နည်းပြဘဝမှာ စတီဗင်ဂျရတ်ကို နည်းပြအလုပ်ချင်ဆုံးဟု ကလော့ပ် ပြောကြား

ဂျာဂင်ကလော့ပ်ကသူ့ရဲ့နည်းပြဘဝတွင် နည်းပြချင်ဆုံးကစားသမားအဖြစ်

ရွေးချယ်ရမယ်ဆိုပါကလီဗာပူးဂန္ထဝင်စတီဗင်ဂျရတ်ကိုအလွယ်တကူပင်

ရွေးချယ်သွားမှာဖြစ်ကြောင်းပြောကြားလာပါတယ်။ စတီဗင်ဂျရတ်ဟာ

သူ့ရဲ့ကစားသမားဘဝတစ်ခုလုံးနီးပါးကိုလီဗာပူးတွင်ကျင်လည်ခဲ့သူဖြစ်ပြီး

ချန်ပီယံလိဂ်ဖလား၊ယူအီးအက်ဖ်အေဖလား၊အက်ဖ်အေဖလား၁ကြိမ်နှင့်

လိဂ်ဖလား၃ကြိမ်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ အသက်၄၁နှစ်ရှိပရီးမီးယားလိဂ်

ဂန္ထဝင် ကစားသမားဟာ၂၀၁၅ခုနှစ်တွင်လီဗာပူးမှထွက်ခွာပြီးနောက်

အမေရိကန်ကလပ်ဂလက်ဆီတွင်ကာလတိုကစားပြီးနောက်၂၀၁၆ခုနှစ်တွင်

ကစားသမားဘဝမှအနားယူခဲ့ပါတယ်။ ကလော့ပ်ဟာ၂၀၁၅ခုနှစ်တွင်

ဘရန်ဒန်ဂျော်ဂျာရဲ့နေရာတွင် အစားထိုးခန့်အပ်ခံခဲ့ရပြီးစတီဗင်ဂျရတ်

ထွက်ခွာသွားပြီးမှရောက်လာခဲ့ကာနည်းပြခဲ့ရခြင်းမရှိပါဘူး။

ဘောလုံးသမိုင်းတွင် နည်ပြလိုတဲ့ကစားသမားတစ်ဦးကိုရွေးချယ်ရမည်ဆိုပါက

ဘယ်သူ့ကိုရွေးချယ်မလဲလို့မေးမြန်းလာမှုကို ကလော့ပ်က “လွယ်ပါတယ်။

စတီဗီ(ဂျရတ်)ပါ။ လွန်ခဲ့တဲ့သုံးလေးနှစ်တုန်းကဆစ်ဒနီမှာပွဲသွားကစားတော့

အသင်းမှာရွေးချယ်ဖို့ကစားသမားအလုံအလောက်မရှိခဲ့ဘူး။

ဒီတော့မက်နာမန်၊အက်ဂါ၊ဂျေမီကာရေဂါနဲ့စတီဗီတို့ကိုဖိတ်ခေါ်ခဲ့ကြရတယ်။

ရိုးသားစွာပြောရရင်လီဗာပူးအကြောင်းကျွန်တော်သိပါတယ်။ သူကစားတာလည်း

မြင်ဖူးပါတယ်။စတီဗီကအနားယူထားပေမယ့်တော်တော်ကောင်းကောင်းလေး

ကစားနိုင်တုန်းဆိုတာမြင်ခဲ့ရတယ်။လွန်ခဲ့တဲ့ခြောက်နှစ်တုန်းကဆိုရင်ကွဲပြားတဲ့

အဖြေပေးချင်ပေးမိလိမ့်မယ်။အခုတော့သူ့ကိုကစားသမားတစ်ဦးအနေနဲ့လူတစ်ဦး

အနေနဲ့ပါသိသွားခွင့်ရတဲ့အခါမှာတော့အဖြေကဖြေရတာလွယ်သွားပါတယ်”လို့

ပြောကြားသွားပါတယ်။ စတီဗင်ဂျရတ်ဟာ၂၀၁၈ခုနှစ်မှစတင်ကာရိန်းဂျားကို

ကိုင်တွယ်လာခဲ့သူဖြစ်ပြီး ကလော့ပ်ရဲ့လီဗာပူးနည်းပြရာထူးကိုဆက်ခံမယ့်သူအဖြစ်

သတ်မှတ်ခံထားရပါတယ်။သူဟာနည်းပြဘဝကိုလီဗာပူးလူငယ်အသင်းအားကိုင်တွယ်ကာ

စတင်ခဲ့သူလည်းဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကရိန်းဂျားကို

စကော့တလန်အမှတ်ပေးဖလားရရှိအောင်ဦးဆောင်ကာနည်းပြဘဝ

ပထမဆုံးဆုဖလားကိုရယူနိုင်ခဲ့ပါတယ်။

zawgyi

နည္းျပဘဝမွာ စတီဗင္ဂ်ရတ္ကို နည္းျပအလုပ္ခ်င္ဆုံးဟု ကေလာ့ပ္ ေျပာၾကား

ဂ်ာဂင္ကေလာ့ပ္ကသူ႔ရဲ႕နည္းျပဘဝတြင္ နည္းျပခ်င္ဆုံးကစားသမားအျဖစ္

ေ႐ြးခ်ယ္ရမယ္ဆိုပါကလီဗာပူးဂႏၴဝင္စတီဗင္ဂ်ရတ္ကိုအလြယ္တကူပင္

ေ႐ြးခ်ယ္သြားမွာျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။ စတီဗင္ဂ်ရတ္ဟာ

သူ႔ရဲ႕ကစားသမားဘဝတစ္ခုလုံးနီးပါးကိုလီဗာပူးတြင္က်င္လည္ခဲ့သူျဖစ္ၿပီး

ခ်န္ပီယံလိဂ္ဖလား၊ယူအီးအက္ဖ္ေအဖလား၊အက္ဖ္ေအဖလား၁ႀကိမ္ႏွင့္

လိဂ္ဖလား၃ႀကိမ္ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။ အသက္၄၁ႏွစ္ရွိပရီးမီးယားလိဂ္

ဂႏၴဝင္ ကစားသမားဟာ၂၀၁၅ခုႏွစ္တြင္လီဗာပူးမွထြက္ခြာၿပီးေနာက္

အေမရိကန္ကလပ္ဂလက္ဆီတြင္ကာလတိုကစားၿပီးေနာက္၂၀၁၆ခုႏွစ္တြင္

ကစားသမားဘဝမွအနားယူခဲ့ပါတယ္။ ကေလာ့ပ္ဟာ၂၀၁၅ခုႏွစ္တြင္

ဘရန္ဒန္ေဂ်ာ္ဂ်ာရဲ႕ေနရာတြင္ အစားထိုးခန႔္အပ္ခံခဲ့ရၿပီးစတီဗင္ဂ်ရတ္

ထြက္ခြာသြားၿပီးမွေရာက္လာခဲ့ကာနည္းျပခဲ့ရျခင္းမရွိပါဘူး။

ေဘာလုံးသမိုင္းတြင္ နည္ျပလိုတဲ့ကစားသမားတစ္ဦးကိုေ႐ြးခ်ယ္ရမည္ဆိုပါက

ဘယ္သူ႔ကိုေ႐ြးခ်ယ္မလဲလို႔ေမးျမန္းလာမႈကို ကေလာ့ပ္က “လြယ္ပါတယ္။

စတီဗီ(ဂ်ရတ္)ပါ။ လြန္ခဲ့တဲ့သုံးေလးႏွစ္တုန္းကဆစ္ဒနီမွာပြဲသြားကစားေတာ့

အသင္းမွာေ႐ြးခ်ယ္ဖို႔ကစားသမားအလုံအေလာက္မရွိခဲ့ဘူး။

ဒီေတာ့မက္နာမန္၊အက္ဂါ၊ေဂ်မီကာေရဂါနဲ႔စတီဗီတို႔ကိုဖိတ္ေခၚခဲ့ၾကရတယ္။

႐ိုးသားစြာေျပာရရင္လီဗာပူးအေၾကာင္းကြၽန္ေတာ္သိပါတယ္။ သူကစားတာလည္း

ျမင္ဖူးပါတယ္။စတီဗီကအနားယူထားေပမယ့္ေတာ္ေတာ္ေကာင္းေကာင္းေလး

ကစားႏိုင္တုန္းဆိုတာျမင္ခဲ့ရတယ္။လြန္ခဲ့တဲ့ေျခာက္ႏွစ္တုန္းကဆိုရင္ကြဲျပားတဲ့

အေျဖေပးခ်င္ေပးမိလိမ့္မယ္။အခုေတာ့သူ႔ကိုကစားသမားတစ္ဦးအေနနဲ႔လူတစ္ဦး

အေနနဲ႔ပါသိသြားခြင့္ရတဲ့အခါမွာေတာ့အေျဖကေျဖရတာလြယ္သြားပါတယ္”လို႔

ေျပာၾကားသြားပါတယ္။ စတီဗင္ဂ်ရတ္ဟာ၂၀၁၈ခုႏွစ္မွစတင္ကာရိန္းဂ်ားကို

ကိုင္တြယ္လာခဲ့သူျဖစ္ၿပီး ကေလာ့ပ္ရဲ႕လီဗာပူးနည္းျပရာထူးကိုဆက္ခံမယ့္သူအျဖစ္

သတ္မွတ္ခံထားရပါတယ္။သူဟာနည္းျပဘဝကိုလီဗာပူးလူငယ္အသင္းအားကိုင္တြယ္ကာ

စတင္ခဲ့သူလည္းျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကရိန္းဂ်ားကို

စေကာ့တလန္အမွတ္ေပးဖလားရရွိေအာင္ဦးေဆာင္ကာနည္းျပဘဝ

ပထမဆုံးဆုဖလားကိုရယူႏိုင္ခဲ့ပါတယ္။