
အာလင်းဟာလန်းမှာ၂၀၂၂ခုနှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်
ဒေါ့မွန်မှထွက်ခွာရန်သေချာသလောက်ရှိနေကြောင်း
ဒေါ့မွန်အားကစားဒါရိုက်တာမိုက်ကယ်ဇော့ကဖွင့်ဟလာပါတယ်။
၂၀၂၁ခုနှစ် အစကတည်းက ဟာလန်းဟာ ဥရောပတစ်ဝန်းရှိ
ထိပ်သီးကလပ်များရဲ့ စိတ်ဝင်စားခံရခြင်းနှင့်အတူ
ဒေါ့မွန်ကနေ ထွက်ခွာသွားရန် သတင်းပြေးလျက် ရှိပါတယ်။
ဘွန်ဒက်စ်လီဂါကလပ်နဲ့ဟာလန်း စာချုပ်ဖြတ်သိမ်းကြေး ချုပ်ဆိုထားတာက
ယူရို၇၅သန်းသာ ရှိနေတာကြောင့် ထိပ်သီးကလပ်များ
ပေးနိုင်စွမ်းရှိတဲ့ ပမာဏ ရှိနေပါတယ်။
ဟာလန်းဟာဒဏ်ရာကြောင့် ၂၀၂၂ခုနှစ်အထိ နားနေရနိုင်တဲ့
အနေအထားကနေ ပြန်လည်သက်သာလာခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့အပတ်တွေက
ပွဲထွက်တာနဲ့ ဂိုးတွေ သွင်းယူနိုင်ထားပါတယ်။ သူဟာ နောက်ဆုံး ၆ပွဲမှာ
၆ဂိုးအထိ သွင်းယူပေးထားပြီး ၂၀၂၁ အဆုံးသတ်မှာ
သွင်းဂိုး ၁၉ဂိုး အထိ ရှိနေပြီ ဖြစ်ပါတယ်။
တစ်ဖက်ကနေ ဒေတာတွေကို ကြည့်မယ်ဆိုရင် ဟာလန်းဟာ
ယခုရာသီမှာဒေါ့မွန်အတွက်၁၅ပွဲကစားထားရာမှာ၁၉ဂိုးသွင်းယူထားနိုင်ပါတယ်။
သူဟာ၂၀၂၀ခုနှစ်ဇန်နဝါရီတွင်ဆဲလ်ဘတ်မှရောက်လာပြီးနောက်
ဒေါ့မွန်အတွက်၇၄ပွဲကစားထားရာမှာ၇၆ဂိုးသွင်းထားနိုင်သူလည်းဖြစ်ပါတယ်။
မိုက်ကယ်ဇော့က “ကျွန်တော်တို့ကတော့ဟာလန်းကို ဒီနွေမှာလည်း
ဆက်ရှိစေချင်ပါတယ်။အလွယ်တကူလက်လျှော့မှာတော့မဟုတ်ပါဘူး။
ငွေကြေးပြဿနာရှိရင်တောင်လက်လျှော့မှာမဟုတ်ပါဘူး။
သူ့ဘက်ကသေချာနေတဲ့အချက်တွေကြောင့်ပြောင်းလဲနိုင်တဲ့အခွင့်အရေးရှိနေတာ
သိပါတယ်။ဒါပေမဲ့လာမယ့်ရက်သတ္တပတ်တွေမှာသူနဲ့စကားပြောပါမယ်။
သူနဲ့နှစ်ရှည်စာချုပ်ချုပ်ဆိုထားတာပါ။ဒီတော့သူ့အပေါ်မှာအဓိက
မူတည်နေပါတယ်။ဒေါ့မွန်ကတော့သူဆက်ရှိနေလေ
အဆင်ပြေလေပါပဲ”လို့ပြောကြားသွားပါတယ်။
zawgyi
ေဒါ့မြန္ကေန ထြက္ခြာဖို႔ ေသခ်ာသေလာက္ရွိေနတဲ့ ဟာလန္း
အာလင္းဟာလန္းမွာ၂၀၂၂ခုႏွစ္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္
ေဒါ့မြန္မွထြက္ခြာရန္ေသခ်ာသေလာက္ရွိေနေၾကာင္း
ေဒါ့မြန္အားကစားဒါ႐ိုက္တာမိုက္ကယ္ေဇာ့ကဖြင့္ဟလာပါတယ္။
၂၀၂၁ခုႏွစ္ အစကတည္းက ဟာလန္းဟာ ဥေရာပတစ္ဝန္းရွိ
ထိပ္သီးကလပ္မ်ားရဲ႕ စိတ္ဝင္စားခံရျခင္းႏွင့္အတူ
ေဒါ့မြန္ကေန ထြက္ခြာသြားရန္ သတင္းေျပးလ်က္ ရွိပါတယ္။
ဘြန္ဒက္စ္လီဂါကလပ္နဲ႔ဟာလန္း စာခ်ဳပ္ျဖတ္သိမ္းေၾကး ခ်ဳပ္ဆိုထားတာက
ယူ႐ို၇၅သန္းသာ ရွိေနတာေၾကာင့္ ထိပ္သီးကလပ္မ်ား ေပးႏိုင္စြမ္းရွိတဲ့ ပမာဏ ရွိေနပါတယ္။
ဟာလန္းဟာဒဏ္ရာေၾကာင့္ ၂၀၂၂ခုႏွစ္အထိ နားေနရႏိုင္တဲ့
အေနအထားကေန ျပန္လည္သက္သာလာခဲ့တာျဖစ္ၿပီး၊ ၿပီးခဲ့တဲ့အပတ္ေတြက
ပြဲထြက္တာနဲ႔ ဂိုးေတြ သြင္းယူႏိုင္ထားပါတယ္။ သူဟာ ေနာက္ဆုံး ၆ပြဲမွာ
၆ဂိုးအထိ သြင္းယူေပးထားၿပီး ၂၀၂၁ အဆုံးသတ္မွာ
သြင္းဂိုး ၁၉ဂိုး အထိ ရွိေနၿပီ ျဖစ္ပါတယ္။
တစ္ဖက္ကေန ေဒတာေတြကို ၾကည့္မယ္ဆိုရင္ ဟာလန္းဟာ
ယခုရာသီမွာေဒါ့မြန္အတြက္၁၅ပြဲကစားထားရာမွာ၁၉ဂိုးသြင္းယူထားႏိုင္ပါတယ္။
သူဟာ၂၀၂၀ခုႏွစ္ဇန္နဝါရီတြင္ဆဲလ္ဘတ္မွေရာက္လာၿပီးေနာက္
ေဒါ့မြန္အတြက္၇၄ပြဲကစားထားရာမွာ၇၆ဂိုးသြင္းထားႏိုင္သူလည္းျဖစ္ပါတယ္။
မိုက္ကယ္ေဇာ့က “ကြၽန္ေတာ္တို႔ကေတာ့ဟာလန္းကို ဒီေႏြမွာလည္း
ဆက္ရွိေစခ်င္ပါတယ္။အလြယ္တကူလက္ေလွ်ာ့မွာေတာ့မဟုတ္ပါဘူး။
ေငြေၾကးျပႆနာရွိရင္ေတာင္လက္ေလွ်ာ့မွာမဟုတ္ပါဘူး။
သူ႔ဘက္ကေသခ်ာေနတဲ့အခ်က္ေတြေၾကာင့္ေျပာင္းလဲႏိုင္တဲ့အခြင့္အေရးရွိေနတာ
သိပါတယ္။ဒါေပမဲ့လာမယ့္ရက္သတၱပတ္ေတြမွာသူနဲ႔စကားေျပာပါမယ္။
သူနဲ႔ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆိုထားတာပါ။ဒီေတာ့သူ႔အေပၚမွာအဓိက
မူတည္ေနပါတယ္။ေဒါ့မြန္ကေတာ့သူဆက္ရွိေနေလ
အဆင္ေျပေလပါပဲ”လို႔ေျပာၾကားသြားပါတယ္။