နည်းပြကဒီလောက်ပြောထားတာတောင် ပေါက်ကရလုပ်ခဲ့တဲ့ခံစစ်နိုးထိဖို့ အချိန်တန်ပြီလို့ ကော်တိုရစ် ဒေါသတကြီးပြောဆို

လစ်ပ်ဇစ်ကို ၃-၂ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ အသင်းဖော်တွေရဲ့စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီး

ဒေါသထွက်မိတယ်လို့ ရီးရဲလ်ဂိုးသမားကော်တိုရစ်က ဖွင့်ဟလိုက်ပါတယ်။

ရီးရဲလ်ဟာ ပြိုင်ဘက်ကိုပွဲချိန် ၁၂မိနစ် အတွင်း ၂ဂိုးပေးခဲ့ရပြီးနောက် ပြန်လာနိုင်ဖို့အလွန်ခက်ခဲသွားတာဖြစ်တယ်။

“တစ်ခါတလေမှာ ကျွန်တော်တို့တွေက ပွဲအတွက်လုံလောက်တဲ့ တိုက်ပွဲဝင်လိုစိတ်မရှိဘဲနဲ့ ကစားခဲ့မိတာလို့ ပြောရပါတော့မယ်။

ကွင်းထဲမှာ ပြိုင်ဘက်ကို အခွင့်အရေးတွေပေးမိပြီး အိပ်ပျော်သွားသလိုပါပဲ ဒါကြောင့် လိုက်ပ်ဇစ်နဲ့ပွဲမှာ အရမ်းကိုပေးဆပ်သွားခဲ့ရတာပါ။

သူတို့ဟာအိမ်ကွင်းနောက်ဆုံး ၅ပွဲမှာ ဂိုးတွေအများကြီးသွင်းထားတာကို

နည်းပြကကြိုပြီးသတိပေးထားပေမယ့် ကျွန်တော်တို့က မှားတဲ့ဘက်ကို ထွက်သွားခဲ့ကြတယ်။

ထောင့်ကန်ဘော ၂ကြိမ်မှာ သူတို့ ၂ဂိုးရခဲ့ပြီး ဒုတိယပိုင်းမှာ ကျွန်တော်တို့ခံစစ်ကစားပုံအတော်လေးဆိုးရွားခဲ့ပါတယ်။

ပထမပိုင်းမပြီးခင်မှာဂိုးပြန်ရခဲ့ပေမဲ့ ဒုတိယပိုင်းမှာဘောလုံးပေးပို့ချက်တွေ အမှားများပြီးထိန်းချုပ်ဖို့ပျက်ကွက်ခဲ့သလို ပွဲကောင်းတစ်ပွဲဖြစ်မလာခဲ့ပါဘူး။

တတိယဂိုးပေးလိုက်တာကတော့ အသေသတ်လိုက်သလိုပါပဲ။

ယှဉ်လုတိုင်းသူတို့အ နိုင်ရခဲ့ပြီး ပေးခဲ့ရတဲ့ ၂ဂိုးမှာ ဒီလိုပုံစံတွေဖြစ်နေတယ်။ ခံစစ်ကပြင်းပြင်းထန်ထန် မကာကွယ်နိုင်ခဲ့ဘူး။

အချိန်တိုအတွင်းကစားပွဲတွေအများကြီးလာဦးမှာဖြစ်လို့ နိုးထဖို့အချိန်တန်ပါပြီ။

ပင်ပန်းနေတယ်ဆိုရင်တောင် မာမာထန်ထန်ရှိဖို့အတွက် ပျက်ကွက်လို့မရပါဘူး။

အရန်ခုံမှာ ကစားသမားတွေရှိနေသေးတယ်။ ခင်ဗျားတို့ စက္ကန့်တိုင်းမှာ ရာနှုန်းပြည့်ပေးဆပ်ဖို့လိုပါတယ်” လို့ ကော်တိုရစ်က ဒေါသတကြီး ပြောဆိုခဲ့ပါတယ်။

(Zawgyi)

နည္းျပကဒီေလာက္ေျပာထားတာေတာင္ ေပါက္ကရလုပ္ခဲ့တဲ့ခံစစ္ႏိုးထိဖို႔ အခ်ိန္တန္ၿပီလို႔ ေကာ္တိုရစ္ ေဒါသတႀကီးေျပာဆို

လစ္ပ္ဇစ္ကို ၃-၂ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာ အသင္းေဖာ္ေတြရဲ႕စြမ္းေဆာင္ရည္နဲ႔ပတ္သတ္ၿပီး ေဒါသထြက္မိတယ္လို႔ ရီးရဲလ္ဂိုးသမားေကာ္တိုရစ္က ဖြင့္ဟလိုက္ပါတယ္။

ရီးရဲလ္ဟာ ၿပိဳင္ဘက္ကိုပြဲခ်ိန္ ၁၂မိနစ္ အတြင္း ၂ဂိုးေပးခဲ့ရၿပီးေနာက္ ျပန္လာႏိုင္ဖို႔အလြန္ခက္ခဲသြားတာျဖစ္တယ္။

“တစ္ခါတေလမွာ ကြၽန္ေတာ္တို႔ေတြက ပြဲအတြက္လုံေလာက္တဲ့ တိုက္ပြဲဝင္လိုစိတ္မရွိဘဲနဲ႔ ကစားခဲ့မိတာလို႔ ေျပာရပါေတာ့မယ္။

ကြင္းထဲမွာ ၿပိဳင္ဘက္ကို အခြင့္အေရးေတြေပးမိၿပီး အိပ္ေပ်ာ္သြားသလိုပါပဲ ဒါေၾကာင့္ လိုက္ပ္ဇစ္နဲ႔ပြဲမွာ အရမ္းကိုေပးဆပ္သြားခဲ့ရတာပါ။

သူတို႔ဟာအိမ္ကြင္းေနာက္ဆုံး ၅ပြဲမွာ ဂိုးေတြအမ်ားႀကီးသြင္းထားတာကို

နည္းျပကႀကိဳၿပီးသတိေပးထားေပမယ့္ ကြၽန္ေတာ္တို႔က မွားတဲ့ဘက္ကို ထြက္သြားခဲ့ၾကတယ္။

ေထာင့္ကန္ေဘာ ၂ႀကိမ္မွာ သူတို႔ ၂ဂိုးရခဲ့ၿပီး ဒုတိယပိုင္းမွာ ကြၽန္ေတာ္တို႔ခံစစ္ကစားပုံအေတာ္ေလးဆိုး႐ြားခဲ့ပါ တယ္။

ပထမပိုင္းမၿပီးခင္မွာဂိုးျပန္ရခဲ့ေပမဲ့ ဒုတိယပိုင္းမွာေဘာလုံးေပးပို႔ခ်က္ေတြ အမွားမ်ားၿပီးထိန္းခ်ဳပ္ဖို႔ပ်က္ကြက္ခဲ့သလို ပြဲေကာင္းတစ္ပြဲျဖစ္မလာခဲ့ပါဘူး။

တတိယဂိုးေပးလိုက္တာကေတာ့ အေသသတ္လိုက္သလိုပါပဲ။ ယွဥ္လုတိုင္းသူတို႔အ ႏိုင္ရခဲ့ၿပီး

ေပးခဲ့ရတဲ့ ၂ဂိုးမွာ ဒီလိုပုံစံေတြျဖစ္ေနတယ္။ ခံစစ္ကျပင္းျပင္းထန္ထန္ မကာကြယ္ႏိုင္ခဲ့ဘူး။

အခ်ိန္တိုအတြင္းကစားပြဲေတြအမ်ားႀကီးလာဦးမွာျဖစ္လို႔ ႏိုးထဖို႔အခ်ိန္တန္ပါၿပီ။

ပင္ပန္းေနတယ္ဆိုရင္ေတာင္ မာမာထန္ထန္ရွိဖို႔အတြက္ ပ်က္ကြက္လို႔မရပါဘူး။ အရန္ခုံမွာ ကစားသမားေတြရွိေနေသးတယ္။

ခင္ဗ်ားတို႔ စကၠန႔္တိုင္းမွာ ရာႏႈန္းျပည့္ေပးဆပ္ဖို႔လိုပါတယ္” လို႔ ေကာ္တိုရစ္က ေဒါသတႀကီး ေျပာဆိုခဲ့ပါတယ္။