နည်းစနစ်ဧရိယာကို ကလေးကစားကွင်းလို ခုန်တက်ခုန်ဆင်းလုပ်ခဲ့တဲ့ အာတီတာကိုအရေးယူသင့်တယ်လို့ ရတ်ချတ်ကီးစ် တောင်းဆို

ချဲလ်ဆီးနဲ့ပွဲစဉ်မှာ နည်းစနစ်လိုင်းကိုအကြိမ်ကြိမ်ချိုးဖောက်ဝင်ရောက်ခဲ့တဲ့ အာတီတာကိုအရေးယူသင့်တယ်လို့ Sky Sports ရုပ်သံတင်ဆက်သူဟောင်း

ရစ်ချတ်ကီးစ်က တိုက်တွန်းလိုက်ပါတယ်။ စပိန်သားဟာ သူ့အသင်းအနိုင်ရဖို့အတွက်အရမ်းကို တက်ကြွလွန်းခဲ့ပေမဲ့ နည်းစနစ်ဧရိယာ ပေါ်ခုန်တက်ခုန်ဆင်းလုပ်ခဲ့တာကို

အက်ဖ်အေဘက်ကခွင့်မပြုသင့်ဘူးလို့ ရစ်ချတ်ကီးစ်ကဆိုခဲ့တာပါ။ လက်ရှိ beIN SPORTS မှာတာဝန်ထမ်းဆောင်နေတဲ့ ရစ်ချတ်ကီးစ်က

ဂန်နားနည်းပြရဲ့အကျင့်ဆိုးကို တာဝန်ရှိသူတွေဘက်ကထိန်းချုပ်ဖို့လိုအပ်ကြောင်း ပရော်ဖက်ရှင်နယ်ဂိမ်းဘုတ်အဖွဲ့ (PGMOL)

အနေနဲ့လည်း အလားတူပုံစံတွေထပ် ဖြစ်မလာဖို့အတွက် ထိန်းချုပ်သင့်တယ်လို့အကြံပေးခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း

ကူကူရယ်လာက ဆာကာကိုပြစ်ဒဏ်ကျူးလွန်ရာမှာ ပြစ်ဒဏ်ဘောမရခဲ့ဘဲ ဆာကာတုံ့ပြန်တဲ့အချိန်မှာတော့ အဝါကတ်ပြသခံရတဲ့နောက်

အာတီတာဟာထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ပြီး စတုတ္ထဒိုင်တားဆီးနေတဲ့ကြားက နည်းစနစ်ဧရိယာကိုချိုးဖောက်ပြီးစောဒကတက်ခဲ့တာဖြစ်တယ်။

နည်းစနစ်လိုင်းကို ကလေးကစားကွင်းလို ဝင်လိုက်ထွက်လိုက် လုပ်ခဲ့တဲ့ အာတီတာနဲ့ပတ်သတ်လို့ အက်ဖ်အဘက်က တစ်စုံတစ်ရာဆွဲချက်မတင်ထားသေးပါဘူး။

ချဲလ်ဆီးကိုအနိုင်ရခဲ့တဲ့ အာဆင်နယ်ဟာ ဒီရာသီထိပ်သီး ၆သင်း စာရင်းဝင်တွေနဲ့တွေ့ဆုံမှုမှာ မန်ယူကလွဲလို့ ကျန် ၃ပွဲကိုအနိုင်ရခဲ့ပြီးဖြစ်တယ်။

ဂန်းနားတွေဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဘရိုက်တန်နဲ့ ကာရာဘောင်းဖလားကစားဖို့ရှိနေပြီး ဒီပွဲပြီးရင်တော့

ကမ္ဘာ့ဖလားမတိုင်ခင်နောက်ဆုံးပွဲစဉ်အဖြစ် ဝုဗ်နဲ့ ပရီးမီးယားလိဂ်ကစားရဖို့ရှိနေပါတယ်။

(Zawgyi)

နည္းစနစ္ဧရိယာကို ကေလးကစားကြင္းလို ခုန္တက္ခုန္ဆင္းလုပ္ခဲ့တဲ့ အာတီတာကိုအေရးယူသင့္တယ္လို႔ ရတ္ခ်တ္ကီးစ္ ေတာင္းဆို

ခ်ဲလ္ဆီးနဲ႔ပြဲစဥ္မွာ နည္းစနစ္လိုင္းကိုအႀကိမ္ႀကိမ္ခ်ိဳးေဖာက္ဝင္ေရာက္ခဲ့တဲ့ အာတီတာကိုအေရးယူသင့္တယ္လို႔ Sky Sports ႐ုပ္သံတင္ဆက္သူေဟာင္းရစ္ခ်တ္ကီးစ္ကတိုက္တြန္းလိုက္ပါတယ္။

စပိန္သားဟာ သူ႔အသင္းအႏိုင္ရဖို႔အတြက္အရမ္းကို တက္ ႂကြလြန္းခဲ့ေပမဲ့ နည္းစနစ္ဧရိယာေပၚခုန္တက္ခုန္ဆင္းလုပ္ခဲ့တာကို အက္ဖ္ေအဘက္ကခြင့္မျပဳသင့္ဘူးလို႔ ရစ္ခ်တ္ကီးစ္ကဆိုခဲ့တာပါ။

လက္ရွိ beIN SPORTS မွာတာဝန္ထမ္းေဆာင္ေနတဲ့ ရစ္ခ်တ္ကီးစ္က ဂန္နားနည္းျပရဲ႕အက်င့္ဆိုး ကို တာဝန္ရွိသူေတြဘက္ကထိန္းခ်ဳပ္ဖို႔လိုအပ္ေၾကာင္း ပေရာ္ဖက္ရွင္နယ္ဂိမ္းဘုတ္အဖြဲ႕

(PGMOL) အေနနဲ႔လည္းအလားတူပုံစံေတြထပ္ ျဖစ္မလာဖို႔အတြက္ ထိန္းခ်ဳပ္သင့္တယ္လို႔အႀကံေပးခဲ့ပါတယ္။ ပထမပိုင္းပြဲခ်ိန္အတြင္း ကူကူရယ္လာက ဆာကာကိုျပစ္ဒဏ္က်ဴးလြန္ရာမွာ

ျပစ္ဒဏ္ေဘာမရခဲ့ဘဲ ဆာကာတုံ႔ျပန္တဲ့အခ်ိန္မွာေတာ့ အဝါကတ္ျပသခံရတဲ့ေနာက္ အာတီတာဟာထိန္းမႏိုင္သိမ္းမရျဖစ္ခဲ့ၿပီး စတုတၳဒိုင္တားဆီးေနတဲ့ၾကားက

နည္းစနစ္ဧရိယာကိုခ်ိဳးေဖာက္ၿပီးေစာဒကတက္ခဲ့တာျဖစ္တယ္။ နည္းစနစ္လိုင္းကို ကေလးကစားကြင္းလို ဝင္လိုက္ထြက္လိုက္ လုပ္ခဲ့တဲ့ အာတီတာနဲ႔ပတ္သတ္လို႔

အက္ဖ္အဘက္က တစ္စုံတစ္ရာဆြဲခ်က္မတင္ထားေသးပါဘူး။ ခ်ဲလ္ဆီးကိုအႏိုင္ရ ခဲ့တဲ့ အာဆင္နယ္ဟာ ဒီရာသီထိပ္သီး ၆သင္းစာရင္းဝင္ေတြနဲ႔ေတြ႕ဆုံမႈမွာ မန္ယူကလြဲလို႔ က်န္ ၃ပြဲကိုအႏိုင္ရခဲ့ၿပီးျဖစ္တယ္။

ဂန္းနားေတြဟာ လာမယ့္ဗုဒၶဟူးေန႔မွာ ဘ႐ိုက္တန္နဲ႔ ကာရာေဘာင္းဖလားကစားဖို႔ရွိေနၿပီး ဒီပြဲၿပီးရင္ေတာ့

ကမာၻ႔ဖလားမတိုင္ခင္ေနာက္ဆုံးပြဲစဥ္အျဖစ္ ဝုဗ္နဲ႔ ပရီးမီးယားလိဂ္ကစားရဖို႔ရွိေနပါတယ္။