





ဖီဖာအနေနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုပြန်ကစားပေးဖို့အတွက်
ပြင်သစ်ဘက်ကအသနားခံစာတင်သွင်းခဲ့ပြီး လက်မှတ်ထိုးသူပေါင်း





၂ သိန်းကျော်ရှိခဲ့ပါတယ်။ အာဂျင်တီးနားရရှိခဲ့တဲ့ ပထမဆုံးပင်နယ်တီဟာ
တရားမျှတမှုမရှိသလို ဒီမာရီယာသွင်းယူခဲ့တဲ့ ဒုတိယဂိုးနဲ့အစပြုမှုမှာလည်း
အမ်ဘာပီပြစ်ဒဏ်ဘောကျူးလွန်ခံရပြီး အချိန်ပိုမိနစ် မက်ဆီရဲ့





သွင်းဂိုးမှာလည်း လူစားဝင်ဖို့စောင့်နေတဲ့ အာဂျင်တီးနား
ကစားသမားနှစ်ယောက် ကွင်းထဲရောက်နေတာကိုထောက်ပြ





ပြောဆိုမှုတွေရှိခဲ့ကြပါတယ်။ ပြင်သစ်ပရိသတ်တွေဟာ ဒီပွဲစဉ်နဲ့
ပက်သတ်လို့ကျေနပ်မှုမရှိပေမဲ့ ဗိုလ်လုပွဲကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်
မာစီနီရက်ခ်ကိုယ်တိုင်ကတော့ မက်ဆီရဲ့အချိန်ပိုမိနစ်ဂိုးကို





မခွင့်ပြုသင့်ဘူးဆိုရင် အမ်ဘာပီရဲ့ တတိယပင်နယ်တီကိုလည်း
ပယ်ဖျက်ရလိမ့်မယ်လို့ ဖုန်းမှတ်တမ်းတစ်ခုနဲ့ထောက်ပြခဲ့ပါတယ်။





ကွင်းလယ်ဒိုင်ရဲ့ဖုန်းမှတ်တမ်းထဲမှာတော့ အမ်ဘာပီရဲ့ အချိန်ပို
မိနစ်ပင်နယ်တီကန်ချိန်မှာအရန်ခုံက ပြင်သစ်ကစားသမား
၇ ယောက်လောက်အထိ ကွင်းထဲရောက်နေခဲ့တာတွေ့ရပါတယ်။





လက်ရှိမှာတော့ အာဂျင်တီးနား ပရိသတ်တွေကလည်း
“ပြင်သစ်တွေငိုတာတိတ်တော့လို့” လို့ ခေါင်းစဉ်နဲ့အတူ





လက်မှတ်ထိုးဖို့ တောင်းဆိုရာမှာတော့ တန်ပြန်ပရိသတ်က
နှစ်သိန်းခွဲနီးပါးရှိလာပြီဖြစ်တယ်။ ပြင်သစ်တွေအနေနဲ့
မက်ဆီအကောင်းဆုံးဆိုတာနဲ့ အမ်ဘာပီ ချာတိတ်ပဲရှိသေးတယ်





ဆိုတာကို လက်ခံရလိမ့်မယ်လို့ အာဂျင်တီးနားပရိသတ်တွေက
တုံ့ပြန်ထားတာဖြစ်တယ်။ ပြင်သစ်သတင်းစာ L’Equipe က





မက်ဆီရဲ့အချိန်ပိုသွင်းဂိုးတရားမဝင်ပုံကိုအကျယ်တဝင့်ဖော်ပြခဲ့ပေမဲ့
အမ်ဘာပီရဲ့ တတိယမြောက်ပင်နယ်တီကန်ချက်နဲ့
ပတ်သတ်လို့တော့ မသိချင်ယောင်ဆောင်နေခဲ့တာဖြစ်တယ်။





zawgyi





ေဒသတြင္း သတင္းစာႀကီး L’Equipe အပါအဝင္ ျပင္သစ္ေတြအငိုတိတ္ေတာ့လို႔ အာဂ်င္တီးနားပရိသတ္ေတြ ထိထိမိမိတုံ႔ျပန္ျပခဲ့
ဖီဖာအေနနဲ႔ ကမာၻ႔ဖလားဗိုလ္လုပြဲကိုျပန္ကစားေပးဖို႔အတြက္
ျပင္သစ္ဘက္ကအသနားခံစာတင္သြင္းခဲ့ၿပီး လက္မွတ္ထိုးသူေပါင္း





၂ သိန္းေက်ာ္ရွိခဲ့ပါတယ္။ အာဂ်င္တီးနားရရွိခဲ့တဲ့ ပထမဆုံးပင္နယ္တီဟာ
တရားမွ်တမႈမရွိသလို ဒီမာရီယာသြင္းယူခဲ့တဲ့ ဒုတိယဂိုးနဲ႔အစျပဳမႈမွာလည္း





အမ္ဘာပီျပစ္ဒဏ္ေဘာက်ဴးလြန္ခံရၿပီး အခ်ိန္ပိုမိနစ္ မက္ဆီရဲ႕
သြင္းဂိုးမွာလည္း လူစားဝင္ဖို႔ေစာင့္ေနတဲ့ အာဂ်င္တီးနား
ကစားသမားႏွစ္ေယာက္ ကြင္းထဲေရာက္ေနတာကိုေထာက္ျပ





ေျပာဆိုမႈေတြရွိခဲ့ၾကပါတယ္။ ျပင္သစ္ပရိသတ္ေတြဟာ ဒီပြဲစဥ္နဲ႔
ပက္သတ္လို႔ေက်နပ္မႈမရွိေပမဲ့ ဗိုလ္လုပြဲကိုင္တြယ္ခဲ့တဲ့ ကြင္းလယ္ဒိုင္





မာစီနီရက္ခ္ကိုယ္တိုင္ကေတာ့ မက္ဆီရဲ႕အခ်ိန္ပိုမိနစ္ဂိုးကို
မခြင့္ျပဳသင့္ဘူးဆိုရင္ အမ္ဘာပီရဲ႕ တတိယပင္နယ္တီကိုလည္း
ပယ္ဖ်က္ရလိမ့္မယ္လို႔ ဖုန္းမွတ္တမ္းတစ္ခုနဲ႔ေထာက္ျပခဲ့ပါတယ္။





ကြင္းလယ္ဒိုင္ရဲ႕ဖုန္းမွတ္တမ္းထဲမွာေတာ့ အမ္ဘာပီရဲ႕ အခ်ိန္ပို
မိနစ္ပင္နယ္တီကန္ခ်ိန္မွာအရန္ခုံက ျပင္သစ္ကစားသမား





၇ ေယာက္ေလာက္အထိ ကြင္းထဲေရာက္ေနခဲ့တာေတြ႕ရပါတယ္။
လက္ရွိမွာေတာ့ အာဂ်င္တီးနား ပရိသတ္ေတြကလည္း
“ျပင္သစ္ေတြငိုတာတိတ္ေတာ့လို႔” လို႔ ေခါင္းစဥ္နဲ႔အတူ





လက္မွတ္ထိုးဖို႔ ေတာင္းဆိုရာမွာေတာ့ တန္ျပန္ပရိသတ္က
ႏွစ္သိန္းခြဲနီးပါးရွိလာၿပီျဖစ္တယ္။ ျပင္သစ္ေတြအေနနဲ႔





မက္ဆီအေကာင္းဆုံးဆိုတာနဲ႔ အမ္ဘာပီ ခ်ာတိတ္ပဲရွိေသးတယ္
ဆိုတာကို လက္ခံရလိမ့္မယ္လို႔ အာဂ်င္တီးနားပရိသတ္ေတြက
တုံ႔ျပန္ထားတာျဖစ္တယ္။ ျပင္သစ္သတင္းစာ L’Equipe က





မက္ဆီရဲ႕အခ်ိန္ပိုသြင္းဂိုးတရားမဝင္ပုံကိုအက်ယ္တဝင့္ေဖာ္ျပခဲ့ေပမဲ့
အမ္ဘာပီရဲ႕ တတိယေျမာက္ပင္နယ္တီကန္ခ်က္နဲ႔





ပတ္သတ္လို႔ေတာ့ မသိခ်င္ေယာင္ေဆာင္ေနခဲ့တာျဖစ္တယ္။