
လန်ဒန်မြို့ခံပြိုင်ဘက် ပဲလေ့စ်နဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ ပြိုင်ပွဲစုံ





နောက်ဆုံး ၁၁ပွဲ ဆက်အနိုင်ရထားတဲ့ ချဲလ်ဆီးဟာ ဒီပွဲမှာ
နောက်ခံလူသစ် ဘာဒီရာရှီလီကို ပွဲထုတ်ခဲ့သလို ချူဝူမီကာနဲ့





လီဝစ်ဟော တို့လိုအင်္ဂလန်လူငယ်တွေကိုနေရာပေးခဲ့ပါတယ်။
၁၉၉၅ ခုနှစ် မတ်လအတွင်း စတန်းဖို့ဒ်ဘရစ်ချ်တွေ့ဆုံမှုမှာ
ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ဒီနှစ်သင်း





တွေ့ဆုံခဲ့တဲ့နောက်ဆုံး ၂၄ ပွဲမှာ သရေရလဒ်ထွက်ပေါ်ခြင်းမရှိတာက
စိတ်ဝင်စားဖို့ကောင်းခဲ့တာဖြစ်တယ်။ ဂရေဟမ်ပေါ်တာဟာ





ဆွမ်ဆီးနဲ့ ဘရိုက်တန်တို့ကိုတာဝန်ယူခဲ့စဉ် ပဲလေ့စ်နဲ့
အိမ်ကွင်းတွေ့ဆုံမှု ၄ပွဲမှာ တစ်ပွဲသရေ၊ ၃ပွဲ ရှုံးပြီး နိုင်ပွဲလုံးဝမရခဲ့ပါဘူး။
ပဲလေ့စ်ကတော့ ပရီးမီးယားလိဂ်နောက်ဆုံး ၄ပွဲ မှာ ၃ပွဲ ရှုံးထားပြီး





ပုံစံကောင်းတစ်ရပ်ပျောက်ဆုံးနေခဲ့တာပါ။ သူတို့အတွက်
ဒီပွဲရှုံးခဲ့ရင်တော့ ၁၉၉၄ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်





ပြက္ခဒိန်တစ်နှစ်ရဲ့အဖွင့်ပွဲစဉ် ၃ပွဲဆက်အရေးနိမ့်တဲ့ မှတ်တမ်းဆိုးနဲ့
ရင်ဆိုင်ရဖို့ရှိခဲ့တာဖြစ်တယ်။ နည်းပြဗီအဲရာရဲ့ အသင်းဟာ
ဒီရာသီအတွင်း အမှတ်ပေးဇယား အဆင့် ၁၀ အတွင်းရပ်တည်နေတဲ့





အသင်းတွေနဲ့ရင်ဆိုင်ခဲ့တဲ့ ၈ပွဲမှာ ၃ပွဲ သရေ၊ ၅ပွဲ ရှုံးပြီး နိုင်ပွဲ
လုံးဝမရသေးပါဘူး။ ပဲလေ့စ်ရဲ့ အားထားရတဲ့ တိုက်စစ်မှူး





ဇာဟာကလည်း ချဲလ်ဆီးနဲ့ရင်ဆိုင်ခဲ့တဲ့ ပြိုင်ပွဲစုံ ၁၈ပွဲမှာ ၃ဂိုး သာ
သွင်းထားနိုင်တာပါ။ ပွဲချိန် ၂၄ မိနစ်မှာ သီယာဂိုဆေးလ်ဗားရဲ့
ကန်ချက်ကဂိုးဝင်နိုင်ခဲ့ပေမဲ့ ပဲလေ့စ်ဂိုးသမား ဂူအီတာ





ပုတ်ထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၅ မိနစ် အရောက်မှာတော့
ဇီယက်ရှ်ရဲ့ပေးပို့မှုကတစ်ဆင့် ကိုင်ဟာဗက်ဇ်က ခေါင်းတိုက်ဂိုး





သွင်းယူခဲ့ပြီး ချဲလ်ဆီးကို ဦးဆောင်စေခဲ့ပါတယ်။
၈၅ မိနစ်မှာ ဒူကိုရီရဲ့ကန်ချက်ကောင်းခဲ့ပေမဲ့ ကီပါ ကာကွယ်
နိုင်ခဲ့တာကြောင့် ချဲလ်ဆီးသက်သာရာရခဲ့တာဖြစ်တယ်။





နောက်ပိုင်းပွဲချိန်တွေမှာတော့ သွင်းဂိုးတွေမမြင်ခဲ့ရတဲ့အတွက်
ဂရေဟမ်ပေါ်တာရဲ့ ချဲလ်ဆီးက ပြိုင်ပွဲစုံ ၄ပွဲ ဆက်နိုင်ပွဲ





ပျောက်မှုကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ ပဲလေ့စ်ကတော့
ဒီရာသီမှာ အမှတ်ပေးဇယားအဆင့် ၁၀ အတွင်းအသင်းတွေကို
အနိုင်မရဘူးဆိုတဲ့မှတ်တမ်းဆိုးနဲ့ဆက်လက်ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။





zawgyi
နည္းျပသက္တမ္းတစ္ေလွ်ာက္ အိမ္ကြင္းမွာ ပဲေလ့စ္ကို ပထမဆုံးအႀကိမ္အႏိုင္ရတဲ့ ဂေရဟမ္ေပၚတာ





လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ ပဲေလ့စ္နဲ႔ထိပ္တိုက္ရင္ဆိုင္ခဲ့တဲ့ ၿပိဳင္ပြဲစုံ
ေနာက္ဆုံး ၁၁ပြဲ ဆက္အႏိုင္ရထားတဲ့ ခ်ဲလ္ဆီးဟာ ဒီပြဲမွာ
ေနာက္ခံလူသစ္ ဘာဒီရာရွီလီကို ပြဲထုတ္ခဲ့သလို ခ်ဴဝူမီကာနဲ႔





လီဝစ္ေဟာ တို႔လိုအဂၤလန္လူငယ္ေတြကိုေနရာေပးခဲ့ပါတယ္။
၁၉၉၅ ခုႏွစ္ မတ္လအတြင္း စတန္းဖို႔ဒ္ဘရစ္ခ်္ေတြ႕ဆုံမႈမွာ





ဂိုးမရွိသေရရလဒ္ထြက္ေပၚခဲ့ၿပီးေနာက္ပိုင္း ဒီႏွစ္သင္း
ေတြ႕ဆုံခဲ့တဲ့ေနာက္ဆုံး ၂၄ ပြဲမွာ သေရရလဒ္ထြက္ေပၚျခင္းမရွိတာက
စိတ္ဝင္စားဖို႔ေကာင္းခဲ့တာျဖစ္တယ္။ ဂေရဟမ္ေပၚတာဟာ





ဆြမ္ဆီးနဲ႔ ဘ႐ိုက္တန္တို႔ကိုတာဝန္ယူခဲ့စဥ္ ပဲေလ့စ္နဲ႔
အိမ္ကြင္းေတြ႕ဆုံမႈ ၄ပြဲမွာ တစ္ပြဲသေရ၊ ၃ပြဲ ရႈံးၿပီး ႏိုင္ပြဲလုံးဝမရခဲ့ပါဘူး။





ပဲေလ့စ္ကေတာ့ ပရီးမီးယားလိဂ္ေနာက္ဆုံး ၄ပြဲ မွာ ၃ပြဲ ရႈံးထားၿပီး
ပုံစံေကာင္းတစ္ရပ္ေပ်ာက္ဆုံးေနခဲ့တာပါ။ သူတို႔အတြက္
ဒီပြဲရႈံးခဲ့ရင္ေတာ့ ၁၉၉၄ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္





ျပကၡဒိန္တစ္ႏွစ္ရဲ႕အဖြင့္ပြဲစဥ္ ၃ပြဲဆက္အေရးနိမ့္တဲ့ မွတ္တမ္းဆိုးနဲ႔
ရင္ဆိုင္ရဖို႔ရွိခဲ့တာျဖစ္တယ္။ နည္းျပဗီအဲရာရဲ႕ အသင္းဟာ





ဒီရာသီအတြင္း အမွတ္ေပးဇယား အဆင့္ ၁၀ အတြင္းရပ္တည္ေနတဲ့
အသင္းေတြနဲ႔ရင္ဆိုင္ခဲ့တဲ့ ၈ပြဲမွာ ၃ပြဲ သေရ၊ ၅ပြဲ ရႈံးၿပီး ႏိုင္ပြဲ
လုံးဝမရေသးပါဘူး။ ပဲေလ့စ္ရဲ႕ အားထားရတဲ့ တိုက္စစ္မႉး





ဇာဟာကလည္း ခ်ဲလ္ဆီးနဲ႔ရင္ဆိုင္ခဲ့တဲ့ ၿပိဳင္ပြဲစုံ ၁၈ပြဲမွာ ၃ဂိုး သာ
သြင္းထားႏိုင္တာပါ။ ပြဲခ်ိန္ ၂၄ မိနစ္မွာ သီယာဂိုေဆးလ္ဗားရဲ႕





ကန္ခ်က္ကဂိုးဝင္ႏိုင္ခဲ့ေပမဲ့ ပဲေလ့စ္ဂိုးသမား ဂူအီတာ
ပုတ္ထုတ္ႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ ၆၅ မိနစ္ အေရာက္မွာေတာ့
ဇီယက္ရွ္ရဲ႕ေပးပို႔မႈကတစ္ဆင့္ ကိုင္ဟာဗက္ဇ္က ေခါင္းတိုက္ဂိုး





သြင္းယူခဲ့ၿပီး ခ်ဲလ္ဆီးကို ဦးေဆာင္ေစခဲ့ပါတယ္။
၈၅ မိနစ္မွာ ဒူကိုရီရဲ႕ကန္ခ်က္ေကာင္းခဲ့ေပမဲ့ ကီပါ ကာကြယ္





ႏိုင္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးသက္သာရာရခဲ့တာျဖစ္တယ္။
ေနာက္ပိုင္းပြဲခ်ိန္ေတြမွာေတာ့ သြင္းဂိုးေတြမျမင္ခဲ့ရတဲ့အတြက္
ဂေရဟမ္ေပၚတာရဲ႕ ခ်ဲလ္ဆီးက ၿပိဳင္ပြဲစုံ ၄ပြဲ ဆက္ႏိုင္ပြဲ





ေပ်ာက္မႈကိုအဆုံးသတ္ႏိုင္ခဲ့ပါတယ္။ ပဲေလ့စ္ကေတာ့
ဒီရာသီမွာ အမွတ္ေပးဇယားအဆင့္ ၁၀ အတြင္းအသင္းေတြကို





အႏိုင္မရဘူးဆိုတဲ့မွတ္တမ္းဆိုးနဲ႔ဆက္လက္ရင္ဆိုင္ခဲ့ရတာျဖစ္တယ္။