ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူနိုင်လိမ့်မယ်လို့ ဘာစီလိုနာအသင်း ပိုမိုယုံကြည်လာ

ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီမှာ

ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူနိုင်လိမ့်မယ်လို့
ပိုမိုယုံကြည်လာပေမယ့် စပိန်သတင်းတွေရဲ့ဖော်ပြချက်အရ
သူတို့အနေနဲ့ နော်ဝေလက်ရွေးစင်ကို ခေါ်ယူရင်
စုစုပေါင်း ပေါင်သန်း ၂၀၀ ကျော်အထိ ကုန်ကျနိုင်တယ်လို့ သိရပါတယ်။
ဟာလန်းဟာ လာမယ့်နွေရာသီဈေးကွက်မှာလည်း

သတင်းလူသားဖြစ်လာနိုင်ပြီး သူ့ကိုခေါ်ယူဖို့
ဘာစီလိုနာ၊ ရီးရဲလ်၊ မန်စီးတီးနဲ့
တခြားထိပ်တန်းအသင်းတွေက အပြိုင်စိတ်ဝင်စားနေပါတယ်။

ဘာစီလိုနာဟာ ကြွေးမြီ ပေါင် ၁ဘီလီယံကျော်ရှိနေမှု
အပါအဝင် ဘဏ္ဍာရေးဆိုင်ရာပြဿနာတွေနဲ့
ရင်ဆိုင်နေရပေမယ့် ဟာလန်းကိုခေါ်ယူနိုင်ဖို့
တခြားအသင်းကြီးတွေနဲ့ အားပြိုင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
မန်ဒိုဒီပို့တီဗိုသတင်းစာကတော့ ဟာလန်းကိုခေါ်ယူမယ့်အသင်းအနေနဲ့

စုစုပေါင်း ပေါင် ၂၀၈သန်းအထိ ကုန်ကျနိုင်ပြီး
အဲဒီထဲမှာ ပြောင်းရွှေ့ကြေး ပေါင် ၆၃သန်းနဲ့
မြင့်မားတဲ့လုပ်ခလစာတွေ ပါဝင်သလို ဟာလန်းကို
ခေါ်ယူနိုင်ရေးအတွက် မန်စီးတီးက
အခြေအနေပိုကောင်းနိုင်တယ်လို့ ရေးသားဖော်ပြပါတယ်။


စပို့တ်သတင်းစာရဲ့ ခေါင်းကြီးပိုင်းသတင်းမှာတော့
ဟာလန်း အောင်ပွဲခံနေတဲ့ဓာတ်ပုံနဲ့အတူ
ဖြစ်နိုင်ခြေရှိတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

ဒဏ်ရာပြဿနာကြောင့် လက်ရှိအချိန်မှာ
အနားယူနေရတဲ့ ဟာလန်းဟာ ယခုရာသီမှာ
ဒေါ့မွန်အတွက် ၂၃ဂိုးသွင်းယူကာ
ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ပေးထားပါတယ်။
သူဟာ ၂၀၂၀ ဇန်နဝါရီလက

ဆဲလ်ဘတ်ကနေ ဒေါ့မွန်ကို ရောက်လာပြီးချိန်ကတည်းက
ဒေါ့မွန်အတွက် ၇၉ပွဲမှာ ဂိုး ၈၀အထိ သွင်းယူထားပါတယ်။