
မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ကစားဖော်ရက်ရှ်ဖို့ဒ်နဲ့
အဆင်မပြေဖြစ်နေတယ်ဆိုတဲ့သတင်းတွေကို တုံ့ပြန် တဲ့အနေနဲ့
သူ့အင်စတာဂရမ်ပေါ်မှာ ရက်ရှ်ဖို့ဒ်နဲ့တွဲရိုက်ထားတဲ့ ပုံကိုတင်ပြီး
သတင်းဖွနေသူတွေကို အဖြေပေးလိုက်တယ် လို့ သိရပါတယ်။
ဒီသီတင်းပတ်အစောပိုင်းကထွက်ပေါ်လာတဲ့သတင်းတွေအရ
ရက်ရှ်ဖို့ဒ်နဲ့မက်ဂွိုင်းယား တို့ဟာ စီရော်နယ် ဒိုက
မန်ယူအဝတ်လဲခန်းထဲမှာမှာအုပ်စုဖွဲ့ပြီး ခေါင်းဆောင်လုပ်လိုနေလို့
ဒေါသထွက်နေပြီးသူတို့အကြားဆက်ဆံရေးက
အဆင်မပြေတော့ဘူးလို့ ဆိုခဲ့ပါတယ်။
ဒါကိုအသက် ၂၄ နှစ်ရှိတဲ့ ရက်ရှ်ဖို့ဒ်က ငြင်းပယ်ထားပြီးဖြစ်သလို
အသက် ၃၇ နှစ်ရှိ တဲ့ စီရော်နယ်ဒိုကလည်း
ဓာတ်ပုံတစ်ပုံတည်းနဲ့အဖြေပေးလိုက်တာပါ။
ဒီဓာတ်ပုံမှာ စီရော်နယ်ဒိုဟာ ရက်ရှ်ဖို့ဒ်နဲ့ယှဥ်တွဲလျှောက်နေတဲ့ပုံကိုတင်ပြီး
သူတို့ကြားပြဿနာမရှိကြောင်း ပြသလိုက်တာ ပါ။
စီရော်နယ်ဒိုဟာ ဓာတ်ပုံမှာဘာပုံစာမှမထိုးခဲ့တာကြောင့်
ဓာတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းများစွာကို ကိုယ်စားပြု တယ်ဆိုတာကိုလည်း
သွယ်ဝိုက်ဖော်ပြလိုက်တယ်လို့ဆိုပါတယ်။
သူတို့ကြားအဆင်မပြေဘူးဆိုတာကို သတင်းဖော်ပြခဲ့သူ က
ဂျာမနီရဲ့နာမည်ကျော်သတင်းစာဖြစ်တဲ့ BILD ကသတင်းထောက်
ခရစ္စတီယန်ဖော့ခ် ဖြစ်ပြီး မက်ဂွိုင်းယား၊ ရက်ရှ်ဖို့ဒ် နဲ့
အင်္ဂလိပ် ကစားသမားတွေက စီရော်နယ်ဒိုကိုမကျေနပ်ကြလို့
မန်ယူအသင်းမှာ အကွဲအပြဲဖြစ်မယ့်အရေးနဲ့ရင်ဆိုင်နေ ရတယ်လို့ ဆိုခဲ့တာပါ။
ဒါကိုရက်ရှ်ဖို့ဒ်က သူ့တွစ်တာကနေတစ်ဆင့်ငြင်းပယ်ပြီး
မန်ယူကိုစည်းလုံးမှုပျက်ပြားအောင်မလုပ် နဲ့လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒါပေမယ့် ခရစ္စတီယန်ဖော့ခ်ကတော့ သူ့တင်ပြမှုကို
အလျှော့မပေးဘဲ” အမှန်မဟုတ်ပါဘူး။ ဒါကိုမင်း သိပါတယ်” လို့ ပြန်ပြောခဲ့ပါတယ်။
မန်ယူနဲ့ပတ်သက်ပြီးသတင်းတွေထွက်ပေါ်နေမှုကို
ကစားသမားတွေကမကြာခဏဖြေ ရှင်းနေရပြီး မကြသေးခင်ကလည်း
လုခ်ရှောက တုံ့ပြန်မှုပြုလုပ်ခဲ့ပါသေးတယ်။
zawgyi
ဓာတ္ပုံတစ္ပုံတည္းနဲ႔ ျပႆနာတက္ေနတယ္ဆိုတဲ့ သတင္းေတြကို အေျဖေပးလိုက္တဲ့ စီေရာ္နယ္ဒို
မန္ယူအသင္းတိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ ကစားေဖာ္ရက္ရွ္ဖို႔ဒ္နဲ႔
အဆင္မေျပျဖစ္ေနတယ္ဆိုတဲ့သတင္းေတြကို တုံ႔ျပန္ တဲ့အေနနဲ႔
သူ႔အင္စတာဂရမ္ေပၚမွာ ရက္ရွ္ဖို႔ဒ္နဲ႔တြဲ႐ိုက္ထားတဲ့ ပုံကိုတင္ၿပီး
သတင္းဖြေနသူေတြကို အေျဖေပးလိုက္တယ္ လို႔ သိရပါတယ္။
ဒီသီတင္းပတ္အေစာပိုင္းကထြက္ေပၚလာတဲ့သတင္းေတြအရ
ရက္ရွ္ဖို႔ဒ္နဲ႔မက္ဂြိဳင္းယား တို႔ဟာ စီေရာ္နယ္ ဒိုက
မန္ယူအဝတ္လဲခန္းထဲမွာမွာအုပ္စုဖြဲ႕ၿပီး ေခါင္းေဆာင္လုပ္လိုေနလို႔
ေဒါသထြက္ေနၿပီးသူတို႔အၾကားဆက္ဆံေရးက
အဆင္မေျပေတာ့ဘူးလို႔ ဆိုခဲ့ပါတယ္။
ဒါကိုအသက္ ၂၄ ႏွစ္ရွိတဲ့ ရက္ရွ္ဖို႔ဒ္က ျငင္းပယ္ထားၿပီးျဖစ္သလို
အသက္ ၃၇ ႏွစ္ရွိ တဲ့ စီေရာ္နယ္ဒိုကလည္း
ဓာတ္ပုံတစ္ပုံတည္းနဲ႔အေျဖေပးလိုက္တာပါ။
ဒီဓာတ္ပုံမွာ စီေရာ္နယ္ဒိုဟာ ရက္ရွ္ဖို႔ဒ္နဲ႔ယွဥ္တြဲေလွ်ာက္ေနတဲ့ပုံကိုတင္ၿပီး
သူတို႔ၾကားျပႆနာမရွိေၾကာင္း ျပသလိုက္တာ ပါ။
စီေရာ္နယ္ဒိုဟာ ဓာတ္ပုံမွာဘာပုံစာမွမထိုးခဲ့တာေၾကာင့္
ဓာတ္ပုံတစ္ပုံဟာ စကားလုံးေပါင္းမ်ားစြာကို ကိုယ္စားျပဳ တယ္ဆိုတာကိုလည္း
သြယ္ဝိုက္ေဖာ္ျပလိုက္တယ္လို႔ဆိုပါတယ္။
သူတို႔ၾကားအဆင္မေျပဘူးဆိုတာကို သတင္းေဖာ္ျပခဲ့သူ က
ဂ်ာမနီရဲ႕နာမည္ေက်ာ္သတင္းစာျဖစ္တဲ့ BILD ကသတင္းေထာက္
ခရစၥတီယန္ေဖာ့ခ္ ျဖစ္ၿပီး မက္ဂြိဳင္းယား၊ ရက္ရွ္ဖို႔ဒ္ နဲ႔
အဂၤလိပ္ ကစားသမားေတြက စီေရာ္နယ္ဒိုကိုမေက်နပ္ၾကလို႔
မန္ယူအသင္းမွာ အကြဲအၿပဲျဖစ္မယ့္အေရးနဲ႔ရင္ဆိုင္ေန ရတယ္လို႔ ဆိုခဲ့တာပါ။
ဒါကိုရက္ရွ္ဖို႔ဒ္က သူ႔တြစ္တာကေနတစ္ဆင့္ျငင္းပယ္ၿပီး
မန္ယူကိုစည္းလုံးမႈပ်က္ျပားေအာင္မလုပ္ နဲ႔လို႔ တုံ႔ျပန္ခဲ့ပါတယ္။
ဒါေပမယ့္ ခရစၥတီယန္ေဖာ့ခ္ကေတာ့ သူ႔တင္ျပမႈကို
အေလွ်ာ့မေပးဘဲ” အမွန္မဟုတ္ပါဘူး။ ဒါကိုမင္း သိပါတယ္” လို႔ ျပန္ေျပာခဲ့ပါတယ္။
မန္ယူနဲ႔ပတ္သက္ၿပီးသတင္းေတြထြက္ေပၚေနမႈကို
ကစားသမားေတြကမၾကာခဏေျဖ ရွင္းေနရၿပီး မၾကေသးခင္ကလည္း
လုခ္ေရွာက တုံ႔ျပန္မႈျပဳလုပ္ခဲ့ပါေသးတယ္။