
ဓာတ်ပုံတစ်ပုံဆိုတာ စကားလုံးထောင်ပေါင်းများစွာကို
ကိုယ်စားပြုတယ်ဆိုတဲ့ ပြောစမှတ်ရှိပါတယ်။ ဒါဆိုရင် ဝုဗ်နဲ့ပွဲကို
မန်ယူ အသင်းအိမ်ကွင်းမှာ ကစားခဲ့ရဲ့သားနဲ့ဘာကြောင့်ရှုံးနိမ့်ခဲ့သလဲဆိုတဲ့အဖြေအတွက်
ထွက်ပေါ်လာတဲ့ပုံရိပ်တွေက အမှန်တရားကို ပြောပြနေတယ်လို့ဆိုရပါမယ်။
ဒီဓာတ်ပုံကတော့ ပွဲမတိုင်ခင် မန်ယူအသင်းအိုးလ်ထရက်ဖို့ဒ်ကွင်းထဲဝင်လာခဲ့ရာမှာ
ဖီးလ်ဂျုံးစ်က လွဲလို့ ကျန်တဲ့သူတွေရဲ့ပုံစံဟာ ကြောက်စရာကောင်းလောက်အောင်ကို
ထိုင်းမှိုင်းနေတာတွေ့ခဲ့ရတဲ့ပုံပါဘဲ။ ဂျုံးစ်ဟာမန်ယူအ တွက် ၂ နှစ်ကြာ
မကစားခဲ့ရလို့ အခုလိုတက်ကြွနေတာ ဖြစ်နိုင်ပေမယ့်ကျန်တဲ့သူတွေက
ဘာကြောင့် စိတ်ဝင်စားတဲ့ပုံစံမရှိဘဲ ထိုင်းမှိုင်းနေသလဲဆိုတာကို
ပရိသတ်တွေကမေးခွန်းထုတ်နေကြပါတယ်။
ဒီလိုစိတ်မဝင်စားလို့လည်းပွဲရှုံးရတာမဆန်းဘူးလို့ ဆိုရပါမယ်။
ဒါကြောင့်လည်းအဲဒီပွဲမှာ ဝုဗ်က မော်တင်ဟိုရဲ့တစ်လုံးတည်းသောဂိုးနဲ့
ရှုံးခဲ့တဲ့ မန်ယူအသင်းသားတွေထဲမှာ ဖီးလ်ဂျုံးစ်တစ်ယောက် တည်းသာ
ကွင်းထဲကနေရင်ကော့ ခေါင်းမော့ပြီးပြန်ထွက်လာနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်လည်းဒီဓာတ်ပုံကိုကြည့်ပြီး ပရိ သတ်တစ်ဦးက
” စိတ်ပိုင်းဆိုင်ရာပြဿနာတွေဆိုတာ ဒီကောင်တွေရဲ့ပုံက
သက်သေပြနေတယ်” လို့မှတ်ချက်ပေးခဲ့ပါတယ်။
နောက်တစ်ယောက်ကလည်း” ဘုရားရေ။ လူတွေကမန်ယူနဲ့ပတ်သက်ရင်
အရမ်းပြောဆိုကြတယ်လို့ထင်ခဲ့ပေမယ့် ဒီဓာတ်ပုံက
စကားလုံးထောင်ပေါင်းများစွားကို ဖော်ပြနေတယ်” လို့ဆိုခဲ့ပါတယ်။
နောက်ထပ်တစ်ဦးက” ဒီလိုကမ္ဘာ့အကြီးကျယ်ဆုံးသော ကလပ်မှာ
သူတို့ကိုဘယ်သူကရိုက်ပြီးကစာခိုင်းလို့ ဒီလောက်စိတ်ဓာတ်ကျနေကြတာလဲမသိဘူး။
စနေနေ့ညဘက်မှာ ၁၂ နာရီအထိတစ်ညလုံး ပါကင်ဘောက်စ် တွေဖွင့်ရတဲ့အလုပ်ကို
လုပ်ခဲ့ရတဲ့သူတွေလိုဘဲ” လို့ပြောခဲ့ပါတယ်။
အခုဓာတ်ပုံကိုကြည့်ရင် မန်ယူအသင်းမှာအတွင်းရေးပြဿနာတွေရှိနေပြီဆိုတာကို
တွေ့မြင်နိုင်တယ်လို့လည်း သုံးသပ်ကြပါ တယ်။
သတင်းတွေအရ မန်ယူအသင်းသားတွေဟာ စီရော်နယ်ဒို ကို
ဦးစားပေးပြီးပွဲထုတ်နေမှု၊ ရန်းနစ်ခ်ရဲ့နည်းစနစ်နဲ့အံမဝင် မှု၊
လေ့ကျင့်ခန်းအစီအစဥ်တွေအပေါ်မကျေနပ်မှု တွေရှိနေလို့ အဝတ်လဲခန်းထဲမှာ
စိတ်ဝမ်းကွဲပြားနေပုံရတယ်လို့ ဆိုကြပါတယ်။
zawgyi
ဓာတ္ပုံတစ္ပုံရဲ႕ စကားလုံးေပါင္း ေထာင္ေပါင္းမ်ားစြာ
ဓာတ္ပုံတစ္ပုံဆိုတာ စကားလုံးေထာင္ေပါင္းမ်ားစြာကို
ကိုယ္စားျပဳတယ္ဆိုတဲ့ ေျပာစမွတ္ရွိပါတယ္။ ဒါဆိုရင္ ဝုဗ္နဲ႔ပြဲကို
မန္ယူ အသင္းအိမ္ကြင္းမွာ ကစားခဲ့ရဲ႕သားနဲ႔ဘာေၾကာင့္ရႈံးနိမ့္ခဲ့သလဲဆိုတဲ့အေျဖအတြက္
ထြက္ေပၚလာတဲ့ပုံရိပ္ေတြက အမွန္တရားကို ေျပာျပေနတယ္လို႔ဆိုရပါမယ္။
ဒီဓာတ္ပုံကေတာ့ ပြဲမတိုင္ခင္ မန္ယူအသင္းအိုးလ္ထရက္ဖို႔ဒ္ကြင္းထဲဝင္လာခဲ့ရာမွာ
ဖီးလ္ဂ်ဳံးစ္က လြဲလို႔ က်န္တဲ့သူေတြရဲ႕ပုံစံဟာ ေၾကာက္စရာေကာင္းေလာက္ေအာင္ကို
ထိုင္းမႈိင္းေနတာေတြ႕ခဲ့ရတဲ့ပုံပါဘဲ။ ဂ်ဳံးစ္ဟာမန္ယူအ တြက္ ၂ ႏွစ္ၾကာ
မကစားခဲ့ရလို႔ အခုလိုတက္ႂကြေနတာ ျဖစ္ႏိုင္ေပမယ့္က်န္တဲ့သူေတြက
ဘာေၾကာင့္ စိတ္ဝင္စားတဲ့ပုံစံမရွိဘဲ ထိုင္းမႈိင္းေနသလဲဆိုတာကို
ပရိသတ္ေတြကေမးခြန္းထုတ္ေနၾကပါတယ္။
ဒီလိုစိတ္မဝင္စားလို႔လည္းပြဲရႈံးရတာမဆန္းဘူးလို႔ ဆိုရပါမယ္။
ဒါေၾကာင့္လည္းအဲဒီပြဲမွာ ဝုဗ္က ေမာ္တင္ဟိုရဲ႕တစ္လုံးတည္းေသာဂိုးနဲ႔
ရႈံးခဲ့တဲ့ မန္ယူအသင္းသားေတြထဲမွာ ဖီးလ္ဂ်ဳံးစ္တစ္ေယာက္ တည္းသာ
ကြင္းထဲကေနရင္ေကာ့ ေခါင္းေမာ့ၿပီးျပန္ထြက္လာႏိုင္ခဲ့တာျဖစ္ပါတယ္။
ဒါေၾကာင့္လည္းဒီဓာတ္ပုံကိုၾကည့္ၿပီး ပရိ သတ္တစ္ဦးက
” စိတ္ပိုင္းဆိုင္ရာျပႆနာေတြဆိုတာ ဒီေကာင္ေတြရဲ႕ပုံက
သက္ေသျပေနတယ္” လို႔မွတ္ခ်က္ေပးခဲ့ပါတယ္။
ေနာက္တစ္ေယာက္ကလည္း” ဘုရားေရ။ လူေတြကမန္ယူနဲ႔ပတ္သက္ရင္
အရမ္းေျပာဆိုၾကတယ္လို႔ထင္ခဲ့ေပမယ့္ ဒီဓာတ္ပုံက
စကားလုံးေထာင္ေပါင္းမ်ားစြားကို ေဖာ္ျပေနတယ္” လို႔ဆိုခဲ့ပါတယ္။
ေနာက္ထပ္တစ္ဦးက” ဒီလိုကမာၻ႔အႀကီးက်ယ္ဆုံးေသာ ကလပ္မွာ
သူတို႔ကိုဘယ္သူက႐ိုက္ၿပီးကစာခိုင္းလို႔ ဒီေလာက္စိတ္ဓာတ္က်ေနၾကတာလဲမသိဘူး။
စေနေန႔ညဘက္မွာ ၁၂ နာရီအထိတစ္ညလုံး ပါကင္ေဘာက္စ္ ေတြဖြင့္ရတဲ့အလုပ္ကို
လုပ္ခဲ့ရတဲ့သူေတြလိုဘဲ” လို႔ေျပာခဲ့ပါတယ္။
အခုဓာတ္ပုံကိုၾကည့္ရင္ မန္ယူအသင္းမွာအတြင္းေရးျပႆနာေတြရွိေနၿပီဆိုတာကို
ေတြ႕ျမင္ႏိုင္တယ္လို႔လည္း သုံးသပ္ၾကပါ တယ္။
သတင္းေတြအရ မန္ယူအသင္းသားေတြဟာ စီေရာ္နယ္ဒို ကို
ဦးစားေပးၿပီးပြဲထုတ္ေနမႈ၊ ရန္းနစ္ခ္ရဲ႕နည္းစနစ္နဲ႔အံမဝင္ မႈ၊
ေလ့က်င့္ခန္းအစီအစဥ္ေတြအေပၚမေက်နပ္မႈ ေတြရွိေနလို႔ အဝတ္လဲခန္းထဲမွာ
စိတ္ဝမ္းကြဲျပားေနပုံရတယ္လို႔ ဆိုၾကပါတယ္။