
မန်ယူအသင်းဟာလာမယ့်ရာသီအတွက် နည်းပြသစ်ရှာပုံတော်ဖွင့်နေရာမှာ
သူတို့ရည်ရွယ်ထားတဲ့သူတွေထဲက ၄ ဦးကို
နောက် ဆုံးစာရင်းအဖြစ်ရွေးချယ်လိုက်ပြီဖြစ်လို့
နည်းပြသစ်ဖြစ်လာမယ့်သူကို ခန့်မှန်းဖို့ပိုလွယ်ကူသွားပါပြီ။
The Athletic ရဲ့ဖော်ပြ ချက်အရ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို၊
စပိန်လက်ရွေးစင်အသင်းနည်းပြ လူးဝစ်အင်းနရစ်၊
အေဂျက်နည်းပြ အဲရစ်တန်ဟက် နဲ့
ဆီဗီလာနည်းပြ လိုပက်တီဂူ တို့ဘဲဖြစ်တယ်လို့ သိရပါတယ်။
မန်ယူဟာပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ဆိုးလ်ရှားကိုရာထူးက နေ
ထုတ်ပယ်လိုက်ပြီးနောက် ရန်းနစ်ခ်ကိုရာသီကုန်ချိန်အထိ
ယာယီနည်းပြအဖြစ် ခန့်အပ်ထားတာပါ။
မန်ယူဟာဒီ ၄ ယောက် ထဲကနေစိတ်ကြိုက်ဖြစ်သူကိုရွေးဖို့
အချိန်လည်းရနေသေးလို့ ချက်ချင်းသိရဖို့တော့မရှိသေးပါဘူး။
ဒါပေမယ့်နည်းပြသစ်အ တွက်သူတို့တွေသတ်မှတ်ထားတဲ့အချက်ထဲမှာ
ဥရောပထိပ်တန်းကလပ်တစ်ခုကို ကိုင်တွယ်ဘူးတဲ့အတွေ့အကြုံရှိရမယ်ဆို တဲ့
အချက်ပါဝင်ထားတဲ့အတိုင်း အခုရွေးထားတဲ့ ၄ ဦးစလုံးဟာ
ထိပ်တန်းအဆင့်ကိုင်တွယ်ခဲ့သူတွေချည်းပါဘဲ။
ပိုချက်တီနိုဆိုရင် စပါးကိုချန်ပီယံလိဂ်ဗိုလ်လုပွဲပို့ဆောင်ပေးနိုင်ခဲ့သလို
လက်ရှိပီအက်စ်ဂျီနည်းပြလည်းဖြစ်ပါတယ်။
အဲရစ်တန် ဟက်ကတော့ အေဂျက်ကိုချန်ပီယံလိဂ်ကွာတားအထိ
ပို့ဆောင်ပေးထားသူဖြစ်ပြီး နယ်သာလန်ပြည်တွင်းမှာလည်း
အမှတ် ပေးချန်ပီယံနဲ့ ရှုံးထွက်ဖလားတိုကို
နှစ်ရာသီဆက်တိုက်ရယူနိုင်ခဲ့သူဖြစ်ပါတယ်။
အင်းနရစ်ဟာလည်း ဘာစီလိုနာနဲ့အတူ ချန် ပီယံလိဂ်ဖလားရရှိခဲ့ဘူးပြီး
ပြည်တွင်းချန်ပီယံဘွဲ့အချို့ကိုလည်း ဆွတ်ခူးခဲ့ကာ လက်ရှိမှာ
စပိန်အသင်းကိုကိုင်တွယ်နေတာ ပါ။ လိုပက်တီဂူကတော့
ပေါ်တို၊ စပိန်၊ ရီးရဲလ်မက်ဒရစ်တို့ကိုနည်းပြခဲ့တဲ့အပြင်
လက်ရှိမှာဆီဗီလာကို တာဝန်ယူနေသူ ဖြစ်ပါတယ်။
အားလုံးဟာလက်ရှိမှာအသင်းကိုယ်စီရှိကြပေမယ့် ပိုချက်တီနိုကတော့
ပရီးမီးယားလိဂ်အတွေ့အကြုံရှိသူဖြစ်နေ လို့
သူကရေပန်းအစားဆုံးလို့လည်း သိရပါတယ်။
zawgyi
နည္းျပသစ္ရာထူးအတြက္ ေနာက္ဆုံးစာရင္းအျဖစ္ ၄ ဦးထြက္ေပၚလာၿပီျဖစ္တဲ့ မန္ယူ
မန္ယူအသင္းဟာလာမယ့္ရာသီအတြက္ နည္းျပသစ္ရွာပုံေတာ္ဖြင့္ေနရာမွာ
သူတို႔ရည္႐ြယ္ထားတဲ့သူေတြထဲက ၄ ဦးကို
ေနာက္ ဆုံးစာရင္းအျဖစ္ေ႐ြးခ်ယ္လိုက္ၿပီျဖစ္လို႔
နည္းျပသစ္ျဖစ္လာမယ့္သူကို ခန႔္မွန္းဖို႔ပိုလြယ္ကူသြားပါၿပီ။
The Athletic ရဲ႕ေဖာ္ျပ ခ်က္အရ ပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီႏို၊
စပိန္လက္ေ႐ြးစင္အသင္းနည္းျပ လူးဝစ္အင္းနရစ္၊
ေအဂ်က္နည္းျပ အဲရစ္တန္ဟက္ နဲ႔
ဆီဗီလာနည္းျပ လိုပက္တီဂူ တို႔ဘဲျဖစ္တယ္လို႔ သိရပါတယ္။
မန္ယူဟာၿပီးခဲ့တဲ့ ႏိုဝင္ဘာလတုန္းက ဆိုးလ္ရွားကိုရာထူးက ေန
ထုတ္ပယ္လိုက္ၿပီးေနာက္ ရန္းနစ္ခ္ကိုရာသီကုန္ခ်ိန္အထိ
ယာယီနည္းျပအျဖစ္ ခန႔္အပ္ထားတာပါ။
မန္ယူဟာဒီ ၄ ေယာက္ ထဲကေနစိတ္ႀကိဳက္ျဖစ္သူကိုေ႐ြးဖို႔
အခ်ိန္လည္းရေနေသးလို႔ ခ်က္ခ်င္းသိရဖို႔ေတာ့မရွိေသးပါဘူး။
ဒါေပမယ့္နည္းျပသစ္အ တြက္သူတို႔ေတြသတ္မွတ္ထားတဲ့အခ်က္ထဲမွာ
ဥေရာပထိပ္တန္းကလပ္တစ္ခုကို ကိုင္တြယ္ဘူးတဲ့အေတြ႕အႀကဳံရွိရမယ္ဆို တဲ့
အခ်က္ပါဝင္ထားတဲ့အတိုင္း အခုေ႐ြးထားတဲ့ ၄ ဦးစလုံးဟာ
ထိပ္တန္းအဆင့္ကိုင္တြယ္ခဲ့သူေတြခ်ည္းပါဘဲ။
ပိုခ်က္တီႏိုဆိုရင္ စပါးကိုခ်န္ပီယံလိဂ္ဗိုလ္လုပြဲပို႔ေဆာင္ေပးႏိုင္ခဲ့သလို
လက္ရွိပီအက္စ္ဂ်ီနည္းျပလည္းျဖစ္ပါတယ္။
အဲရစ္တန္ ဟက္ကေတာ့ ေအဂ်က္ကိုခ်န္ပီယံလိဂ္ကြာတားအထိ
ပို႔ေဆာင္ေပးထားသူျဖစ္ၿပီး နယ္သာလန္ျပည္တြင္းမွာလည္း
အမွတ္ ေပးခ်န္ပီယံနဲ႔ ရႈံးထြက္ဖလားတိုကို
ႏွစ္ရာသီဆက္တိုက္ရယူႏိုင္ခဲ့သူျဖစ္ပါတယ္။
အင္းနရစ္ဟာလည္း ဘာစီလိုနာနဲ႔အတူ ခ်န္ ပီယံလိဂ္ဖလားရရွိခဲ့ဘူးၿပီး
ျပည္တြင္းခ်န္ပီယံဘြဲ႕အခ်ိဳ႕ကိုလည္း ဆြတ္ခူးခဲ့ကာ လက္ရွိမွာ
စပိန္အသင္းကိုကိုင္တြယ္ေနတာ ပါ။ လိုပက္တီဂူကေတာ့
ေပၚတို၊ စပိန္၊ ရီးရဲလ္မက္ဒရစ္တို႔ကိုနည္းျပခဲ့တဲ့အျပင္
လက္ရွိမွာဆီဗီလာကို တာဝန္ယူေနသူ ျဖစ္ပါတယ္။
အားလုံးဟာလက္ရွိမွာအသင္းကိုယ္စီရွိၾကေပမယ့္ ပိုခ်က္တီႏိုကေတာ့
ပရီးမီးယားလိဂ္အေတြ႕အႀကဳံရွိသူျဖစ္ေန လို႔ သူကေရပန္းအစားဆုံးလို႔လည္း သိရပါတယ္။