နည်းပြတန်ဟတ် အကြိုက်ဆုံး တိုက်စစ်မှူးကို မန်ယူခေါ်ယူနိုင်ခဲ့ပြီ

အေဂျက်တိုက်စစ်မှူး အန်တိုနီ ကိုယူခေါ်ဖို့အတွက် ပေါင် ၈၄.၂ သန်းနဲ့ မန်ယူသဘောတူညီမှုရသွားခဲ့ပြီဖြစ်ပါ တယ်။ အစောပိုင်းမှာ မန်ယူရဲ့ပေါင် ၇၆ သန်းနဲ့ကမ်းလှမ်းမှုကို အေဂျက်ကငြင်းပယ်ခဲ့ပြီး ပေါင် သန်း ၈၀ အပြင် ထပ်တိုးပေါင် ၄.၂သန်း နဲ့ ထပ်မံကမ်းလှမ်းမှုကို

နောက်ဆုံးမှာ လက်ခံသွားခဲ့တာပါ။ မန်ယူနဲ့ အန်တိုနီရဲ့စာချုပ်မှာ ၅နှစ်ဖြစ်ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ပါရွေးချယ်ခွင့်ပေးထားပါတယ်။ အေဂျက်နည်းပြရှရူဒါကတော့ ဒီနေ့ခေတ်မှာ အရာရာဟာ ငွေကြေးနဲ့သက်ဆိုင်နေပြီး အဲဒီလိုကိစ္စတွေ အေဂျက်ဆီရောက်လာခဲ့တဲ့

အတွက် ဝမ်းနည်းမိတယ်လို့ဆိုသွားခဲ့ပါတယ်။ အေဂျက်နည်းပြအဖွဲ့ဝင်တွေဟာ အန်တိုနီကို မရောင်းဖို့တားဆီးခဲ့ပေမယ့် အသင်းဘုတ်အဖွဲ့က ရောင်းချဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ အန်တိုနီ ကိုယ်တိုင်ကလည်း နည်းပြဟောင်း တန်ဟတ်ရဲ့ဆက်သွယ်မှုကိုခံခဲ့ရပြီးနောက်

အေဂျက်ကနေထွက်ခွာခွင့်ပေးဖို့တောင်းဆိုခဲ့တာပါ။ အန်တိုနီကို ခေါ် ယူနိုင်ခဲ့ပြီဖြစ်တာကြောင့် မန်ယူကနေ စီရော်နယ်ဒို ထွက်ခွာဖို့သေချာသွားပြီဆိုတဲ့သတင်းတွေလည်းထွက်နေပါ တယ်။ ဒါပေမယ့် နည်းပြတန်ဟတ်ကတော့ စီရောက်နယ်ဒိုကို အသင်းမှာသာဆက်ရှိစေချင်တယ်

လို့ ဆိုထားပါ တယ်။ အေးဂျင့် ဂျော့မန်ဒက်စ်ကတော့ စီရော်နယ်ဒိုအပြောင်းအရွှေ့အတွက် နာပိုလီ၊ စပို့တင်းလစ္စဘွန်းတို့နဲ့ ဆက်သွယ်နေပြီး လက်ရှိအချိန်ထိတော့ မန်ယူကိုတရားဝင်ကမ်းလှမ်းမှုတွေမရှိသေးပါဘူး။ အသက် ၂၂ နှစ်အရွယ် အန်တိုနီ အနေနဲ့ ရက်ပိုင်းအတွင်း

မန်ချက်စတာကို လာရောက်ပြီး ဆေးစစ်မှုတွေလုပ်သွားမှာပါ။ အေဂျက် အသင်းအတွက် ၈၂ ပွဲ ကစားပြီး ၂၅ ဂိုး သွင်းယူထားတဲ့ အန်တိုနီဟာ ဘရာဇီးလက်ရွေးစင်အဖြစ်လည်း ၉ ပွဲကစား ၂ ဂိုး သွင်းယူထားပါတယ်။

အန်တိုနီအနေနဲ့ မန်ယူအသင်းမှာ နောက်ခံလူ မက်ဂွဲယားနဲ့အတူ ပြောင်းရွှေ့ကြေးဒုတိယအများဆုံးအဖြစ် မှတ်တမ်းဝင်တော့မှာဖြစ်ပြီး ကွင်းလယ်လူဟောင်း ပေါ့ဘာ ကတော့ ပေါင် ၈၉ သန်းနဲ့ ကလပ်စံချိန်တင်ကစားသမားအဖြစ် ဆက်ရှိနေဦးမှာဖြစ်ပါတယ်။

(zawgyi)

ေအဂ်က္တိုက္စစ္မႉး အန္တိုနီ ကိုယူေခၚဖို႔အတြက္ ေပါင္ ၈၄.၂ သန္းနဲ႔ မန္ယူသေဘာတူညီမႈရသြားခဲ့ၿပီျဖစ္ပါ တယ္။ အေစာပိုင္းမွာ မန္ယူရဲ႕ေပါင္ ၇၆ သန္းနဲ႔ကမ္းလွမ္းမႈကို ေအဂ်က္ကျငင္းပယ္ခဲ့ၿပီး ေပါင္ သန္း ၈၀ အျပင္ ထပ္တိုးေပါင္ ၄.၂သန္း နဲ႔

ထပ္မံကမ္းလွမ္းမႈကို ေနာက္ဆုံးမွာ လက္ခံသြားခဲ့တာပါ။ မန္ယူနဲ႔ အန္တိုနီရဲ႕စာခ်ဳပ္မွာ ၅ႏွစ္ျဖစ္ၿပီး ေနာက္ထပ္တစ္ႏွစ္သက္တမ္းတိုးခြင့္ပါေ႐ြးခ်ယ္ခြင့္ေပးထားပါတယ္။ ေအဂ်က္နည္းျပရွ႐ူဒါကေတာ့ ဒီေန႔ေခတ္မွာ အရာရာဟာ ေငြေၾကးနဲ႔သက္ဆိုင္ေနၿပီး

အဲဒီလိုကိစၥေတြ ေအဂ်က္ဆီေရာက္လာခဲ့တဲ့အတြက္ ဝမ္းနည္းမိတယ္လို႔ဆိုသြားခဲ့ပါတယ္။ ေအဂ်က္နည္းျပအဖြဲ႕ဝင္ေတြဟာ အန္တိုနီကို မေရာင္းဖို႔တားဆီးခဲ့ေပမယ့္ အသင္းဘုတ္အဖြဲ႕က ေရာင္းခ်ဖို႔ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။ အန္တိုနီ ကိုယ္တိုင္ကလည္း

နည္းျပေဟာင္း တန္ဟတ္ရဲ႕ဆက္သြယ္မႈကိုခံခဲ့ရၿပီးေနာက္ ေအဂ်က္ကေနထြက္ခြာခြင့္ေပးဖို႔ေတာင္းဆိုခဲ့တာပါ။ အန္တိုနီကို ေခၚ ယူႏိုင္ခဲ့ၿပီျဖစ္တာေၾကာင့္ မန္ယူကေန စီေရာ္နယ္ဒို ထြက္ခြာဖို႔ေသခ်ာသြားၿပီဆိုတဲ့သတင္းေတြလည္းထြက္ေနပါ တယ္။

ဒါေပမယ့္ နည္းျပတန္ဟတ္ကေတာ့ စီေရာက္နယ္ဒိုကို အသင္းမွာသာဆက္ရွိေစခ်င္တယ္လို႔ ဆိုထားပါ တယ္။ ေအးဂ်င့္ ေဂ်ာ့မန္ဒက္စ္ကေတာ့ စီေရာ္နယ္ဒိုအေျပာင္းအေ႐ႊ႕အတြက္ နာပိုလီ၊ စပို႔တင္းလစၥဘြန္းတို႔နဲ႔ ဆက္သြယ္ေနၿပီး လက္ရွိအခ်ိန္ထိေတာ့

မန္ယူကိုတရားဝင္ကမ္းလွမ္းမႈေတြမရွိေသးပါဘူး။ အသက္ ၂၂ ႏွစ္အ႐ြယ္ အန္တိုနီ အေနနဲ႔ ရက္ပိုင္းအတြင္း မန္ခ်က္စတာကို လာေရာက္ၿပီး ေဆးစစ္မႈေတြလုပ္သြားမွာပါ။ ေအဂ်က္ အသင္းအတြက္ ၈၂ ပြဲ ကစားၿပီး ၂၅ ဂိုး သြင္းယူထားတဲ့ အန္တိုနီဟာ

ဘရာဇီးလက္ေ႐ြးစင္အျဖစ္လည္း ၉ ပြဲကစား ၂ ဂိုး သြင္းယူထားပါတယ္။ အန္တိုနီအေနနဲ႔ မန္ယူအသင္းမွာ ေနာက္ခံလူ မက္ဂြဲယားနဲ႔အတူ ေျပာင္းေ႐ႊ႕ေၾကးဒုတိယအမ်ားဆုံးအျဖစ္ မွတ္တမ္းဝင္ေတာ့မွာျဖစ္ၿပီး ကြင္းလယ္လူေဟာင္း ေပါ့ဘာ ကေတာ့ ေပါင္ ၈၉ သန္းနဲ႔ ကလပ္စံခ်ိန္တင္ကစားသမားအျဖစ္ ဆက္ရွိေနဦးမွာျဖစ္ပါတယ္။