ဒေးဗစ်ဘရန့်စတိုင်နဲ့ရိသဲ့သဲ့လုပ်ပြီး ရွှေလက်အိတ်ဆုရချိန်မှာ ရင့်ရင့်သီးသီးအောင်ပွဲခံခဲ့တာနဲ့ပတ်သတ်လို့ မာတီနက်ဇ် ရှင်းချက်ထုတ်

အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ

အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့သလို ကင်စလေကိုမန်းရဲ့ ပင်နယ်တီ

ကန်ချက်ကို ကာကွယ်နိုင်ခဲ့သူဖြစ်တယ်။ ပင်နယ်တီအဆုံးအဖြတ်မှာ

ကိုမန်းနဲ့ ချိုအာမန်နီတို့လွဲချော်ခဲ့တဲ့နောက် မာတီနက်ဇ်ဟာ BBC ရုပ်သံရဲ့

mockumentary မှာပါဝင်တဲ့ စိတ်ကူးယဉ်ဇာတ်ကောင် ဒေးဗစ်ဘရန့်ရဲ့

စတိုင်နဲ့ကပြခဲ့ပါတယ်။ မာတီနက်ဇ်ဟာ အချိန်ပိုမိနစ်မှာ ပြင်သစ်ရဲ့

အပိုင်ကန်သွင်းချက်တစ်ကြိမ်ကို တားဆီးပြခဲ့သလို ပွဲစဉ်တစ်လျှောက်

ယုံကြည်မှုပြည့်ဝတဲ့ ပုံစံပြသခဲ့တာဖြစ်တယ်။ ပွဲပြီးတဲ့နောက်မှာတော့

ရွှေလက်အိတ်ဆုဆွတ်ခူးခဲ့သလို ဒီဆုကိုလက်ခံရယူအပြီးမှာတော့

ရိုင်းစိုင်းတဲ့အမူအယာနဲ့ တုံ့ပြန်သွားခဲ့ပါတယ်။ အသက် ၃၀အရွယ်

ကစားသမားဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားဆွတ်ခူးစဉ်က

အောင်ပွဲခံပုံစံအတိုင်း ထပ်လုပ်ပြခဲ့တာဖြစ်တယ်။ သူ့ဘက်က ပြင်သစ်

ပရိသတ်တွေကိုရည်ညွှန်းခဲ့တယ်လို့လည်း မာတီနက်ဇ် ကပြောဆိုသွားပါတယ်။

“ကျွန်တော် ဘာကြောင့် ဒီလိုလုပ်ခဲ့သလဲဆိုရင်တော့ ပြင်သစ်တွေက

စော်ကားခဲ့လို့ပါ၊ မာနထောင်လွှားမိတာအတွက် ဂုဏ်သိက္ခာကို

ထည့်စဉ်းစားမှာမဟုတ်ပါဘူး” လို့ မာတီနက်ဇ်က ဖွင့်ဟခဲ့ပါတယ်။

မာတီနက်ဇ်ဟာ ဒီအဖြစ်အပျက်ပြီးနောက် အဝတ်လဲခန်းအတွင်းမှာလည်း

အမ်ဘာပီနဲ့ပတ်သတ်လို့ တစ်မိနစ်ငြိမ်သက်ပေးပါလို့ ပြောဆိုပြီး

ပြိုင်ဘက်ကိုလုံးဝချေမိုးခဲ့တာဖြစ်တယ်။ ပွဲအပြီးမှာ မာတီနက်ဇ်က

“ကျွန်တော်တို့အများကြီးခံစားခဲ့ရတယ်။ ကျွန်တော်တို့ထိန်းချုပ်

ထားနိုင်တယ်လို့ ထင်ခဲ့ပေမဲ့ သူတို့ပြန်လာနိုင်ခဲ့တယ်။

အလွန်ရှုပ်ထွေးတဲ့ ဂိမ်းဖြစ်ခဲ့တယ်။ ကျွန်တော်တို့ကံကြမ္မာက

ဒုက္ခခံဖို့ဖြစ်ခဲ့တယ်။ သူတို့နောက်ဆုံးမိနစ်မှာ မူရာနီရဲ့ကန်ချက်နဲ့

အနိုင်ရဖို့အထိရှိခဲ့ပေမဲ့ ကံကောင်းလို့ ကျွန်တော့်ခြေထောက်နဲ့ထိပြီး

တားဆီးနိုင်ခဲ့တယ်။ ငါအမြဲတမ်း အိပ်မက်မက်ခဲ့တဲ့အချိန်ပဲ ပြောစရာ

စကားမရှိဘူး။ ငယ်ရွယ်စဉ်ကတည်းက အင်္ဂလန်ကိုရောက်လာခဲ့တယ်၊

ဒီအောင်ပွဲကို ငါ့မိသားစုဆီအပ်နှံချင်တယ်” လို့ ပြောဆိုခဲ့ပါတယ်။

သေချာတာကတော့ မာတီနက်ဇ်ဟာ ပြင်သစ်ပရိသတ်တွေကို

အတော်လေးတင်းနေခဲ့တာဖြစ်ပြီး အနိုင်ရတဲ့အချိန်မှာ တုံ့ပြန်ခဲ့မိတာမျိုးဖြစ်တယ်။

zawgyi

ေဒးဗစ္ဘရန႔္စတိုင္နဲ႔ရိသဲ့သဲ့လုပ္ၿပီး ေ႐ႊလက္အိတ္ဆုရခ်ိန္မွာ ရင့္ရင့္သီးသီးေအာင္ပြဲခံခဲ့တာနဲ႔ပတ္သတ္လို႔ မာတီနက္ဇ္ ရွင္းခ်က္ထုတ္

အာဂ်င္တီးနားဂိုးသမား မာတီနက္ဇ္ဟာ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ

အေကာင္းဆုံးလက္စြမ္းျပႏိုင္ခဲ့သလို ကင္စေလကိုမန္းရဲ႕ ပင္နယ္တီ

ကန္ခ်က္ကို ကာကြယ္ႏိုင္ခဲ့သူျဖစ္တယ္။ ပင္နယ္တီအဆုံးအျဖတ္မွာ

ကိုမန္းနဲ႔ ခ်ိဳအာမန္နီတို႔လြဲေခ်ာ္ခဲ့တဲ့ေနာက္ မာတီနက္ဇ္ဟာ BBC ႐ုပ္သံရဲ႕

mockumentary မွာပါဝင္တဲ့ စိတ္ကူးယဥ္ဇာတ္ေကာင္ ေဒးဗစ္ဘရန႔္ရဲ႕

စတိုင္နဲ႔ကျပခဲ့ပါတယ္။ မာတီနက္ဇ္ဟာ အခ်ိန္ပိုမိနစ္မွာ ျပင္သစ္ရဲ႕

အပိုင္ကန္သြင္းခ်က္တစ္ႀကိမ္ကို တားဆီးျပခဲ့သလို ပြဲစဥ္တစ္ေလွ်ာက္

ယုံၾကည္မႈျပည့္ဝတဲ့ ပုံစံျပသခဲ့တာျဖစ္တယ္။ ပြဲၿပီးတဲ့ေနာက္မွာေတာ့

ေ႐ႊလက္အိတ္ဆုဆြတ္ခူးခဲ့သလို ဒီဆုကိုလက္ခံရယူအၿပီးမွာေတာ့

႐ိုင္းစိုင္းတဲ့အမူအယာနဲ႔ တုံ႔ျပန္သြားခဲ့ပါတယ္။ အသက္ ၃၀အ႐ြယ္

ကစားသမားဟာ ၿပီးခဲ့တဲ့ ကိုပါအေမရိကဖလားဆြတ္ခူးစဥ္က

ေအာင္ပြဲခံပုံစံအတိုင္း ထပ္လုပ္ျပခဲ့တာျဖစ္တယ္။ သူ႔ဘက္က ျပင္သစ္

ပရိသတ္ေတြကိုရည္ၫႊန္းခဲ့တယ္လို႔လည္း မာတီနက္ဇ္ ကေျပာဆိုသြားပါတယ္။

“ကြၽန္ေတာ္ ဘာေၾကာင့္ ဒီလိုလုပ္ခဲ့သလဲဆိုရင္ေတာ့ ျပင္သစ္ေတြက

ေစာ္ကားခဲ့လို႔ပါ၊ မာနေထာင္လႊားမိတာအတြက္ ဂုဏ္သိကၡာကို

ထည့္စဥ္းစားမွာမဟုတ္ပါဘူး” လို႔ မာတီနက္ဇ္က ဖြင့္ဟခဲ့ပါတယ္။

မာတီနက္ဇ္ဟာ ဒီအျဖစ္အပ်က္ၿပီးေနာက္ အဝတ္လဲခန္းအတြင္းမွာလည္း

အမ္ဘာပီနဲ႔ပတ္သတ္လို႔ တစ္မိနစ္ၿငိမ္သက္ေပးပါလို႔ ေျပာဆိုၿပီး

ၿပိဳင္ဘက္ကိုလုံးဝေခ်မိုးခဲ့တာျဖစ္တယ္။ ပြဲအၿပီးမွာ မာတီနက္ဇ္က

“ကြၽန္ေတာ္တို႔အမ်ားႀကီးခံစားခဲ့ရတယ္။ ကြၽန္ေတာ္တို႔ထိန္းခ်ဳပ္

ထားႏိုင္တယ္လို႔ ထင္ခဲ့ေပမဲ့ သူတို႔ျပန္လာႏိုင္ခဲ့တယ္။

အလြန္ရႈပ္ေထြးတဲ့ ဂိမ္းျဖစ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ကံၾကမၼာက

ဒုကၡခံဖို႔ျဖစ္ခဲ့တယ္။ သူတို႔ေနာက္ဆုံးမိနစ္မွာ မူရာနီရဲ႕ကန္ခ်က္နဲ႔

အႏိုင္ရဖို႔အထိရွိခဲ့ေပမဲ့ ကံေကာင္းလို႔ ကြၽန္ေတာ့္ေျခေထာက္နဲ႔ထိၿပီး

တားဆီးႏိုင္ခဲ့တယ္။ ငါအၿမဲတမ္း အိပ္မက္မက္ခဲ့တဲ့အခ်ိန္ပဲ ေျပာစရာ

စကားမရွိဘူး။ ငယ္႐ြယ္စဥ္ကတည္းက အဂၤလန္ကိုေရာက္လာခဲ့တယ္၊

ဒီေအာင္ပြဲကို ငါ့မိသားစုဆီအပ္ႏွံခ်င္တယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

ေသခ်ာတာကေတာ့ မာတီနက္ဇ္ဟာ ျပင္သစ္ပရိသတ္ေတြကို

အေတာ္ေလးတင္းေနခဲ့တာျဖစ္ၿပီး အႏိုင္ရတဲ့အခ်ိန္မွာ တုံ႔ျပန္ခဲ့မိတာမ်ိဳးျဖစ္တယ္။