နည်းပြဘဝမှာ ဂန်းနားတွေကိုပထမဆုံးအိမ်ကွင်းနိုင်ပွဲရအောင် ရှောင်ဒိုင်ချီ စွမ်းဆောင်ပြခဲ့

အဲဗာတန်ဟာ ဒီပွဲအနိုင်ရရင်တော့ ၄၅ နှစ်ကျော်အတွင်း အိမ်ကွင်းမှာ

ဂန်းနားတွေကို လိဂ် ၃ပွဲဆက်အနိုင်ရတဲ့ စံချိန်ကိုပိုင်ဆိုင်မှာပါ။

အာဆင်နယ်ဘက်ကကြည့်ရင်တော့ ဂွတ်ဒီဆင့်ပါ့ခ်ကို လာရောက်ခဲ့တဲ့

ထိပ်တန်းလိဂ်နောက်ဆုံး ၁၀ပွဲမှာ ၂ပွဲသာ အနိုင်ရခဲ့တာဖြစ်တယ်။

အခြားတစ်ဖက်မှာတော့ ဂန်းနားတွေဟာ တော်ဖီတွေနဲ့ရင်ဆိုင်ခဲ့တဲ့

လိဂ်ပွဲစဉ်တွေမှာ ၉၉ပွဲ အထိအနိုင်ရခဲ့ဖူးပြီး အင်္ဂလိပ်လိဂ်ပြိုင်ပွဲသမိုင်းမှာတော့

အသင်းတစ်သင်းဟာ တူညီတဲ့ပြိုင်ဘက်တစ်သင်းကို ပွဲ ၁၀၀ အထိနိုင်တဲ့

မှတ်တမ်းမရှိသေးပါဘူး။ အဲဗာတန်နည်းပြရှောင်ဒိုင်ချီကတော့ အဲဗာတန်နဲ့

ပထမဆုံးပွဲဦးထွက်မှာ ကွင်းလယ်လူ ၅ ယောက်အထိထားပြီး တိုက်စစ်မှူးအဖြစ်တော့

ကယ်လ်ဗက်လီဝင်တစ်ဦးကိုသာ ပွဲထုတ်ခဲ့ပါတယ်။ အာတီတာကတော့

လူစာရင်းအပြောင်းအလဲမရှိသလောက်ပါပဲ။ ၁၉၉၄ ခုနှစ်နောက်ပိုင်း

ပွဲဆက်ရှည်နိုင်ပွဲပျောက်(ပြိုင်ပွဲစုံ ၁၀ပွဲဆက်) ထားတဲ့ အဲဗာတန်အတွက်တော့

ဇယားထိပ်ဆုံးက ဂန်းနားတွေကို ခက်ခက်ခဲခဲရင်ဆိုင်ရတာဖြစ်တယ်။

ဂိုးသမားပစ်ဖို့ဒ်အတွက်တော့ အဲဗာတန်အတွက် ပရီးမီးယားလိဂ်ပွဲ

၂၀၀ မြောက်ဖြစ်ပြီး ရှောင်ဒိုင်ချီကတော့ နည်းပြဘဝမှာ အာဆင်နယ်ကို

အိမ်ကွင်းလက်ခံရင်ဆိုင်ခဲ့တဲ့ ၇ပွဲမှာ ၂ပွဲ သရေ၊ ၅ပွဲ ရှုံးပြီးနိုင်ပွဲမရခဲ့ပါဘူး။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး အဲဗာတန်က အာဆင်နယ်ကို

အတော်လေး ဖိအားပေးနိုင်ခဲ့ပါတယ်။ အာတီတာရဲ့ အသင်းကတော့

ဒီရာသီ ပရီးမီးယားလိဂ်မှာ ၉ပွဲ clean sheets ရခဲ့ပြီး အဝေးကွင်းမှာ

၇ပွဲ အထိရရှိထားတာဖြစ်သလို ဒီပွဲမှာလည်း အဲဗာတန်တိုက်စစ်ကို

ခုခံထားနိုင်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ မှာ နောက်ခံလူ တာကောစကီးက

အဲဗာတန်အတွက် အဖွင့်ဂိုးသွင်းပေးခဲ့တာဖြစ်တယ်။ နောက်ပိုင်းပွဲချိန်တွေမှာ

ဂန်းနားတွေချေပဂိုးရဖို့အတွက်ကြိုးစားခဲ့ပေမဲ့ ဖြစ်မလာခဲ့တာကြောင့်

ဒီရာသီဒုတိယမြောက် ပရီးမီးယားလိဂ်ရှုံးပွဲကြုံခဲ့ရပါတယ်။

zawgyi

နည္းျပဘဝမွာ ဂန္းနားေတြကိုပထမဆုံးအိမ္ကြင္းႏိုင္ပြဲရေအာင္ ေရွာင္ဒိုင္ခ်ီ စြမ္းေဆာင္ျပခဲ့

အဲဗာတန္ဟာ ဒီပြဲအႏိုင္ရရင္ေတာ့ ၄၅ ႏွစ္ေက်ာ္အတြင္း အိမ္ကြင္းမွာ

ဂန္းနားေတြကို လိဂ္ ၃ပြဲဆက္အႏိုင္ရတဲ့ စံခ်ိန္ကိုပိုင္ဆိုင္မွာပါ။

အာဆင္နယ္ဘက္ကၾကည့္ရင္ေတာ့ ဂြတ္ဒီဆင့္ပါ့ခ္ကို လာေရာက္ခဲ့တဲ့

ထိပ္တန္းလိဂ္ေနာက္ဆုံး ၁၀ပြဲမွာ ၂ပြဲသာ အႏိုင္ရခဲ့တာျဖစ္တယ္။

အျခားတစ္ဖက္မွာေတာ့ ဂန္းနားေတြဟာ ေတာ္ဖီေတြနဲ႔ရင္ဆိုင္ခဲ့တဲ့

လိဂ္ပြဲစဥ္ေတြမွာ ၉၉ပြဲ အထိအႏိုင္ရခဲ့ဖူးၿပီး အဂၤလိပ္လိဂ္ၿပိဳင္ပြဲသမိုင္းမွာေတာ့

အသင္းတစ္သင္းဟာ တူညီတဲ့ၿပိဳင္ဘက္တစ္သင္းကို ပြဲ ၁၀၀ အထိႏိုင္တဲ့

မွတ္တမ္းမရွိေသးပါဘူး။ အဲဗာတန္နည္းျပေရွာင္ဒိုင္ခ်ီကေတာ့ အဲဗာတန္နဲ႔

ပထမဆုံးပြဲဦးထြက္မွာ ကြင္းလယ္လူ ၅ ေယာက္အထိထားၿပီး တိုက္စစ္မႉးအျဖစ္ေတာ့

ကယ္လ္ဗက္လီဝင္တစ္ဦးကိုသာ ပြဲထုတ္ခဲ့ပါတယ္။ အာတီတာကေတာ့

လူစာရင္းအေျပာင္းအလဲမရွိသေလာက္ပါပဲ။ ၁၉၉၄ ခုႏွစ္ေနာက္ပိုင္း

ပြဲဆက္ရွည္ႏိုင္ပြဲေပ်ာက္(ၿပိဳင္ပြဲစုံ ၁၀ပြဲဆက္) ထားတဲ့ အဲဗာတန္အတြက္ေတာ့

ဇယားထိပ္ဆုံးက ဂန္းနားေတြကို ခက္ခက္ခဲခဲရင္ဆိုင္ရတာျဖစ္တယ္။

ဂိုးသမားပစ္ဖို႔ဒ္အတြက္ေတာ့ အဲဗာတန္အတြက္ ပရီးမီးယားလိဂ္ပြဲ

၂၀၀ ေျမာက္ျဖစ္ၿပီး ေရွာင္ဒိုင္ခ်ီကေတာ့ နည္းျပဘဝမွာ အာဆင္နယ္ကို

အိမ္ကြင္းလက္ခံရင္ဆိုင္ခဲ့တဲ့ ၇ပြဲမွာ ၂ပြဲ သေရ၊ ၅ပြဲ ရႈံးၿပီးႏိုင္ပြဲမရခဲ့ပါဘူး။

ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ၿပီး အဲဗာတန္က အာဆင္နယ္ကို

အေတာ္ေလး ဖိအားေပးႏိုင္ခဲ့ပါတယ္။ အာတီတာရဲ႕ အသင္းကေတာ့

ဒီရာသီ ပရီးမီးယားလိဂ္မွာ ၉ပြဲ clean sheets ရခဲ့ၿပီး အေဝးကြင္းမွာ

၇ပြဲ အထိရရွိထားတာျဖစ္သလို ဒီပြဲမွာလည္း အဲဗာတန္တိုက္စစ္ကို

ခုခံထားႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ မိနစ္ ၆၀ မွာ ေနာက္ခံလူ တာေကာစကီးက

အဲဗာတန္အတြက္ အဖြင့္ဂိုးသြင္းေပးခဲ့တာျဖစ္တယ္။ ေနာက္ပိုင္းပြဲခ်ိန္ေတြမွာ

ဂန္းနားေတြေခ်ပဂိုးရဖို႔အတြက္ႀကိဳးစားခဲ့ေပမဲ့ ျဖစ္မလာခဲ့တာေၾကာင့္

ဒီရာသီဒုတိယေျမာက္ ပရီးမီးယားလိဂ္ရႈံးပြဲႀကဳံခဲ့ရပါတယ္။