ဒေါ့တ်မန်နဲ့ပွဲမှာ ပင်နယ်တီလွဲချော်ပြီးနောက် “မာရက်ဇ်သီအိုရီ” မှန်ကန်တယ်လို့ ပရိသတ်တွေယုံကြည်နေ

ဒေါ့တ်မန်နဲ့ပွဲစဉ်မှာ မာရက်ဇ်ပင်နယ်တီလွဲချော်တာဟာဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲလို့ ပရိသတ်တွေကပြောဆိုခဲ့ပါတယ်။

မန်စီးတီးအတွက် ဂိုးမရှိသရေရလဒ်ထိခိုက်မှုမရှိပေမဲ့ အယ်လ်ဂျီးရီးယားသား ပင်နယ်တီဝင်ခဲ့ရင် အင်္ဂလန်ကို ၃မှတ်ပိုက်ပြီးပြန်နိုင်မယ့်အခွင့်အရေးရှိခဲ့ပါတယ်။

ဘရိုက်တန်နဲ့ပွဲစဉ်မှာ မန်စီးတီးရရှိခဲ့တဲ့ ပင်နယ်တီအခွင့်အရေးကို ဟာလန်းကဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပေမဲ့ ဒေါ့တ်မန်နဲ့ပွဲ စဉ်ပင်နယ်တီရချိန်မှာ နော်ဝေသားလူစားလဲခံရပြီးဖြစ်လို့ မာရက်ဇ်ကန်ခွင့်ရခဲ့တာဖြစ်တယ်။

ဒါပေမဲ့ သူ့ရဲ့ ပင်နယ်တီကန်ချက်ကို ပြိုင်ဘက်ဂိုးသမားကိုဘယ်လ်က ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။

မာရက်ဇ်ဟာ ကစားသမားဘ၀တလျှောက် ပင်နယ်တီ ၃၂ကြိမ်ကန်ခဲ့ရာမှာ ၁၀ကြိမ်လွဲချော်ထားသူဖြစ်ပြီး သူ့အသင်းဦးဆောင်နေချိန်မှာပဲဂိုးသွင်းနိုင်တယ်ဆိုတာကို ပရိသတ်တွေကယုံကြည်နေကြပါတယ်။

တွစ်တာကတစ်ဆင့် ပရိသတ်တစ်ယောက်က “မာရက်ဇ် သီအိုရီကအမှန်ဖြစ်နိုင်ပါတယ်” လို့ ရေးသားခဲ့သလို ဒုတိယတစ်ယောက်က “မာရက်ဇ် သီအိုရီကမှန်နိုင်တယ်…၃-၀ ဆိုရင်သူလွဲချော်မှာ မဟုတ်ဘူး” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ပင်နယ်တီလွဲချော်မှုတွေနဲ့ပတ်သတ်လို့ ဂွါဒီယိုလာက “သူတို့ခေါ်ယူရဲတဲ့ သတ္တိကိုကျွန်တော်အမြဲတမ်းလေးစားမိပေမဲ့ ပင်နယ်တီလွဲချော်မှုတွေရှိနေပါတယ်။

ကိုပင်ဟေဂင်နဲ့ပွဲမှာ ကျွန်တော်တို့လွဲချော်ခဲ့ တယ်။ ဒီအခြေအနေမှာ မာရက်ဇ်သတ္တိကို ကျွန်တော်လေးစားမိတယ်။ တကယ်လို့ နောက်တစ်ကြိမ်မှာသူဒီလိုခံစားမိမယ်ဆိုရင်…သတ္တိကို ငါလေးစားဦးမှာပါ” လို့ ဆိုခဲ့ပါတယ်။

(Zawgyi)

ေဒါ့တ္မန္နဲ႔ပြဲမွာ ပင္နယ္တီလြဲေခ်ာ္ၿပီးေနာက္ “မာရက္ဇ္သီအိုရီ” မွန္ကန္တယ္လို႔ ပရိသတ္ေတြယုံၾကည္ေန

ေဒါ့တ္မန္နဲ႔ပြဲစဥ္မွာ မာရက္ဇ္ပင္နယ္တီလြဲေခ်ာ္တာဟာျဖစ္႐ိုးျဖစ္စဥ္တစ္ခုပဲလို႔ ပရိသတ္ေတြကေျပာဆိုခဲ့ပါတယ္။

မန္စီးတီးအတြက္ ဂိုးမရွိသေရရလဒ္ထိခိုက္မႈမရွိေပမဲ့ အယ္လ္ဂ်ီးရီးယားသား ပင္နယ္တီဝင္ခဲ့ရင္ အဂၤလန္ကို ၃မွတ္ပိုက္ၿပီးျပန္ႏိုင္မယ့္အခြင့္အေရးရွိခဲ့ပါတယ္။

ဘ႐ိုက္တန္နဲ႔ပြဲစဥ္မွာ မန္စီးတီးရရွိခဲ့တဲ့ ပင္နယ္တီအခြင့္အေရးကို ဟာလန္းကဂိုးအျဖစ္ေျပာင္းလဲႏိုင္ခဲ့ေပမဲ့ ေဒါ့တ္မန္နဲ႔ပြဲ စဥ္ပင္နယ္တီရခ်ိန္မွာ ေနာ္ေဝသားလူစားလဲခံရၿပီးျဖစ္လို႔ မာရက္ဇ္ကန္ခြင့္ရခဲ့တာျဖစ္တယ္။

ဒါေပမဲ့ သူ႔ရဲ႕ ပင္နယ္တီကန္ခ်က္ကို ၿပိဳင္ဘက္ဂိုးသမားကိုဘယ္လ္က ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့ပါ တယ္။

မာရက္ဇ္ဟာ ကစားသမားဘ၀တေလွ်ာက္ ပင္နယ္တီ ၃၂ႀကိမ္ကန္ခဲ့ရာမွာ ၁၀ႀကိမ္လြဲေခ်ာ္ထားသူျဖစ္ၿပီး သူ႔အသင္းဦးေဆာင္ေနခ်ိန္မွာပဲဂိုးသြင္းႏိုင္တယ္ဆို တာကို ပရိသတ္ေတြကယုံၾကည္ေနၾကပါတယ္။

တြစ္တာကတစ္ဆင့္ ပရိသတ္တစ္ ေယာက္က “မာရက္ဇ္ သီအိုရီကအမွန္ျဖစ္ႏိုင္ပါတယ္” လို႔ ေရးသားခဲ့သလို ဒုတိယတစ္ေယာက္က “မာရက္ဇ္ သီအိုရီကမွန္ႏိုင္တယ္…၃-၀ ဆိုရင္သူလြဲေခ်ာ္မွာ မဟုတ္ဘူး” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ပင္နယ္တီလြဲေခ်ာ္မႈေတြနဲ႔ပတ္သတ္လို႔ ဂြါဒီယိုလာက “သူတို႔ေခၚယူရဲတဲ့ သတၱိကိုကြၽန္ေတာ္အၿမဲတမ္းေလးစားမိေပမဲ့ ပင္နယ္တီလြဲေခ်ာ္မႈေတြရွိေနပါတယ္။

ကိုပင္ေဟဂင္နဲ႔ပြဲမွာ ကြၽန္ေတာ္တို႔လြဲေခ်ာ္ခဲ့ တယ္။ ဒီအေျခအေနမွာ မာရက္ဇ္သတၱိကို ကြၽန္ေတာ္ေလးစားမိတယ္။ တကယ္လို႔ ေနာက္တစ္ႀကိမ္မွာသူဒီလိုခံစားမိမယ္ဆိုရင္…သတၱိကို ငါေလးစားဦးမွာပါ” လို႔ ဆိုခဲ့ပါတယ္။