ဒူးအရွတ်ကြော ပြတ်တောက်ဒဏ်ရာကြောင့် ကာလရှည် အနားယူရမယ့် ချီယေဆာ

အီတလီအသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား

ချီယေဆာဟာ ဒူးအရွတ်ကြော ပြတ်တောက်ဒဏ်ရာကြောင့်

ကာလရှည် အနားယူရတော့မယ် လို့ သိရပါတယ်။

ဒူးအရွတ်ကြော ပြတ်တောက်ဒဏ်ရာဟာ ဘောလုံးလောကရဲ့

အဆိုးဝါး ဒဏ်ရာ တစ်ခု ဖြစ်ပြီး ဒဏ်ရာရရှိတဲ့ ကစားသမားတွေဟာ

အနိမ့်ဆုံး ၈လ ကနေ ၁နှစ်ကျော်ကြာ အနားယူကြရပါတယ်။

ဒါကြောင့် ချီယေဇာဟာ ယခု ဘောလုံးရာသီ ကုန်ဆုံးချိန် အထိ

အနားယူရဖို့ ရှိနေသလို ဒဏ်ရာကနေသာ အလျင်အမြန်

သက်သာလာခြင်း မရှိပါက အီတလီအသင်းရဲ့

ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ်တွေကိုပါ လွဲချော်ရဖို့ ရှိနေပါတယ်။

အသင်းရဲ့ တရားဝင် ထုတ်ပြန် ကြေငြာချက်မှာတော့

“ J Medical စင်တာမှာ ဒဏ်ရာ နဲ့ ပတ်သက်ပြီး

လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးပါပြီ။

ACL ဒဏ်ရာ အမျိုးအစား ဆိုတာ အတည်ပြုလို့ရပါတယ်။

ဒါကြောင့်မို့ လာမယ့် ရက်ပိုင်း အတွင်းမှာ ခွဲစိတ် ကုသမှုတွေ

လုပ်ဆောင်ဖို့ လိုအပ်ပါလိမ့်မယ်” လို့ ဖော်ပြသွားခဲ့ ပါတယ်။

သူဟာ ဒီရာသီမှာ ဂျူဗင်တပ်စ်အတွက် စီးရီးအေ ပွဲစဉ်ပေါင်း 14 ပွဲ

ပါဝင် ကစားပေးထားကာ 2 ဂိုး သွင်းပြီး ၊

ဂိုးဖန်တီးမှု 3 ကြိမ် လုပ်ဆောင် ပေးထားခဲ့ပါတယ်။

အီတလီ ကတော့ ကမ္ဘာ့ဖလား Playoff အကြို ဗိုလ်လုပွဲ စဉ် အဖြစ်

မြောက် မက်ဆီဒိုးနီးယား အသင်းနဲ့ မတ်လ 24 ရက်နေ့မှာ ကစားမှာ ဖြစ်ပါတယ်။

တကယ်လို့ အဲဒီ ပွဲစဉ်ကို ကျော်ဖြတ် နိုင်ခဲ့ပါက တူရကီ/ ပေါ်တူဂီ တို့ထဲက

တစ်သင်းနဲ့ PlayOff ဗိုလ်လုပွဲ ကစားရမှာပါ။ အဲဒီ ပွဲ အနိုင်ရတဲ့

အသင်းကပဲ ကမ္ဘာ့ဖလား ဝင်ခွင့်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အတွက်တော့ ချီယေဆာဒဏ်ရာရသွားတဲ့ သတင်းဟာ

ထိုးနှက်ချက်ကြီး တစ်ခုဖြစ်ပြီး ၊ အမှတ်ပေးဇယားထိပ် က

အင်တာ မီလန်ကို အမှီလိုက်ဖို့ အင်အားတွေ လျှော့နည်းသွားခဲ့ပါတယ်။

လက်ရှိမှာ အင်တာ မီလန် ထက် 11 မှတ် လျှော့ကာ

အဆင့် 5 နေရာမှာ ရပ်တည်နေတာပါ။ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မှာတော့

ဗီလာ ရီးရဲလ် အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

zawgyi

ဒူးအ႐ြတ္ေၾကာ ျပတ္ေတာက္ဒဏ္ရာေၾကာင့္ ကာလရွည္ အနားယူရမယ့္ ခ်ီေယဆာ

အီတလီအသင္းနဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔ရဲ႕ အဓိက ေတာင္ပံတိုက္စစ္ ကစားသမား

ခ်ီေယဆာဟာ ဒူးအ႐ြတ္ေၾကာ ျပတ္ေတာက္ဒဏ္ရာေၾကာင့္

ကာလရွည္ အနားယူရေတာ့မယ္ လို႔ သိရပါတယ္။

ဒူးအ႐ြတ္ေၾကာ ျပတ္ေတာက္ဒဏ္ရာဟာ ေဘာလုံးေလာကရဲ႕

အဆိုးဝါး ဒဏ္ရာ တစ္ခု ျဖစ္ၿပီး ဒဏ္ရာရရွိတဲ့ ကစားသမားေတြဟာ

အနိမ့္ဆုံး ၈လ ကေန ၁ႏွစ္ေက်ာ္ၾကာ အနားယူၾကရပါတယ္။

ဒါေၾကာင့္ ခ်ီေယဇာဟာ ယခု ေဘာလုံးရာသီ ကုန္ဆုံးခ်ိန္ အထိ

အနားယူရဖို႔ ရွိေနသလို ဒဏ္ရာကေနသာ အလ်င္အျမန္

သက္သာလာျခင္း မရွိပါက အီတလီအသင္းရဲ႕

ကမာၻ႔ဖလားေျခစစ္ပြဲ ပြဲစဥ္ေတြကိုပါ လြဲေခ်ာ္ရဖို႔ ရွိေနပါတယ္။

အသင္းရဲ႕ တရားဝင္ ထုတ္ျပန္ ေၾကျငာခ်က္မွာေတာ့

“ J Medical စင္တာမွာ ဒဏ္ရာ နဲ႔ ပတ္သက္ၿပီး

လိုအပ္တဲ့ စစ္ေဆးမႈေတြ လုပ္ေဆာင္ၿပီးပါၿပီ။

ACL ဒဏ္ရာ အမ်ိဳးအစား ဆိုတာ အတည္ျပဳလို႔ရပါတယ္။

ဒါေၾကာင့္မို႔ လာမယ့္ ရက္ပိုင္း အတြင္းမွာ ခြဲစိတ္ ကုသမႈေတြ

လုပ္ေဆာင္ဖို႔ လိုအပ္ပါလိမ့္မယ္” လို႔ ေဖာ္ျပသြားခဲ့ ပါတယ္။

သူဟာ ဒီရာသီမွာ ဂ်ဴဗင္တပ္စ္အတြက္ စီးရီးေအ ပြဲစဥ္ေပါင္း 14 ပြဲ

ပါဝင္ ကစားေပးထားကာ 2 ဂိုး သြင္းၿပီး ၊

ဂိုးဖန္တီးမႈ 3 ႀကိမ္ လုပ္ေဆာင္ ေပးထားခဲ့ပါတယ္။

အီတလီ ကေတာ့ ကမာၻ႔ဖလား Playoff အႀကိဳ ဗိုလ္လုပြဲ စဥ္ အျဖစ္

ေျမာက္ မက္ဆီဒိုးနီးယား အသင္းနဲ႔ မတ္လ 24 ရက္ေန႔မွာ ကစားမွာ ျဖစ္ပါတယ္။

တကယ္လို႔ အဲဒီ ပြဲစဥ္ကို ေက်ာ္ျဖတ္ ႏိုင္ခဲ့ပါက တူရကီ/ ေပၚတူဂီ တို႔ထဲက

တစ္သင္းနဲ႔ PlayOff ဗိုလ္လုပြဲ ကစားရမွာပါ။ အဲဒီ ပြဲ အႏိုင္ရတဲ့

အသင္းကပဲ ကမာၻ႔ဖလား ဝင္ခြင့္ကို ရရွိႏိုင္မွာ ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္အတြက္ေတာ့ ခ်ီေယဆာဒဏ္ရာရသြားတဲ့ သတင္းဟာ

ထိုးႏွက္ခ်က္ႀကီး တစ္ခုျဖစ္ၿပီး ၊ အမွတ္ေပးဇယားထိပ္ က

အင္တာ မီလန္ကို အမွီလိုက္ဖို႔ အင္အားေတြ ေလွ်ာ့နည္းသြားခဲ့ပါတယ္။

လက္ရွိမွာ အင္တာ မီလန္ ထက္ 11 မွတ္ ေလွ်ာ့ကာ

အဆင့္ 5 ေနရာမွာ ရပ္တည္ေနတာပါ။ ခ်န္ပီယံလိဂ္ ရႈံးထြက္ အဆင့္မွာေတာ့

ဗီလာ ရီးရဲလ္ အသင္းနဲ႔ ကစားရမွာ ျဖစ္ပါတယ္။