူးသလို ဆာရီထြက္ေတာ့လဲေျပာခဲ့ပါတယ္။

ရလဒ္ေကာင္းေတြမျဖစ္ေနတာက နည္းျပမေကာင္းလို႔ ဆိုၿပီးေျပာေနတာက မဟုတ္ေသးပါဘူး။

ႏိုင္ပြဲေတြရရွိဖို႔နဲ႔ ပရိသတ္ေတြေက်နပ္ေစတဲ့ ရလဒ္ေတြျဖစ္ေအာင္ေတာ့ နည္းျပဘက္ကလည္းလုပ္ႏိုင္ရပါမယ္။

ဒါေပမဲ့ အသင္းရဲ႕ တံခါးေနာက္ကြယ္မွာ ဘာေတြ ျဖစ္ေနသလဲဆိုတာ ကြၽန္ေတာ္တို႔မသိပါဘူး။

အသင္းရလဒ္ေတြ အတြက္ တစ္ခါတေလမွာ အခ်ိန္ယူရတဲ့အခါေတြရွိပါတယ္။

ကြၽန္ေတာ္ေျပာေနတာေတြက ခင္ဗ်ားတို႔ကို အယ္လ္လီဂရီနဲ႔ပဲ

ဆက္သြား ရမယ္လို႔ေတာ့ မဆိုလိုပါဘူး” လို႔ CBS Sports ကတစ္ဆင့္သုံးသပ္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္အသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ ၅ပြဲမွာ ၃မွတ္သာရထားၿပီး လာမယ့္ပြဲစဥ္မွာ

ပီအက္စ္ဂ်ီနဲ႔ရင္ဆိုင္ရဖို႔ရွိလို႔ ယူ႐ိုပါလိဂ္ဆင္းကစားခြင့္အတြက္ ေတာင္အာမခံခ်က္မရွိျဖစ္ေနတယ္။