နည်းပြနဲ့ ကစားသမားတွေကိုပါ ဖြုတ်၊ ထုတ်၊ ခန့် လုပ်နိုင်တဲ့ အခွင့်အာဏာပေးပြီး ဘာပေကို ဆက်ထိန်းဖို့ ပီအက်စ်ဂျီ အံ့အားသင့်ဖွယ်စီစဉ်

သိပ်ကို အံ့အားသင့်စရာကောင်းတဲ့ သတင်းအဖြစ် ပီအက်စ်ဂျီအသင်းဟာ

ကြယ်ပွင့်တိုက်စစ်မှူး ဘာပေကို ဆက်ထိန်းနိုင်ရေးအတွက်
စာချုပ်သစ်ချုပ်ဆိုရင် အသင်းကနေ လုပ်ဆောင်နေတဲ့
အားကစားပရောဂျက်ရဲ့ ပိုင်ရှင်အဖြစ်ပါ ရာထူးပေးမယ်လို့
ဆွဲဆောင်ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီဟာ ပြင်သစ်လက်ရွေးစင် ဘာပေကို

ဆက်ထိန်းထားနိုင်ရေးအတွက် မြင့်မားတဲ့ဘဏ္ဍာရေးတွေနဲ့အတူ
ကမ်းလှမ်းထားပြီး လက်မှတ်ထိုးကြေးတစ်ခုတည်းနဲ့တင်
ပေါင်သန်း ၁၀၀ ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။
အခုလည်း El Chiringuito သတင်းဌာနမှ သတင်းထောက်
အဒူအဂွီရီရဲ့ သတင်းပေးပို့ချက်အရ ပီအက်စ်ဂျီဟာ

ဇွန်လအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်
ဘာပေကို အသင်းရဲ့ အားကစားပရောဂျက်ပိုင်ရှင်အဖြစ်ပါ
ကမ်းလှမ်းခဲ့တယ်လို့သိရပြီး အဲဒီမှာ အသင်းနည်းပြနဲ့
ကစားသမားတွေကို သူ ဆန္ဒရှိသလို ဖြုတ်၊ ထုတ်၊ ခေါ်ယူခွင့်
အပြည့်ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

ရီးရဲလ်ကို ရောက်နေတဲ့ ဘာပေနဲ့ပတ်သက်လို့
အဲဒီသတင်းက အားလုံးကို အံ့အားသင့်စေခဲ့ပြီး
နောက်ထပ်သတင်းတွေကလည်း သူ့အနေနဲ့
ရီးရဲလ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့
ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိထားပြီးဖြစ်ကြောင်း သိရပါတယ်။

ဒါပေမဲ့ ဘာပေဟာ အခုချိန်အထိ ရီးရဲလ်နဲ့
စာချုပ်မချပ်ဆိုရသေးဘဲ ပီအက်စ်ဂျီကလည်း
သူ့ကို ဆက်ထိန်းနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတာပါ။
ပြင်သစ်လီဂူး ၁ ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆု
ရရှိတဲ့ ဘာပေက ဆုပေးပွဲအခမ်းအနားမှာ ရာသီသစ်ကျရင်

သူကစားမယ့်အသင်းကို နေးရှင်းလိဂ်ပွဲတွေအတွက် ဇွန်လအတွင်း
လက်ရွေးးစင်အသင်းနဲ့ မပူးပေါင်းခင် အတည်ပြုကြေညာမယ်လို့ ဆိုပါတယ်။

Zawgyi

နည္းျပနဲ႔ ကစားသမားေတြကိုပါ ျဖဳတ္၊ ထုတ္၊ ခန႔္ လုပ္ႏိုင္တဲ့ အခြင့္အာဏာေပးၿပီး ဘာေပကို ဆက္ထိန္းဖို႔ ပီအက္စ္ဂ်ီ အံ့အားသင့္ဖြယ္စီစဥ္
သိပ္ကို အံ့အားသင့္စရာေကာင္းတဲ့ သတင္းအျဖစ္ ပီအက္စ္ဂ်ီအသင္းဟာ
ၾကယ္ပြင့္တိုက္စစ္မႉး ဘာေပကို ဆက္ထိန္းႏိုင္ေရးအတြက္
စာခ်ဳပ္သစ္ခ်ဳပ္ဆိုရင္ အသင္းကေန လုပ္ေဆာင္ေနတဲ့
အားကစားပေရာဂ်က္ရဲ႕ ပိုင္ရွင္အျဖစ္ပါ ရာထူးေပးမယ္လို႔

ဆြဲေဆာင္ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။
ပီအက္စ္ဂ်ီဟာ ျပင္သစ္လက္ေ႐ြးစင္ ဘာေပကို
ဆက္ထိန္းထားႏိုင္ေရးအတြက္ ျမင့္မားတဲ့ဘ႑ာေရးေတြနဲ႔အတူ
ကမ္းလွမ္းထားၿပီး လက္မွတ္ထိုးေၾကးတစ္ခုတည္းနဲ႔တင္
ေပါင္သန္း ၁၀၀ ေပးမယ္လို႔ ကမ္းလွမ္းထားပါတယ္။

အခုလည္း El Chiringuito သတင္းဌာနမွ သတင္းေထာက္
အဒူအဂြီရီရဲ႕ သတင္းေပးပို႔ခ်က္အရ ပီအက္စ္ဂ်ီဟာ
ဇြန္လအကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္
ဘာေပကို အသင္းရဲ႕ အားကစားပေရာဂ်က္ပိုင္ရွင္အျဖစ္ပါ
ကမ္းလွမ္းခဲ့တယ္လို႔သိရၿပီး အဲဒီမွာ အသင္းနည္းျပနဲ႔

ကစားသမားေတြကို သူ ဆႏၵရွိသလို ျဖဳတ္၊ ထုတ္၊ ေခၚယူခြင့္
အျပည့္ရရွိမွာျဖစ္ေၾကာင္း သိရပါတယ္။
ရီးရဲလ္ကို ေရာက္ေနတဲ့ ဘာေပနဲ႔ပတ္သက္လို႔
အဲဒီသတင္းက အားလုံးကို အံ့အားသင့္ေစခဲ့ၿပီး
ေနာက္ထပ္သတင္းေတြကလည္း သူ႔အေနနဲ႔

ရီးရဲလ္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕ဖို႔
ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီခ်က္ ရရွိထားၿပီးျဖစ္ေၾကာင္း သိရပါတယ္။
ဒါေပမဲ့ ဘာေပဟာ အခုခ်ိန္အထိ ရီးရဲလ္နဲ႔
စာခ်ဳပ္မခ်ပ္ဆိုရေသးဘဲ ပီအက္စ္ဂ်ီကလည္း
သူ႔ကို ဆက္ထိန္းႏိုင္ဖို႔ အစြမ္းကုန္ႀကိဳးစားေနတာပါ။

ျပင္သစ္လီဂူး ၁ ရဲ႕တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆု
ရရွိတဲ့ ဘာေပက ဆုေပးပြဲအခမ္းအနားမွာ ရာသီသစ္က်ရင္
သူကစားမယ့္အသင္းကို ေနးရွင္းလိဂ္ပြဲေတြအတြက္ ဇြန္လအတြင္း
လက္ေ႐ြးးစင္အသင္းနဲ႔ မပူးေပါင္းခင္ အတည္ျပဳေၾကညာမယ္လို႔ ဆိုပါတယ္။