ဒူးဒဏ်ရာခွဲစိတ်ရဖို့ရှိနေတဲ့ ရီစီဂျိမ်းစ် ကမ္ဘာ့ဖလားပါဝင်ခွင့် သံသယဖြစ်စရာကြုံလာ

ချဲလ်ဆီးညာနောက်ခံလူ ရီစီဂျိမ်းစ်ရဲ့ဒူးဒဏ်ရာဟာ နဂိုထင်ထားတာက ပိုပြီးပြင်းထန်တယ်လို့ သတင်းထွက်လာပါတယ်။

ရီစီဂျိမ်းစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာပုံမှန်ပွဲထွက်ခွင့်အတွက် အလားအလာကောင်းသူဖြစ်လို့ နည်းပြဆောက်ဂိတ်အတွက် သတင်းကောင်းမဟုတ်ခဲ့ပါဘူး။

အေစီမီလန်ကို ၂-၀ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ ဒူးဒဏ်ရာရရှိခဲ့တဲ့ ရီစီဂျိမ်းစ်ဟာထိခိုက်မိအပြီး မိနစ်အနည်းငယ်ကြာ သတ္တိရှိရှိဆက်ကစားနေခဲ့ပေမဲ့ ၆၂မိနစ်မှာတော့ အခြေအနေမကောင်းလို့ လူစားလဲခဲ့ရပါတယ်။

အစောပိုင်းသတင်းတွေအရ ကမ္ဘာ့ဖလားအမီပြန်လာနိုင်မယ် လို့ အကောင်းဘက်တွေးမြင်ခဲ့ပေမဲ့ Daily mail ရဲ့အဆိုအရတော့ သူ့ရဲ့ဒူးဒဏ်ရာခွဲ စိတ်ရနိုင်တယ်လို့ နောက်ဆက်တွဲထွက်ပေါ်ခဲ့တာပါ။

ဒါဟာ ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာနဲ့ အင်္ဂလန်နည်းပြဆောက်ဂိတ်တို့အတွက် ထိုးနှက်ချက်ဖြစ်လာခဲ့သလို ရီစီဂျိမ်းစ်ဟာ နိုဝင်ဘာ ၂၁ရက်နေ့ အီရန်နဲ့အုပ်စု အဖွင့်အမီပြန်လာနိုင်ဖို့အခွင့်အရေး အလွန်နည်းပါးနေပါတယ်။

အင်္ဂလန်အသင်းဟာ အုပ်စုဒုတိယပွဲအဖြစ် နိုဝင်ဘာ ၂၅မှာ အမေရိကန်နဲ့ကစားဖို့ရှိပြီး အုပ်စုအပိတ်ပွဲအဖြစ် နိုဝင်ဘာ ၂၉မှာ ဝေးလ်နဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။

လက်ရှိအင်္ဂလန်အသင်းမှာ ညာနောက်ခံလူအဖြစ်ကစားနိုင်တဲ့ ဝေါ်လ်ကာနဲ့ ရီစီဂျိမ်းစ်တို့ ဒဏ်ရာပြင်းထန်ခဲ့တဲ့အတွက် လက်ရွေးစင်အသင်း ကြမ္မာငင်နေတယ်လို့ ပြောရမလိုပါပဲ။

(Zawgyi)

ဒူးဒဏ္ရာခြဲစိတ္ရဖို႔ရွိေနတဲ့ ရီစီဂ်ိမ္းစ္ ကမာၻ႔ဖလားပါဝင္ခြင့္ သံသယျဖစ္စရာႀကဳံလာ

ခ်ဲလ္ဆီးညာေနာက္ခံလူ ရီစီဂ်ိမ္းစ္ရဲ႕ဒူးဒဏ္ရာဟာ နဂိုထင္ထားတာက ပိုၿပီးျပင္းထန္တယ္လို႔ သတင္းထြက္လာပါတယ္။ ရီစီဂ်ိမ္းစ္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ အဂၤလန္အသင္းမွာပုံမွန္ပြဲထြက္ခြင့္အတြက္ အလားအလာေကာင္းသူျဖစ္လို႔ နည္းျပေဆာက္ဂိတ္အတြက္ သတင္းေကာင္းမဟုတ္ခဲ့ပါဘူး။

ေအစီမီလန္ကို ၂-၀ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲစဥ္ရဲ႕ ဒုတိယပိုင္းမွာ ဒူးဒဏ္ရာရရွိခဲ့တဲ့ ရီစီဂ်ိမ္းစ္ဟာထိခိုက္မိအၿပီး မိနစ္အနည္းငယ္ၾကာ သတၱိရွိရွိဆက္ကစားေနခဲ့ေပမဲ့ ၆၂မိနစ္မွာေတာ့ အေျခအေနမေကာင္းလို႔ လူစားလဲခဲ့ရပါတယ္။

အေစာပိုင္းသတင္းေတြအရ ကမာၻ႔ဖလားအမီျပန္လာႏိုင္မယ္ လို႔ အေကာင္းဘက္ေတြးျမင္ခဲ့ေပမဲ့ Daily mail ရဲ႕အဆိုအရေတာ့ သူ႔ရဲ႕ဒူးဒဏ္ရာခြဲ စိတ္ရႏိုင္တယ္လို႔ ေနာက္ဆက္တြဲထြက္ေပၚခဲ့တာပါ။

ဒါဟာ ခ်ဲလ္ဆီးနည္းျပဂေရဟမ္ေပၚတာနဲ႔ အဂၤလန္နည္းျပေဆာက္ဂိတ္တို႔အတြက္ ထိုးႏွက္ခ်က္ျဖစ္လာခဲ့သလို ရီစီဂ်ိမ္းစ္ဟာ ႏိုဝင္ဘာ ၂၁ရက္ေန႔ အီရန္နဲ႔အုပ္စု အဖြင့္အမီျပန္လာႏိုင္ဖို႔အခြင့္အေရး အလြန္နည္းပါးေနပါတယ္။

အဂၤလန္အသင္းဟာ အုပ္စုဒုတိယပြဲအျဖစ္ ႏိုဝင္ဘာ ၂၅မွာ အေမရိကန္နဲ႔ကစားဖို႔ရွိၿပီး အုပ္စုအပိတ္ပြဲအျဖစ္ ႏိုဝင္ဘာ ၂၉မွာ ေဝးလ္နဲ႔ ရင္ဆိုင္ရမွာျဖစ္တယ္။ လက္ရွိအဂၤလန္အသင္းမွာ ညာေနာက္ခံလူအျဖစ္ကစားႏိုင္တဲ့ ေဝၚလ္ကာနဲ႔ ရီစီဂ်ိမ္းစ္တို႔ ဒဏ္ရာျပင္းထန္ခဲ့တဲ့အတြက္ လက္ေ႐ြးစင္အသင္း ၾကမၼာငင္ေနတယ္လို႔ ေျပာရမလိုပါပဲ။