
အာဆင်နယ်နောက်ခံလူဟောင်းအိုလက်လူဇနီဟာ ကျူးကျော်သူရုရှားကို
တိုက်ခိုက်ဖို့အတွက် သူ့ရဲ့ဇာတိနိုင်ငံကို ယူကရိန်းကို ပြန်သွားခဲ့ပါတယ်။
ဒါ့အပြင် လူဇနီက သူတို့ကိုယ်သူတို့ကာကွယ်ဖို့ ယူကရိန်းတွေဟာ
လက်မြှောက်အရှုံးပေးမှာ မဟုတ်ကြောင်း အခိုင်အမာဆိုခဲ့ပါတယ်။
၅၃ နှစ်အရွယ် အဲဒီယူကရိန်းသားရဲ့အမိမြေဟာ ပြီးခဲ့တဲ့လက
ရုရှားရဲ့ကျူးကျော်တိုက်ခိုက်ခြင်းကို ခံခဲ့ရတာပါ။
အမိမြေကို ကာကွယ်ဖို့အတွက် ယူကရိန်းကို ပြန်သွားကြသူတွေထဲမှာ
နာမည်ကျော်လက်ဝှေ့သမားတွေဖြစ်ကြတဲ့
ဗီတာလီနဲ့ဝလာဒီမီယာကလစ်ချ်ကိုညီအစ်ကို၊ အိုလက်ဆန်းဒါးယူဆက်နဲ့
လိုမာချန်ကိုတို့လည်း ပါဝင်ကြပါတယ်။
ဘောလုံးလောကထဲကဆိုရင် ကစားသမားအာတီမန်ကို၊
ရှရစ်ဖ်နည်းပြဗာနီဒပ်တို့ပါဝင်ပြီး အိုလံပစ်ကစားသမားတွေဖြစ်ကြတဲ့
ပစ်ရက်ချ်နီနဲ့ မာဇာချက်အပြင် တင်းနစ်ကြယ်ပွင့်စတက်ကော့စကီးတို့ဟာလည်း
ဇာတိမြေကိုပြန်ပြီး စစ်ထဲဝင်ခဲ့ကြတာပါ။
အခုလည်း လူဇနီဟာ သူ့ရဲ့နည်းပြဘဝကို ခဏရပ်ပြီး
ယူကရိန်းကို ကာကွယ်ဖို့ ပြန်သွားခဲ့တာ ဖြစ်ပါတယ်။
”တိုင်းပြည်အတွက် ပေးဆပ်နေကြတဲ့ယူကရိန်းသားတွေအားလုံးလိုပဲ
ကျွန်တော်ဟာ အခု ယူကရိန်းကို ပြန်ရောက်နေပြီး
အမိမြေအတွက် တိုက်ပွဲဝင်သွားမှာပါ။
လက်ရှိအချိန်မှာတော့ ဒီမှာ အခြေအနေက အတော်လေးဆိုးရွားနေပါတယ်”လို့
လူဇနီက အင်္ဂလန်က The Mirror သတင်းစာကို ပြောကြားခဲ့ပါတယ်။
လူဇနီဟာ လန်ဒန်အသင်းတစ်သင်းဖြစ်တဲ့
အာဆင်နယ်မှာ ၁၉၉၉ ကနေ ၂၀၀၃ အထိ ကစားခဲ့ဖူးတာပါ။
အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားမှာ
၁ ကြိမ်စီ၊ ကွန်မြူနတီဒိုင်းမှာ ၂ ကြိမ်ဗိုလ်စွဲခဲ့ပါတယ်။
zawgyi
နည္းျပဘဝကို ခဏရပ္ၿပီး အမိေျမယူကရိန္းကို ကာကြယ္ဖို႔ ျပန္သြားတဲ့ အာဆင္နယ္ေနာက္ခံလူေဟာင္း
အာဆင္နယ္ေနာက္ခံလူေဟာင္းအိုလက္လူဇနီဟာ က်ဴးေက်ာ္သူ႐ုရွားကို
တိုက္ခိုက္ဖို႔အတြက္ သူ႔ရဲ႕ဇာတိႏိုင္ငံကို ယူကရိန္းကို ျပန္သြားခဲ့ပါတယ္။
ဒါ့အျပင္ လူဇနီက သူတို႔ကိုယ္သူတို႔ကာကြယ္ဖို႔ ယူကရိန္းေတြဟာ
လက္ေျမႇာက္အရႈံးေပးမွာ မဟုတ္ေၾကာင္း အခိုင္အမာဆိုခဲ့ပါတယ္။
၅၃ ႏွစ္အ႐ြယ္ အဲဒီယူကရိန္းသားရဲ႕အမိေျမဟာ ၿပီးခဲ့တဲ့လက
႐ုရွားရဲ႕က်ဴးေက်ာ္တိုက္ခိုက္ျခင္းကို ခံခဲ့ရတာပါ။
အမိေျမကို ကာကြယ္ဖို႔အတြက္ ယူကရိန္းကို ျပန္သြားၾကသူေတြထဲမွ
ာ နာမည္ေက်ာ္လက္ေဝွ႔သမားေတြျဖစ္ၾကတဲ့
ဗီတာလီနဲ႔ဝလာဒီမီယာကလစ္ခ်္ကိုညီအစ္ကို၊ အိုလက္ဆန္းဒါးယူဆက္နဲ႔
လိုမာခ်န္ကိုတို႔လည္း ပါဝင္ၾကပါတယ္။
ေဘာလုံးေလာကထဲကဆိုရင္ ကစားသမားအာတီမန္ကို၊
ရွရစ္ဖ္နည္းျပဗာနီဒပ္တို႔ပါဝင္ၿပီး အိုလံပစ္ကစားသမားေတြျဖစ္ၾကတဲ့
ပစ္ရက္ခ်္နီနဲ႔ မာဇာခ်က္အျပင္ တင္းနစ္ၾကယ္ပြင့္စတက္ေကာ့စကီးတို႔ဟာလည္း
ဇာတိေျမကိုျပန္ၿပီး စစ္ထဲဝင္ခဲ့ၾကတာပါ။
အခုလည္း လူဇနီဟာ သူ႔ရဲ႕နည္းျပဘဝကို ခဏရပ္ၿပီး
ယူကရိန္းကို ကာကြယ္ဖို႔ ျပန္သြားခဲ့တာ ျဖစ္ပါတယ္။
”တိုင္းျပည္အတြက္ ေပးဆပ္ေနၾကတဲ့ယူကရိန္းသားေတြအားလုံးလိုပဲ
ကြၽန္ေတာ္ဟာ အခု ယူကရိန္းကို ျပန္ေရာက္ေနၿပီး
အမိေျမအတြက္ တိုက္ပြဲဝင္သြားမွာပါ။
လက္ရွိအခ်ိန္မွာေတာ့ ဒီမွာ အေျခအေနက အေတာ္ေလးဆိုး႐ြားေနပါတယ္”လို႔
လူဇနီက အဂၤလန္က The Mirror သတင္းစာကို ေျပာၾကားခဲ့ပါတယ္။
လူဇနီဟာ လန္ဒန္အသင္းတစ္သင္းျဖစ္တဲ့
အာဆင္နယ္မွာ ၁၉၉၉ ကေန ၂၀၀၃ အထိ ကစားခဲ့ဖူးတာပါ။
အာဆင္နယ္နဲ႔အတူ ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအဖလားမွာ
၁ ႀကိမ္စီ၊ ကြန္ျမဴနတီဒိုင္းမွာ ၂ ႀကိမ္ဗိုလ္စြဲခဲ့ပါတယ္။