
ချဲလ်ဆီးအသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ယောက်ဖြစ်တဲ့ လမ်းပတ်ဟာ
အဲဗာတန်အသင်းကို နည်းပြအဖြစ်တာဝန်ယူဖို့ လက်ခံခဲ့ပြီးနောက်မှာ
အသင်းပရိသတ်တွေကို ပထမဆုံးတောင်းပန်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
၂၀၀၉ ခုနှစ် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ချဲလ်ဆီးက အဲဗာတန်ကို အနိုင်ရခဲ့ပြီး
အနိုင်ဂိုးရှင်ဖြစ်တဲ့ လမ်းပတ်အနေနဲ့ အသင်းဖော်တွေနဲ့ ကပြီး အောင်ပွဲခံခဲ့တဲ့အတွက်
အခုလို တောင်းပန်မှု ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ
သိရပါတယ်။
လမ်းပတ်အနေနဲ့ ဝက်စ်ဟမ်းကစားသမားအဖြစ် ကစားခဲ့တုန်းကလည်း
အဲဗာတန်အသင်းဘက်ကို ဂိုးသွင်းယူပြီး အောင်ပွဲခံမှု ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
အဲဗာတန်နည်းပြဖြစ်လာပြီးနောက် ပထမဆုံးပြုလုပ်တဲ့ အင်တာဗျူးမှာ
လမ်းပတ်က ” ကျွန်တော့်အနေနဲ့ အဖေပြောပြခဲ့တဲ့ ပုံပြင်တွေနဲ့ ကြီးပြင်းခဲ့ရတာပါ။
အဲဒီအထဲမှာ ဂိုးသွင်းပြီးရင် အောင်ပွဲခံရမယ့်အကြောင်းတွေ ပါဝင်ခဲ့ပါတယ်။
အဲဗာတန်ပရိသတ်တွေရဲ့ ရှေ့မှာ ကျွန်တော့်အနေနဲ့ အများကြီး ပြုလုပ်ပြခဲ့တာတွေ ရှိပါတယ်။
အဲဗာတန်အသင်းပရိသတ်တွေရဲ့ နှလုံးကြေကွဲအောင် ပြုလုပ်ခဲ့ဖူးသလို ဖြစ်ခဲ့တာကြောင့်
တောင်းပန်ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်လို့
အောင်ပွဲခံခဲ့တယ်ဆိုတာကို အသင်းပရိသတ်တွေအနေနဲ့ နားလည်မယ်ထင်ပါတယ်။
အခုချိန်မှာ အဲဗာတန်အသင်းနည်းပြအဖြစ် ကျွန်တော်ရှိနေပြီဖြစ်တာကြောင့်
အသင်းအတွက် အကောင်းဆုံးကြိုးစားပေးသွားမှာပါ” လို့ ပြောခဲ့ပါတယ်။
အဲဗာတန် နည်းပြသစ် ဖြစ်လာပြီးနောက်လမ်းပတ် တစ်ယောက် အပြောင်းအရွှေ့
နောက်ဆုံးရက်နဲ့ ရင်ဆိုင်ခဲ့ရပြီး ကစားသမားကောင်းတွေကို ခေါ်ယူ အားဖြည့်ခဲ့ပါတယ်။
လမ်းပတ် အနေနဲ့ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ယူနိုက်တက် အသင်း ကွင်းလယ်လူ
ဗန်ဒီဘိခ်ကို ရာသီကုန်ထိ အငှားနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဗာတန် အသင်းဟာ တော့တင်ဟမ် အသင်းကနေ ဒါလေ အလီကို ပြောင်းရွှေ့ကြေး
ပေါင်သန်း ၄၀နဲ့ အပြီး သတ် ခေါ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
လမ်းပတ် အနေနဲ့ကတော့ တန်းဆင်းဇုံနဲ့ ၅မှတ် အကွာ အဆင့် ၁၆နေရာက အဲဗာတန်အသင်းကို
အကောင်းဆုံး ဆွဲတင်ပေးဖို့ ကြိုးစား ရမှာ ဖြစ်ပြီး ဖေဖော်ဝါရီ ၈ရက်နေ့မှာ
နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင် ရဖို့ ရှိနေပါတယ်။
Zawgyi
နည္းျပျဖစ္ျဖစ္ခ်င္းပဲ အဲဗာတန္ပရိသတ္ေတြကို ေတာင္းပန္ခဲ့တဲ့ လမ္းပတ္
ခ်ဲလ္ဆီးအသင္းရဲ႕ ဂႏၲဝင္ကစားသမားတစ္ေယာက္ျဖစ္တဲ့ လမ္းပတ္ဟာ
အဲဗာတန္အသင္းကို နည္းျပအျဖစ္တာဝန္ယူဖို႔ လက္ခံခဲ့ၿပီးေနာက္မွာ
အသင္းပရိသတ္ေတြကို ပထမဆုံးေတာင္းပန္မႈ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။
၂၀၀၉ ခုႏွစ္ အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ ခ်ဲလ္ဆီးက အဲဗာတန္ကို အႏိုင္ရခဲ့ၿပီး
အႏိုင္ဂိုးရွင္ျဖစ္တဲ့ လမ္းပတ္အေနနဲ႔ အသင္းေဖာ္ေတြနဲ႔ ကၿပီး ေအာင္ပြဲခံခဲ့တဲ့အတြက္
အခုလို ေတာင္းပန္မႈ ျပဳလုပ္ခဲ့တာျဖစ္တယ္လို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ
သိရပါတယ္။
လမ္းပတ္အေနနဲ႔ ဝက္စ္ဟမ္းကစားသမားအျဖစ္ ကစားခဲ့တုန္းကလည္း
အဲဗာတန္အသင္းဘက္ကို ဂိုးသြင္းယူၿပီး ေအာင္ပြဲခံမႈ ျပဳလုပ္ခဲ့တယ္လို႔လည္း သိရပါတယ္။
အဲဗာတန္နည္းျပျဖစ္လာၿပီးေနာက္ ပထမဆုံးျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ
လမ္းပတ္က ” ကြၽန္ေတာ့္အေနနဲ႔ အေဖေျပာျပခဲ့တဲ့ ပုံျပင္ေတြနဲ႔ ႀကီးျပင္းခဲ့ရတာပါ။
အဲဒီအထဲမွာ ဂိုးသြင္းၿပီးရင္ ေအာင္ပြဲခံရမယ့္အေၾကာင္းေတြ ပါဝင္ခဲ့ပါတယ္။
အဲဗာတန္ပရိသတ္ေတြရဲ႕ ေရွ႕မွာ ကြၽန္ေတာ့္အေနနဲ႔ အမ်ားႀကီး ျပဳလုပ္ျပခဲ့တာေတြ ရွိပါတယ္။
အဲဗာတန္အသင္းပရိသတ္ေတြရဲ႕ ႏွလုံးေၾကကြဲေအာင္ ျပဳလုပ္ခဲ့ဖူးသလို ျဖစ္ခဲ့တာေၾကာင့္
ေတာင္းပန္ပါတယ္။ ကစားသမားတစ္ေယာက္အေနနဲ႔ ဗိုလ္လုပြဲမွာ ဂိုးသြင္းႏိုင္လို႔
ေအာင္ပြဲခံခဲ့တယ္ဆိုတာကို အသင္းပရိသတ္ေတြအေနနဲ႔ နားလည္မယ္ထင္ပါတယ္။
အခုခ်ိန္မွာ အဲဗာတန္အသင္းနည္းျပအျဖစ္ ကြၽန္ေတာ္ရွိေနၿပီျဖစ္တာေၾကာင့္
အသင္းအတြက္ အေကာင္းဆုံးႀကိဳးစားေပးသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
အဲဗာတန္ နည္းျပသစ္ ျဖစ္လာၿပီးေနာက္လမ္းပတ္ တစ္ေယာက္ အေျပာင္းအေ႐ႊ႕
ေနာက္ဆုံးရက္နဲ႔ ရင္ဆိုင္ခဲ့ရၿပီး ကစားသမားေကာင္းေတြကို ေခၚယူ အားျဖည့္ခဲ့ပါတယ္။
လမ္းပတ္ အေနနဲ႔ အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးရက္မွာ ယူႏိုက္တက္ အသင္း ကြင္းလယ္လူ
ဗန္ဒီဘိခ္ကို ရာသီကုန္ထိ အငွားနဲ႔ ေခၚယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ဒါ့အျပင္ အဲဗာတန္ အသင္းဟာ ေတာ့တင္ဟမ္ အသင္းကေန ဒါေလ အလီကို ေျပာင္းေ႐ႊ႕ေၾကး
ေပါင္သန္း ၄၀နဲ႔ အၿပီး သတ္ ေခၚယူႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
လမ္းပတ္ အေနနဲ႔ကေတာ့ တန္းဆင္းဇုံနဲ႔ ၅မွတ္ အကြာ အဆင့္ ၁၆ေနရာက အဲဗာတန္အသင္းကို
အေကာင္းဆုံး ဆြဲတင္ေပးဖို႔ ႀကိဳးစား ရမွာ ျဖစ္ၿပီး ေဖေဖာ္ဝါရီ ၈ရက္ေန႔မွာ
နယူးကာဆယ္အသင္းနဲ႔ ရင္ဆိုင္ ရဖို႔ ရွိေနပါတယ္။