နည်းပြတန်ဟတ်နဲ့ စီရော်နယ်ဒိုတို့ကြားမှာ အက်ကြောင်းပေါ်လာပြီ

နယူးကာဆယ်နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ လူစားလဲခံခဲ့ရတဲ့ စီရော်နယ်ဒိုဟာ နည်းပြတန်ဟတ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အလိုမကျဖြစ်ခဲ့တာကြောင့် နည်းပြတန်ဟတ်နဲ့ ဆက်ဆံရေး တင်းမာမှုတွေ အစပြုနေပြီဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။

ငှက်ကျားတွေကို အိမ်ကွင်းမှာ ဧည့်ခံခဲ့တဲ့ ဒီပွဲစဉ်မှာ ရော်နယ်ဒိုဟာ ပွဲအစကတည်းက ပါဝင်ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။

ဒုတိ ယပိုင်း စပြီး ၂ မိနစ်အကြာမှာ ရော်နယ်ဒို ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့ပြီး ကာဆယ် ပြစ်ဒဏ်ဘောရချိန်မှာလည်း ကစားသမားတစ်ယောက်က ဂိုးသ မားနစ်ပုတ်ကို ကန်တင်ဖို့အတွက် ပေးထားခဲ့တဲ့ ဘောလုံးကို ရော်နယ်ဒို ဆွဲ ပြေးပြီး ကန်သွင်းခဲ့တာ ဂိုးဝင်ခဲ့ပေမယ့် ဂိုးမရခဲ့ဘဲ အဝါကတ်သာ အပြခံခဲ့ရ ပါတယ်။

ဒါကြောင့် နည်းပြ တန်ဟတ်ဟာ ဒီစကားသမားကို ပွဲချိန် ၇၂ မိနစ်မှာတော့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ လူစားလဲပစ်ခဲ့ပါတယ်။

ဒီလို လူစားလဲလိုက် တာဟာ သူ့ရဲ့ စွမ်းဆောင်ရည်မကောင်းဘူးလို့ တန်ဟတ်တစ်ယောက် ထင်ခဲ့တယ်လို့ ရော်နယ်ဒိုက မှတ်ယူပုံပေါ်ပါတယ်။

ဒါကြောင့် ကွင်းထဲကနေပြီး အရန်ခုံတန်းကို ပြန်လာတဲ့ လမ်းတစ်လျှောက်လုံးမှာ ခေါင်းကို မနားတမ်း ခါယမ်းနေခဲ့သလို အရန်ခုံမှာ ထိုင်တော့လည်း အချိန်အတော်ကြာအောင် ခေါင်းကို ခါယမ်းနေခဲ့ပါတယ်။

သူ့အစား ဝင်ကစားတဲ့ ရက်ရှ်ဖို့ဒ်ဟာ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ကက်စ်မီရိုရဲ့ ဖြတ်တင်ပေးမှုကတစ်ဆင့် အပိုင်ခေါင်း တိုက်ခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့လို့ မန်ယူဟာ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။

ဒါကြောင့် ပွဲအပြီးမှာတော့ နည်းပြ တန်ဟတ်က ဒီပွဲဟာ သူတို့အသင်း အနိုင်ရသင့်တယ်လို့ ငြီးတွားခဲ့ပါတယ်။ ‘’စွမ်းဆောင်ရည်က ကောင်းခဲ့ပါတယ်။ ပေးဂိုးလည်း မရှိခဲ့ဘူး။

ကျွန်တော်တို့ ဖိကစားနိုင်ပြီး ပွဲကို ထိန်းချုပ် နိုင်ခဲ့တယ်။ ဘောလုံးနဲ့အတူရှိနေတဲ့ အချိန်မျိုးမှာဆိုရင် ကျွန်တော်တို့ တ ကယ်ကောင်းတာပါ။

အထူးသဖြင့် ဒုတိယပိုင်းမှာပေါ့။ အဆုံးမှာတော့ ကျွန်တော်တို့ အနိုင်ရခဲ့တာမျိုး ရှိတယ်။ အနိုင်ရလဒ်နဲ့လည်း ကျွန်တော်တို့ ထိုက်တန်ပါတယ်’’ လို့ တန်ဟတ်က ပွဲအပြီးမှာ ဘီဘီစီ သတင်းဌာနကို ပြောဆို သွားခဲ့ပါတယ်။

ဒါပေမဲ့ ပရိသတ်တွေ မျှော်လင့်တဲ့ ရလဒ်မျိုး မရခဲ့တဲ့အတွက် လူစားလဲခံလိုက်ရတဲ့ ရော်နယ်ဒိုကတော့ နည်းပြတန်ဟတ်ရဲ့ ဆုံးဖြတ်ချက် အပေါ် အလိုမကျဖြစ်နေတယ်လို့ သတင်းတွေက ရေးသားဖော်ပြခဲ့ပါတယ်။

(Zawgyi)

နည္းျပတန္ဟတ္နဲ႔ စီေရာ္နယ္ဒိုတို႔ၾကား အက္ေၾကာင္းေပၚလာၿပီ

နယူးကာဆယ္နဲ႔ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ လူစားလဲခံခဲ့ရတဲ့ စီေရာ္နယ္ဒိုဟာ နည္းျပတန္ဟတ္ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး အလိုမက်ျဖစ္ခဲ့တာေၾကာင့္ နည္းျပတန္ဟတ္နဲ႔ ဆက္ဆံေရး တင္းမာမႈေတြ အစျပဳေနၿပီျဖစ္တယ္လို႔ သတင္းထြက္လာပါတယ္။

ငွက္က်ားေတြကို အိမ္ကြင္းမွာ ဧည့္ခံခဲ့တဲ့ ဒီပြဲစဥ္ မွာ ေရာ္နယ္ဒိုဟာ ပြဲအစကတည္းက ပါဝင္ကစားခြင့္ရခဲ့သူျဖစ္ပါတယ္။ ဒုတိ ယပိုင္း စၿပီး ၂ မိနစ္အၾကာမွာ ေရာ္နယ္ဒို ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေနခဲ့ၿပီး ကာဆယ္ ျပစ္ဒဏ္ေဘာရခ်ိန္မွာလည္း ကစားသမားတစ္ေယာက္က ဂိုးသ မားနစ္ပုတ္ကို ကန္တင္ဖို႔အတြက္ ေပးထားခဲ့တဲ့ ေဘာလုံးကို ေရာ္နယ္ဒို ဆြဲ ေျပးၿပီး ကန္သြင္းခဲ့တာ ဂိုးဝင္ခဲ့ေပမယ့္ ဂိုးမရခဲ့ဘဲ အဝါကတ္သာ အျပခံခဲ့ရ ပါတယ္။

ဒါေၾကာင့္ နည္းျပ တန္ဟတ္ဟာ ဒီစကားသမားကို ပြဲခ်ိန္ ၇၂ မိနစ္ မွာေတာ့ တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္နဲ႔ လူစားလဲပစ္ခဲ့ပါတယ္။

ဒီလို လူစားလဲလိုက္ တာဟာ သူ႔ရဲ႕ စြမ္းေဆာင္ရည္မေကာင္းဘူးလို႔ တန္ဟတ္တစ္ေယာက္ ထင္ ခဲ့တယ္လို႔ ေရာ္နယ္ဒိုက မွတ္ယူပုံေပၚပါတယ္။

ဒါေၾကာင့္ ကြင္းထဲကေနၿပီး အရန္ခုံတန္းကို ျပန္လာတဲ့ လမ္းတစ္ေလွ်ာက္လုံးမွာ ေခါင္းကို မနားတမ္း ခါ ယမ္းေနခဲ့သလို အရန္ခုံမွာ ထိုင္ေတာ့လည္း အခ်ိန္အေတာ္ၾကာေအာင္ ေခါင္းကို ခါယမ္းေနခဲ့ပါတယ္။

သူ႔အစား ဝင္ကစားတဲ့ ရက္ရွ္ဖို႔ဒ္ဟာ ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုမွာ ကက္စ္မီ႐ိုရဲ႕ ျဖတ္တင္ေပးမႈကတစ္ဆင့္ အပိုင္ေခါင္း တိုက္ခြင့္ရခဲ့ေပမယ့္ လြဲေခ်ာ္ခဲ့လို႔ မန္ယူဟာ သေရတစ္မွတ္နဲ႔ ေက်နပ္ခဲ့ရ ပါတယ္။

ဒါေၾကာင့္ ပြဲအၿပီးမွာေတာ့ နည္းျပ တန္ဟတ္က ဒီပြဲဟာ သူတို႔အ သင္း အႏိုင္ရသင့္တယ္လို႔ ၿငီးတြားခဲ့ပါတယ္။ ‘’စြမ္းေဆာင္ရည္က ေကာင္းခဲ့ ပါတယ္။

ေပးဂိုးလည္း မရွိခဲ့ဘူး။ ကြၽန္ေတာ္တို႔ ဖိကစားႏိုင္ၿပီး ပြဲကို ထိန္းခ်ဳပ္ ႏိုင္ခဲ့တယ္။ ေဘာလုံးနဲ႔အတူရွိေနတဲ့ အခ်ိန္မ်ိဳးမွာဆိုရင္ ကြၽန္ေတာ္တို႔ တ ကယ္ေကာင္းတာပါ။

အထူးသျဖင့္ ဒုတိယပိုင္းမွာေပါ့။ အဆုံးမွာေတာ့ ကြၽန္ ေတာ္တို႔ အႏိုင္ရခဲ့တာမ်ိဳး ရွိတယ္။ အႏိုင္ရလဒ္နဲ႔လည္း ကြၽန္ေတာ္တို႔ ထိုက္ တန္ပါတယ္’’ လို႔ တန္ဟတ္က ပြဲအၿပီးမွာ ဘီဘီစီ သတင္းဌာနကို ေျပာဆို သြားခဲ့ပါတယ္။

ဒါေပမဲ့ ပရိသတ္ေတြ ေမွ်ာ္လင့္တဲ့ ရလဒ္မ်ိဳး မရခဲ့တဲ့အတြက္ လူစားလဲခံလိုက္ရတဲ့ ေရာ္နယ္ဒိုကေတာ့ နည္းျပတန္ဟတ္ရဲ႕ ဆုံးျဖတ္ခ်က္ အေပၚ အလိုမက်ျဖစ္ေနတယ္လို႔ သတင္းေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။