ချဲလ်ဆီးအသင်းဟာ အာဆင်နယ်ရဲ့နောက်ထပ်ပစ်မှတ်တစ်ခုဖြစ်တဲ့
ဘရိုက်တန်တိုက်စစ်မှူးထရိုဆက်ကိုအပိုင်သိမ်းဖို့ပြင်ဆင်
လာပြန်ပြီလို့ The Sun သတင်းစာကရေးသားလိုက်ပါတယ်။
မိုင်ခေလိုမူဒရက်ကို ဂန်းနားတွေလက်ခဲက လုယက်ခဲ့တဲ့
အပြာရောင်တွေဟာ ဘယ်လ်ဂျီယံသားရဲ့အပြောင်းအရွှေ့မှာလည်း
ဝင်ရောက်လာပြန်တာဖြစ်တယ်။ အမှတ်ပေးဇယားမှာ
အဆင့် ၁၀ နေရာရောက်ခဲ့ပြီးနောက် ပေါ်တာရဲ့အသင်းဟာ
ဂျာအိုဖိလစ်၊ မူဒရက်တို့လောက်နဲ့မတင်းတိမ်နိုင်သေးဘဲ
တိုက်စစ်ကိုဆက်လက်အားဖြည့်ဖို့ပြင်ဆင်နေတာပါ။
The Mirror သတင်းစာကတော့ ထရိုဆက်ကို စပါးနဲ့
အာဆင်နယ်တို့ကပစ်မှတ်ထားနေတာဖြစ်ပြီး ချဲလ်ဆီးက
ကြားဖြတ်ဝင်ရောက်လာတဲ့ပုံစံမျိုးဖြစ်ပါတယ်။ စပါးအသင်းဟာ
ဘယ်လ်ဂျီယံသားအတွက် ပေါင် ၁၂ သန်းနဲ့ကမ်းလှမ်းခဲ့ပေမဲ့
ပယ်ချခံထားရတာဖြစ်တယ်။ ထရိုဆက်ဟာ ဘရိုက်တန်နည်းပြ
ဒီဇာဘီနဲ့ကွိုင်တက်ပြီးနောက် အသင်းလူစာရင်းကနှုတ်ထွက်
ခဲ့တာကြောင့် အနာဂတ်လှုပ်ခတ်နေသူပါ။ ထရိုဆက်ဟာ
ဘရိုက်တန်နဲ့ ၂၀၂၄ အထိစာချုပ်သက်တမ်းရှိသူဖြစ်တာကြောင့်
တောင်ကမ်းရိုးတန်းကလပ်ဟာ ဘယ်လ်ဂျီယံသားအတွက်
အနိမ့်ဆုံး ပေါင် ၂၅ သန်းရမှသာစဉ်းစားဖို့ရှိနေပါတယ်။
ထရိုဆက်ဟာ ဒီရာသီပရီးမီးယားလိဂ် ၁၇ပွဲမှာ ၇ဂိုးသွင်းထားပြီး
လီဗာပူးကိုဟက်ထရစ်ဂိုးအပါအဝင် ချဲလ်ဆီးနဲ့ မန်စီးတီးတို့လို
အသင်းကြီးတွေကို ဂိုးသွင်းထားနိုင်သူဖြစ်တယ်။
zawgyi
နည်းပြဒီဇာဘီနဲ့ပြဿနာတက်ထားတဲ့ ထရိုဆက်ကို အာဆင်နယ်လက်ထဲက လုဖို့ကြိုးစားနေပြန်တဲ့ ချဲလ်ဆီး