ဓာတ်ဆီဝယ်ဖြည့်ဖို့အတွက်တောင် မတတ်နိုင်ဖြစ်နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းရဲ့ကုမ္ပဏီ credit card တွေကို ယာယီထိန်းချုပ်ကန့်သတ်လိုက်တယ်လို့

အင်္ဂလန်က The Athletic သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

အသင်းပိုင်ရှင်အေဘရာမိုဗစ်ချ်ကို ဗြိတိန်အစိုးက

ပိတ်ပင်မှုတွေပြုလုပ်လိုက်ပြီးနောက် အဲဒီရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကို

ချဲလ်ဆီးအသင်းဟာ ခံစားနေရတာပါ။

ဒါပေမဲ့ အစိုးရက ချဲလ်ဆီးကို စပယ်ရှယ်လိုင်စင်ထုတ်ပေးထားပြီး

အဲဒါကြောင့် ကလပ်အနေနဲ့ ပွဲစဉ်တွေပြီးမြောက်အောင်ကစားနိုင်မှာဖြစ်ကာ

ဝန်ထမ်းတွေလည်း လက်စာဆက်ရမှာဖြစ်ပြီး

လက်ရှိအသင်းပွဲလက်မှတ်ကိုင်ဆောင်ထားသူတွေဟာလည်း

ပွဲစဉ်တွေကို ဆက်ကြည့်ခွင့်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ငွေကြေးသုံးစွဲမှုနဲ့ပတ်သက်လို့

ကြီးကြီးမားမားကန့်သတ်မှုတွေ ရှိနေတာပါ။

လောလောဆယ် ချဲလ်ဆီးအသင်းက ကုမ္ပဏီ credit card တွေကို

ဘဏ်က ယာယီထိန်းချုပ်ကန့်သတ်လိုက်တဲ့အတွက်

ကလပ်ဟာ အသင်းဘတ်စ်ကားအတွက်

ဓာတ်ဆီဝယ်ဖြည့်ဖို့အတွက်တောင် မတတ်နိုင်ဖြစ်နေပါတယ်။

ပွဲစဉ်တွေရှိတဲ့အချိန်မှာ ဟိုတယ်တွေနဲ့ ဘောလုံးကွင်းတွေကြား

သွားလာနိုင်ဖို့အတွက် အသင်းဘတ်စ်ကားတွေကို အသုံးပြုရလေ့ရှိတာပါ။

ဝေးကွာလွန်းတဲ့အဝေးကွင်းပွဲတွေမှာတောင် ရထားနဲ့သွားတာရှိပေမယ့်

အဲဒီလိုပွဲတွေမှာလည်း အသင်းဘတ်စ်ကားကို မကြာခဏအသုံးပြုလေ့ရှိပါတယ်။

တစ်ခုရှိတာက ခရီးသွားစရိတ်ဘယ်လောက်ရှိရမယ်ဆိုတာကို

အစိုးရချပေးတဲ့လိုင်စင်က ကန့်သတ်ထားတာပါ။

အဲဒီခရီးစဉ်တွေမှာ အသင်းတစ်သင်းရဲ့ပွဲတစ်ပွဲအတွက်

ပေါင် ၂၀၀၀၀ ထက် မပိုရဘူးလို့ သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ ချဲလ်ဆီးဟာ လိုင်လီနဲ့ချန်ပီယံလိဂ်ဒုတိယအကျော့အတွက်

ခရီးစရိတ်ကိုတော့ ပေးချေထားပြီးသားပါ။

zawgyi

ဓာတ္ဆီဝယ္ျဖည့္ဖို႔အတြက္ေတာင္ မတတ္ႏိုင္ျဖစ္ေနတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းရဲ႕ကုမၸဏီ credit card ေတြကို ယာယီထိန္းခ်ဳပ္ကန႔္သတ္လိုက္တယ္လို႔

အဂၤလန္က The Athletic သတင္းဌာနက ေဖာ္ျပလိုက္ပါတယ္။

အသင္းပိုင္ရွင္ေအဘရာမိုဗစ္ခ်္ကို ၿဗိတိန္အစိုးက

ပိတ္ပင္မႈေတြျပဳလုပ္လိုက္ၿပီးေနာက္ အဲဒီရဲ႕ေနာက္ဆက္တြဲအက်ိဳးဆက္ေတြကို

ခ်ဲလ္ဆီးအသင္းဟာ ခံစားေနရတာပါ။

ဒါေပမဲ့ အစိုးရက ခ်ဲလ္ဆီးကို စပယ္ရွယ္လိုင္စင္ထုတ္ေပးထားၿပီး

အဲဒါေၾကာင့္ ကလပ္အေနနဲ႔ ပြဲစဥ္ေတြၿပီးေျမာက္ေအာင္ကစားႏိုင္မွာျဖစ္ကာ

ဝန္ထမ္းေတြလည္း လက္စာဆက္ရမွာျဖစ္ၿပီး

လက္ရွိအသင္းပြဲလက္မွတ္ကိုင္ေဆာင္ထားသူေတြဟာလည္း

ပြဲစဥ္ေတြကို ဆက္ၾကည့္ခြင့္ရမွာ ျဖစ္ပါတယ္။

ဒါေပမဲ့လည္း ေငြေၾကးသုံးစြဲမႈနဲ႔ပတ္သက္လို႔

ႀကီးႀကီးမားမားကန႔္သတ္မႈေတြ ရွိေနတာပါ။

ေလာေလာဆယ္ ခ်ဲလ္ဆီးအသင္းက ကုမၸဏီ credit card ေတြကို

ဘဏ္က ယာယီထိန္းခ်ဳပ္ကန႔္သတ္လိုက္တဲ့အတြက္

ကလပ္ဟာ အသင္းဘတ္စ္ကားအတြက္

ဓာတ္ဆီဝယ္ျဖည့္ဖို႔အတြက္ေတာင္ မတတ္ႏိုင္ျဖစ္ေနပါတယ္။

ပြဲစဥ္ေတြရွိတဲ့အခ်ိန္မွာ ဟိုတယ္ေတြနဲ႔ ေဘာလုံးကြင္းေတြၾကား

သြားလာႏိုင္ဖို႔အတြက္ အသင္းဘတ္စ္ကားေတြကို အသုံးျပဳရေလ့ရွိတာပါ။

ေဝးကြာလြန္းတဲ့အေဝးကြင္းပြဲေတြမွာေတာင္ ရထားနဲ႔သြားတာရွိေပမယ့္

အဲဒီလိုပြဲေတြမွာလည္း အသင္းဘတ္စ္ကားကို မၾကာခဏအသုံးျပဳေလ့ရွိပါတယ္။

တစ္ခုရွိတာက ခရီးသြားစရိတ္ဘယ္ေလာက္ရွိရမယ္ဆိုတာကို

အစိုးရခ်ေပးတဲ့လိုင္စင္က ကန႔္သတ္ထားတာပါ။

အဲဒီခရီးစဥ္ေတြမွာ အသင္းတစ္သင္းရဲ႕ပြဲတစ္ပြဲအတြက္

ေပါင္ ၂၀၀၀၀ ထက္ မပိုရဘူးလို႔ သတ္မွတ္ထားပါတယ္။

ဒါေပမဲ့ ခ်ဲလ္ဆီးဟာ လိုင္လီနဲ႔ခ်န္ပီယံလိဂ္ဒုတိယအေက်ာ့အတြက္

ခရီးစရိတ္ကိုေတာ့ ေပးေခ်ထားၿပီးသားပါ။