
ဥရုဂွေးနဲ့ကစားရမယ့်ပွဲကို လက်စားချေရမယ့်ပွဲအဖြစ် ခံယူထားခြင်းမရှိဘူးလို့ ဂါနာနည်းပြအော့တိုအက်ဒိုက ပြောကြားလိုက်ပါတယ်။
၂၀၁၀ကမ္ဘာ့ဖလားတုန်းက ကွာတားမှာ ဂါနာဟာ ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်ကြောင့် အဖြစ်ဆိုးတွေ ကြုံခဲ့ရတာပါ။
ကွာတားရဲ့ အချိန်ပိုမှာ ဂါနာတိုက်စစ်မှူးအဒီယာရဲ့ ခေါင်းတိုက်ဂိုးကို ဆွာရက်ဇ်က လက်နဲ့ပုတ်ထုတ်ခဲ့တာပါ။
ဆွာရက်ဇ်လည်း အနီကတ်နဲ့အထုတ်ခံခဲ့ရပြီး ဂါနာက ပင်နယ်တီကန်ခွင့်ရခဲ့ပါတယ်။
ဒါပေမယ့် အဆာမိုဂျန်ရဲ့ ကန်သွင်းမှုဟာ ဘားတန်းကိုထိပြီး ဂါနာ အနိုင်ဂိုးမရခဲ့ပါဘူး။
ဆွာရက်ဇ်ကလည်း ဥမင်အတွင်းထဲမှာ အရူးအမူးအောင်ပွဲခံခဲ့ပါတယ်။
ပင်နယ်တီ အဆုံးအဖြတ်မှာလည်း ဂါနာရှုံးနိမ့်သွားခဲ့ပြီးနောက် ဂါနာတစ်နိုင်ငံလုံးက ဆွာရက်ဇ်ကို ပေါက်ကွဲခဲ့ကြတာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဆီမီးတက်နိုင်တဲ့ ပထမဆုံး အာဖရိကအသင်းအဖြစ်ကနေ လွဲချော်ခဲ့ရလို့
အဲ့ဒီအချိန်က ဂါနာကစားသမားတွေသာမက ပရိသတ်တွေကပါ ဆွာရက်ဇ်ကို အလွန်မုန်းတီးခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဂါနာနည်းပြအော့တိုအက်ဒိုကတော့ သူဟာ လက်စားချေမှုကို အလွန်အကျူးအာရုံစိုက်တဲ့နည်းပြ မဟုတ်သလို
ဥရုဂွေးပွဲက ခက်ခဲမယ်လို့ သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဂါနာ အနိုင်ရနိုင်တယ်လို့ ယုံကြည်ကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။
ဂါနာနည်းပြအော့တိုက အဲဒီလိုခံယူထားပေမယ့် ဂါနာကစားသမားတွေနဲ့ ဂါနာ တစ်နိုင်ငံလုံးကတော့
ဥရုဂွေးနဲ့ကစားရမယ့်ပွဲကို အနိုင်ကစားခြင်းနဲ့လက်စားချေဖို့ ဆန္ဒပြင်းပြနေကြပါတယ်။
၂၀၁၀ ဂါနာအသင်းမှာ ပါဝင်ခဲ့သလို လက်ရှိအချိန်ထိလည်း ပါဝင်နေဆဲဖြစ်တဲ့ အဓိကတိုက်စစ်မှူးအင်ဒရေအယူးကတော့-
“၂၀၁၀အတွင်းမှာ ပါဝင်ခဲ့ပြီး လက်ရှိတစ်ဦးတည်းသော ကျန်နေခဲ့တဲ့သူက ကျွန်တော်ပါပဲ။
ကျွန်တော်တို့ ဘယ်လောက်အထိ ခံစားရလဲ၊ ဂါနာ တစ်နိုင်ငံလုံး ဘယ်လောက်အထိ ခံစားရလဲဆိုတာ နားလည်ပါတယ်။
ကျွန်တော့်အတွက်တော့ နောက်တစ်ဆင့်ကို တက်ချင်တာပါပဲ။ ဒီပွဲက လက်စားချေဖို့မဟုတ်ပါဘူး။
နိုင်ပွဲရဖို့ တစ်ခုတည်းနဲ့ ရည်ရွယ်ကစားရမယ့်ပွဲပါ။ ဂါနာ တစ်နိုင်ငံလုံးက ဆွာရက်ဇ်ကို ခွင့်မလွှတ်ကြဘူးဆိုတာ ကျွန်တော်သိပါတယ်။
ဒါပေမဲ့ ဒါက ဘောလုံးပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သိပ် မပြောတာပဲကောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဂါနာပြည်သူတွေကတော့ ဥရုဂွေးနဲ့ကစားရမယ့်ပွဲအတွက် သူတို့နိုင်ငံကနေ အလုံးအရင်းအားပေးဖို့ လည်း ပြင်ဆင်နေကြပါပြီ။
zawgyi
နည္းျပက စိတ္ထဲမထားေပမယ့္ ဂါနာျပည္သူေတြက လက္စားေခ်ႏိုင္ပြဲရယူဖို႔ ဆႏၵျပင္းထန္ေန
ဥ႐ုေဂြးနဲ႔ကစားရမယ့္ပြဲကို လက္စားေခ်ရမယ့္ပြဲအျဖစ္ ခံယူထားျခင္းမရွိဘူးလို႔ ဂါနာနည္းျပေအာ့တိုအက္ဒိုက ေျပာၾကားလိုက္ပါတယ္။
၂၀၁၀ကမာၻ႔ဖလားတုန္းက ကြာတားမွာ ဂါနာဟာ ဥ႐ုေဂြးတိုက္စစ္မႉးဆြာရက္ဇ္ေၾကာင့္ အျဖစ္ဆိုးေတြ ႀကဳံခဲ့ရတာပါ။
ကြာတားရဲ႕ အခ်ိန္ပိုမွာ ဂါနာတိုက္စစ္မႉးအဒီယာရဲ႕ ေခါင္းတိုက္ဂိုးကို ဆြာရက္ဇ္က လက္နဲ႔ပုတ္ထုတ္ခဲ့တာပါ။
ဆြာရက္ဇ္လည္း အနီကတ္နဲ႔အထုတ္ခံခဲ့ရၿပီး ဂါနာက ပင္နယ္တီကန္ခြင့္ရခဲ့ပါတယ္။
ဒါေပမယ့္ အဆာမိုဂ်န္ရဲ႕ ကန္သြင္းမႈဟာ ဘားတန္းကိုထိၿပီး ဂါနာ အႏိုင္ဂိုးမရခဲ့ပါဘူး။
ဆြာရက္ဇ္ကလည္း ဥမင္အတြင္းထဲမွာ အ႐ူးအမူးေအာင္ပြဲခံခဲ့ပါတယ္။
ပင္နယ္တီ အဆုံးအျဖတ္မွာလည္း ဂါနာရႈံးနိမ့္သြားခဲ့ၿပီးေနာက္ ဂါနာတစ္ႏိုင္ငံလုံးက ဆြာရက္ဇ္ကို ေပါက္ကြဲခဲ့ၾကတာပါ။
ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ ဆီမီးတက္ႏိုင္တဲ့ ပထမဆုံး အာဖရိကအသင္းအျဖစ္ကေန လြဲေခ်ာ္ခဲ့ရလို႔
အဲ့ဒီအခ်ိန္က ဂါနာကစားသမားေတြသာမက ပရိသတ္ေတြကပါ ဆြာရက္ဇ္ကို အလြန္မုန္းတီးခဲ့ၾကတာလည္း ျဖစ္ပါတယ္။
ဂါနာနည္းျပေအာ့တိုအက္ဒိုကေတာ့ သူဟာ လက္စားေခ်မႈကို အလြန္အက်ဴးအာ႐ုံစိုက္တဲ့နည္းျပ မဟုတ္သလို
ဥ႐ုေဂြးပြဲက ခက္ခဲမယ္လို႔ သတိေပးခဲ့ပါတယ္။ ဒါေပမဲ့ ဂါနာ အႏိုင္ရႏိုင္တယ္လို႔ ယုံၾကည္ေၾကာင္းလည္း သူက ေျပာၾကားခဲ့ပါတယ္။
ဂါနာနည္းျပေအာ့တိုက အဲဒီလိုခံယူထားေပမယ့္ ဂါနာကစားသမားေတြနဲ႔ ဂါနာ တစ္ႏိုင္ငံလုံးကေတာ့
ဥ႐ုေဂြးနဲ႔ကစားရမယ့္ပြဲကို အႏိုင္ကစားျခင္းနဲ႔လက္စားေခ်ဖို႔ ဆႏၵျပင္းျပေနၾကပါတယ္။
၂၀၁၀ ဂါနာအသင္းမွာ ပါဝင္ခဲ့သလို လက္ရွိအခ်ိန္ထိလည္း ပါဝင္ေနဆဲျဖစ္တဲ့ အဓိကတိုက္စစ္မႉးအင္ဒေရအယူးကေတာ့-
“၂၀၁၀အတြင္းမွာ ပါဝင္ခဲ့ၿပီး လက္ရွိတစ္ဦးတည္းေသာ က်န္ေနခဲ့တဲ့သူက ကြၽန္ေတာ္ပါပဲ။
ကြၽန္ေတာ္တို႔ ဘယ္ေလာက္အထိ ခံစားရလဲ၊ ဂါနာ တစ္ႏိုင္ငံလုံး ဘယ္ေလာက္အထိ ခံစားရလဲဆိုတာ နားလည္ပါတယ္။
ကြၽန္ေတာ့္အတြက္ေတာ့ ေနာက္တစ္ဆင့္ကို တက္ခ်င္တာပါပဲ။ ဒီပြဲက လက္စားေခ်ဖို႔မဟုတ္ပါဘူး။
ႏိုင္ပြဲရဖို႔ တစ္ခုတည္းနဲ႔ ရည္႐ြယ္ကစားရမယ့္ပြဲပါ။ ဂါနာ တစ္ႏိုင္ငံလုံးက ဆြာရက္ဇ္ကို ခြင့္မလႊတ္ၾကဘူးဆိုတာ ကြၽန္ေတာ္သိပါတယ္။
ဒါေပမဲ့ ဒါက ေဘာလုံးပါ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး သိပ္ မေျပာတာပဲေကာင္းပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
ဂါနာျပည္သူေတြကေတာ့ ဥ႐ုေဂြးနဲ႔ကစားရမယ့္ပြဲအတြက္ သူတို႔ႏိုင္ငံကေန အလုံးအရင္းအားေပးဖို႔ လည္း ျပင္ဆင္ေနၾကပါၿပီ။