
မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုဟာသူ့ရဲ့ ၁၁ နှစ်အရွယ်သားဖြစ်သူ
စီရော်နယ်ဒိုဂျူနီယာ ကိုနည်းပညာရပ်တွေအပေါ် စွဲလန်းသွားမှာစိုးလို့ ဆိုပြီး
မိုဘိုင်းဖုန်းကိုင်ဆောင်ခွင့်တားမြစ်ထားတယ်လို့ သိရပါတယ်။
မန်ယူလူငယ်အသင်းအတွက်ကစား ပေးနေတဲ့
ဂျူနီယာဟာ ကမ္ဘာပေါ်ကနာမည်အကြီးဆုံးသူတွေထဲက
တစ်ဦးဖြစ်တဲ့သူကို ဖခင်တော်စပ်ထားတဲ့အပြင်
ချမ်းသာ ကြွယ်ဝမှုကလည်းပြောစရာမလိုလောက်အောင်ကိုဖြစ်နေလို့
မိုဘိုင်းဖုန်း တစ်လုံးဆိုတာသူတို့အတွက်ဘာမှပြောပလောက် တာမဟုတ်ပါဘူး။
ဂျူနီယာ ဟာအခြားသောကလေးတွေလိုဘဲသူ့ဖအေကို
မကြာခဏဖုန်းပူဆာပေမယ့် စီရော်နယ်ဒိုကတော့ ပြတ်သားစွာဘဲငြင်းပယ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ဒူဘိုင်းမှာရှိတဲ့ Al Wasl Plaza မှာ
ပရိသတ်တွေနဲ့တွေ့ဆုံတော့ စီရော်နယ်ဒိုက
မိုဘိုင်းဖုန်းသုံးနေရတာနဲ့ ပတ်သက်ပြီးအခုလိုဘဲပြောသွားပါတယ်။
သူက” မိုဘိုင်းဖုန်းနဲ့ နည်းပညာတွေဟာကျွန်တော့်ကိုသာမက
ဒီမှာရှိတဲ့သူတွေနဲ့ တစ်ကမ္ဘာလုံးကသူတွေကို
အကူအညီဖြစ်စေတာ အမှန်အကန်ပါဘဲ။
ဒီကနေကျွန်တော်တို့အားလုံးအကျိုးအမြတ်
တစ်ခုမ ဟုတ် တစ်ခုရနေပေမယ့်
ဒါနဲ့ပတ်သက်ပြီးအစွဲအလန်းမထားသင့်ပါဘူး။
ဥပမာတစ်ခုကို ပြောရမယ်ဆိုရင် ကျွန် တော့်သားအကြီးဆုံးဟာ
အသက် ၁၂ နှစ်ထဲရောက်နေပြီး ကျွန်တော့်ကိုအမြဲတောင်းဆိုနေတာတစ်ခုရှိပါတယ်။
ဒါကတော့ ဒက်ဒီ သားဖုန်းတစ်လုံးလောက်ကိုင်လို့ရမလား၊
ဖုန်းတစ်လုံးလောက်ကိုင်လို့ရမလား၊
ဖုန်းတစ်လုံးလောက် ကိုင်လို့ရမလား ဆိုတာပါဘဲ။
ကျွန်တော်ကတော့ မင်းအချိန်လိုသေးတယ်လို့ဘဲ ပြောလိုက်ပါတယ်။
ဒီကနေ့ခေတ်လူငယ်မျိုးဆက်ဟာ နည်း ပညာကြောင့်
သူတို့အသက်ထက် အသိကတစ်ဆင့်ပိုနေကြပါတယ်။
နည်းပညာကြောင့် ကျွန်တော်တို့အကျိုးအမြတ်ရနေကြ တာမှန်ပေမယ့်
ဒါကိုတော့အစွဲအလန်းမရှိသင့်ပါဘူး။
အချိန်အတိုင်းအတာတစ်ရပ်အထိတော့ဖုန်းပေးကိုင်ပေါ့။
တစ်ချိန်လုံး တော့ပေးမကိုင်သင့်ပါဘူး။ ကျွန်တော်ဆိုလိုချင်တဲ့
အဓိကအချက်ကဒါပါဘဲ” လို့ပြောသွားပါတယ်။
စီရော်နယ်ဒိုဟာ ကလေး ၄ ယောက်ဖခင်ဖြစ်ပြီး
သူ့ချစ်သူဂျော်ဂျီနာက ထပ်မွေးမယ့်အမွှာနဲ့ပါဆိုရင်
၆ ယောက်အထိရှိလာ မှာဖြစ်ပါတယ်။
သူဟာ သူ့သားကိုအရင်ကတည်းက အလွယ်တကူနဲ့ဖုန်းပေးမကိုင်တဲ့သူဖြစ်ပြီး
သားဖြစ်သူကိုသူ့ကိုဖုန်းခေါ် ချင်ရင်
သူ့အဖွား(စီရော်နယ်ဒို မိခင်)ကနေတစ်ဆင့်သာခေါ်ခိုင်းတဲ့သူဖြစ်ပါတယ်။
zawgyi
နည္းပညာရပ္ေတြအေပၚ စြဲလန္းသြားမွာစိုးလို႔ သားျဖစ္သူကို မိုဘိုင္းဖုန္းလုံးဝေပးမကိုင္တဲ့ စီေရာ္နယ္ဒို
မန္ယူအသင္းတိုက္စစ္မႉး စီေရာ္နယ္ဒိုဟာသူ႔ရဲ႕ ၁၁ ႏွစ္အ႐ြယ္သားျဖစ္သူ
စီေရာ္နယ္ဒိုဂ်ဴနီယာ ကိုနည္းပညာရပ္ေတြအေပၚ စြဲလန္းသြားမွာစိုးလို႔ ဆိုၿပီး
မိုဘိုင္းဖုန္းကိုင္ေဆာင္ခြင့္တားျမစ္ထားတယ္လို႔ သိရပါတယ္။
မန္ယူလူငယ္အသင္းအတြက္ကစား ေပးေနတဲ့
ဂ်ဴနီယာဟာ ကမာၻေပၚကနာမည္အႀကီးဆုံးသူေတြထဲက
တစ္ဦးျဖစ္တဲ့သူကို ဖခင္ေတာ္စပ္ထားတဲ့အျပင္
ခ်မ္းသာ ႂကြယ္ဝမႈကလည္းေျပာစရာမလိုေလာက္ေအာင္ကိုျဖစ္ေနလို႔
မိုဘိုင္းဖုန္း တစ္လုံးဆိုတာသူတို႔အတြက္ဘာမွေျပာပေလာက္ တာမဟုတ္ပါဘူး။
ဂ်ဴနီယာ ဟာအျခားေသာကေလးေတြလိုဘဲသူ႔ဖေအကို
မၾကာခဏဖုန္းပူဆာေပမယ့္ စီေရာ္နယ္ဒိုကေတာ့ ျပတ္သားစြာဘဲျငင္းပယ္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ စေနေန႔က ဒူဘိုင္းမွာရွိတဲ့ Al Wasl Plaza မွ
ာပရိသတ္ေတြနဲ႔ေတြ႕ဆုံေတာ့ စီေရာ္နယ္ဒိုက
မိုဘိုင္းဖုန္းသုံးေနရတာနဲ႔ ပတ္သက္ၿပီးအခုလိုဘဲေျပာသြားပါတယ္။
သူက” မိုဘိုင္းဖုန္းနဲ႔ နည္းပညာေတြဟာကြၽန္ေတာ့္ကိုသာမက
ဒီမွာရွိတဲ့သူေတြနဲ႔ တစ္ကမာၻလုံးကသူေတြကို
အကူအညီျဖစ္ေစတာ အမွန္အကန္ပါဘဲ။
ဒီကေနကြၽန္ေတာ္တို႔အားလုံးအက်ိဳးအျမတ္
တစ္ခုမ ဟုတ္ တစ္ခုရေနေပမယ့္
ဒါနဲ႔ပတ္သက္ၿပီးအစြဲအလန္းမထားသင့္ပါဘူး။
ဥပမာတစ္ခုကို ေျပာရမယ္ဆိုရင္ ကြၽန္ ေတာ့္သားအႀကီးဆုံးဟာ
အသက္ ၁၂ ႏွစ္ထဲေရာက္ေနၿပီး ကြၽန္ေတာ့္ကိုအၿမဲေတာင္းဆိုေနတာတစ္ခုရွိပါတယ္။
ဒါကေတာ့ ဒက္ဒီ သားဖုန္းတစ္လုံးေလာက္ကိုင္လို႔ရမလား၊
ဖုန္းတစ္လုံးေလာက္ကိုင္လို႔ရမလား၊
ဖုန္းတစ္လုံးေလာက္ ကိုင္လို႔ရမလား ဆိုတာပါဘဲ။
ကြၽန္ေတာ္ကေတာ့ မင္းအခ်ိန္လိုေသးတယ္လို႔ဘဲ ေျပာလိုက္ပါတယ္။
ဒီကေန႔ေခတ္လူငယ္မ်ိဳးဆက္ဟာ နည္း ပညာေၾကာင့္
သူတို႔အသက္ထက္ အသိကတစ္ဆင့္ပိုေနၾကပါတယ္။
နည္းပညာေၾကာင့္ ကြၽန္ေတာ္တို႔အက်ိဳးအျမတ္ရေနၾက တာမွန္ေပမယ့္
ဒါကိုေတာ့အစြဲအလန္းမရွိသင့္ပါဘူး။
အခ်ိန္အတိုင္းအတာတစ္ရပ္အထိေတာ့ဖုန္းေပးကိုင္ေပါ့။
တစ္ခ်ိန္လုံး ေတာ့ေပးမကိုင္သင့္ပါဘူး။ ကြၽန္ေတာ္ဆိုလိုခ်င္တဲ့
အဓိကအခ်က္ကဒါပါဘဲ” လို႔ေျပာသြားပါတယ္။
စီေရာ္နယ္ဒိုဟာ ကေလး ၄ ေယာက္ဖခင္ျဖစ္ၿပီး
သူ႔ခ်စ္သူေဂ်ာ္ဂ်ီနာက ထပ္ေမြးမယ့္အမႊာနဲ႔ပါဆိုရင္
၆ ေယာက္အထိရွိလာ မွာျဖစ္ပါတယ္။
သူဟာ သူ႔သားကိုအရင္ကတည္းက အလြယ္တကူနဲ႔ဖုန္းေပးမကိုင္တဲ့သူျဖစ္ၿပီး
သားျဖစ္သူကိုသူ႔ကိုဖုန္းေခၚ ခ်င္ရင္
သူ႔အဖြား(စီေရာ္နယ္ဒို မိခင္)ကေနတစ္ဆင့္သာေခၚခိုင္းတဲ့သူျဖစ္ပါတယ္။