ဒေးဗစ်ဘက်ဟမ်းကို စိန်ခေါ်ခဲ့လို့ ပေါင် ၁၀၀၀၀ ကိုလူသိရှင်ကြားဖျက်ဆီးပေးခဲ့ရတဲ့ လူရွှင်တော်ဂျိုးလိုင်ဆက်

တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တစ်ခုမှာ ဒေးဗစ်ဘက်ဟမ်းကို ကမ္ဘာ့ဖလားသံတမန်အဖြစ်က နေနုတ်ထွက်ဖို့ဖိအားပေးခဲ့တဲ့ လူရွှင်တော်ဂျိုးလိုင်ဆက်ကတော့အရှုံးကြီးရှုံးခဲ့ရပါတယ်။

သူ့ရဲ့တောင်းဆိုချက်ကို အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း မလိုက်နာဘူးဆိုရင် ပေါင် ၁၀၀၀၀ ကိုဖျက်ဆီးပေးမယ်လို့ ဂျိုးလိုင်ဆက်ကဆိုခဲ့တာပါ။ ဘက်ဟမ်းဟာ

ကမ္ဘာ့ဖလားသံတမန်အဖြစ်ဆောင်ရွက်ဖို့အတွက် ပေါင် ၁၀ သန်းလက်ခံခဲ့တယ်လို့သတင်းတွေထွက်ခဲ့ပြီးနောက် ဂျိုးလိုက်ဆက်ကစိန်ခေါ်မှုလုပ်ခဲ့တာဖြစ်တယ်။ သူ့ရဲ့ဗီဒီယိုမှတ်တမ်းထဲမှာတော့

“ကာတာနဲ့ဆက်ဆံရေးကို အဆုံးသတ်မယ်ဆိုရင် ငါ့ရဲ့ကိုယ်ပိုင်ငွေထဲက ပေါင် ၁၀၀၀၀ ကိုဘောလုံးနဲ့ပတ်သတ်တာတွေအတွက် ပရဟိတလုပ်လိုက်မယ်။ ဒီလိုဖြစ်မလာရင်တော့

ဒီငွေပမာဏကို လာမယ့်တနင်္ဂနွေနေ့လည်မှာ ငါဖျက်စီးပစ်လိုက်မယ်။ ကမ္ဘာ့ဖလားမတိုင်ခင်ကြည့်လိုက်ပါ။ ငွေကြေးတင်မဟုတ်ဘူး မင်းကိုလိင်တူချစ်သူလေးအဖြစ်ဖျက်စီးပစ်လိုက်မယ်။

ရာဇဝတ်မှုကျူးလွန်သူအဖြစ်တွန်းအားပေးမယ်။ မင်းရွေးချယ်ပါ၊ အကြောင်းပြန်ချက်ကိုစောင့်နေမယ်” လို့ ဂျိုးလိုင်ဆက်ကပြောခဲ့ပါတယ်။ ဘက်ဟမ်းဘက်က ဘာတုံ့ပြန်မှုမှမရှိတဲ့နောက်ပိုင်းမှာတော့

နောက်ထပ်ဗီဒီယိုဖိုင်တစ်ခုထွက်ပေါ်လာခဲ့ပြီး သက်တံရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားတဲ့ လိုင်ဆက်ဟာ ငွေသားတွေကိုဖျက်စီးနေတဲ့ပုံရိပ်တွေပါဝင်နေခဲ့ပါတယ်။ အနေမတတ်ဘဲ

သွားရှုပ်တဲ့လူရွှင်တော်တစ်ယောက်ကတော့ သူ့ရဲ့ကိုယ်ပိုင်ပိုက်ဆံ ပေါင် ၁၀၀၀၀ ကိုတကယ်ပဲဆုံးရှုံးခဲ့ပြီလားမသိပါဘူး။

(Zawgyi)

ေဒးဗစ္ဘက္ဟမ္းကို စိန္ေခၚခဲ့လို႔ ေပါင္ ၁၀၀၀၀ ကိုလူသိရွင္ၾကားဖ်က္စီးေပးခဲ့ရတဲ့ လူ႐ႊင္ေတာ္ဂ်ိဳးလိုင္ဆက္

တိုက္႐ိုက္ထုတ္လႊင့္မႈအစီအစဥ္တစ္ခုမွာ ေဒးဗစ္ဘက္ဟမ္းကို ကမာၻ႔ဖလားသံတမန္အျဖစ္ကေနႏႈတ္ထြက္ဖို႔ဖိအားေပးခဲ့တဲ့ လူ႐ႊင္ေတာ္ဂ်ိဳးလိုင္ဆက္ကေတာ့အရႈံးႀကီးရႈံးခဲ့ရပါတယ္။

သူ႔ရဲ႕ေတာင္းဆိုခ်က္ကို အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းမလိုက္နာဘူးဆိုရင္ ေပါင္ ၁၀၀၀၀ ကိုဖ်က္စီးေပးမယ္လို႔ ဂ်ိဳးလိုင္ဆက္ကဆိုခဲ့တာပါ။ ဘက္ဟမ္းဟာ

ကမာၻ႔ဖလားသံတမန္အျဖစ္ေဆာင္႐ြက္ဖို႔အတြက္ ေပါင္ ၁၀ သန္းလက္ခံခဲ့တယ္လို႔သတင္းေတြထြက္ခဲ့ၿပီးေနာက္ ဂ်ိဳးလိုက္ဆက္ကစိန္ေခၚမႈလုပ္ခဲ့တာျဖစ္တယ္။ သူ႔ရဲ႕ဗီဒီယိုမွတ္တမ္းထဲမွာေတာ့

“ကာတာနဲ႔ဆက္ဆံေရးကို အဆုံးသတ္မယ္ဆိုရင္ ငါ့ရဲ႕ကိုယ္ပိုင္ေငြထဲက ေပါင္ ၁၀၀၀၀ ကိုေဘာလုံးနဲ႔ပတ္သတ္တာေတြအတြက္ပရဟိတလုပ္လိုက္မယ္။ ဒီလိုျဖစ္မလာရင္ေတာ့ ဒီေငြပမာဏကို

လာမယ့္တနဂၤေႏြေန႔လည္မွာ ငါဖ်က္စီးပစ္လိုက္မယ္။ ကမာၻ႔ဖလားမတိုင္ခင္ၾကည့္လိုက္ပါ။ ေငြေၾကးတင္မဟုတ္ဘူး မင္းကိုလိင္တူခ်စ္သူေလးအျဖစ္ဖ်က္စီးပစ္လိုက္မယ္။ ရာဇဝတ္မႈက်ဴးလြန္သူအျဖစ္တြန္းအားေပးမယ္။

မင္းေ႐ြးခ်ယ္ပါ၊ အေၾကာင္းျပန္ခ်က္ကိုေစာင့္ေနမယ္” လို႔ ဂ်ိဳးလိုင္ဆက္ကေျပာခဲ့ပါတယ္။ ဘက္ဟမ္းဘက္က ဘာတုံ႔ျပန္မႈမွမရွိတဲ့ေနာက္ပိုင္းမွာေတာ့ ေနာက္ထပ္ဗီဒီယိုဖိုင္တစ္ခုထြက္ေပၚလာခဲ့ၿပီး

သက္တံေရာင္ကုတ္အက်ႌကို ဝတ္ဆင္ထားတဲ့ လိုင္ဆက္ဟာ ေငြသားေတြကိုဖ်က္စီးေနတဲ့ပုံရိပ္ေတြပါဝင္ေနခဲ့ပါတယ္။ အေနမတတ္ဘဲ သြားရႈပ္တဲ့လူ႐ႊင္ေတာ္တစ္ေယာက္ကေတာ့ သူ႔ရဲ႕ကိုယ္ပိုင္ပိုက္ဆံ ေပါင္ ၁၀၀၀၀ ကို

တကယ္ပဲဆုံးရႈံးခဲ့ၿပီလားမသိပါဘူး။