ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မယ့် အာဆင်နယ်ဘယ်နောက်ခံလူ တီယာနေ

အာဆင်နယ်အတွက် ထိုးနှက်ချက်တစ်ရပ်အဖြစ် အားထားရတဲ့

ဘယ်နောက်ခံလူ တီယာနေးဟာ စကော့တလန်အသင်းနဲ့အတူ
ပါဝင်ကစားစဉ် ဒူးဒဏ်ရာရရှိခဲ့တာကြောင့်
ယခုရာသီကုန်အထိ အနားယူရတော့မှာဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ တီယာနေးဟာ ကြာသပတေးနေ့က
ပြုလုပ်တဲ့ အာဆင်နယ်အသင်းရဲ့ထရိန်နင်အစီအစဉ်မှာ

ပါဝင်ခဲ့ပြီးနောက် ဘယ်ဘက်ဒူးဒဏ်ရာခံစားခဲ့ရတာဖြစ်ပြီး
အဲဒီအတွက်ကြောင့်ပဲ ယမန်နေ့ညက ပဲလေ့စ်ကို
၃-၀ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ မပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။
တီယာနေးဟာ ယနေ့နံနက်အစောပိုင်းက အထူးကုဆရာဝန်တွေနဲ့
အသေးစိတ်စစ်ဆေးမှုခံယူခဲ့ပြီးနောက် အသင်းရဲ့ဆေးအဖွဲ့က

တီယာနေးရဲ့ဒဏ်ရာကို ခွဲစိတ်ကုသမှုပြုလုပ်တာက
အကောင်းဆုံးပဲလို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီနောက် အာဆင်နယ်အသင်းက လာမယ့်ရက်ပိုင်းအတွင်း
လန်ဒန်မှာ တီယာနေးကို ခွဲစိတ်ကုသမှုခံယူမှာဖြစ်ပြီး
ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို

ချက်ချင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်း အတည်ပြုပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ကြိုးစားနေတဲ့ အာဆင်နယ်နဲ့
နည်းပြအာတီတာတို့အတွက်တော့ တီယာနေး
ရာသီကုန်အထိ အနားယူရမယ့်သတင်းက
တကယ့်ကိုထိုးနှက်ချက်ဖြစ်လာနိုင်ပြီး ဇွန်လအတွင်း

ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offs ပွဲစဉ်အဖြစ်
ယူကရိန်းနဲ့ရင်ဆိုင်ရမယ့် စကော့တလန်အတွက်လည်း စိုးရိမ်စရာဖြစ်လာပါတယ်။

Zawgyi

ဒူးဒဏ္ရာေၾကာင့္ ရာသီကုန္အထိ အနားယူရေတာ့မယ့္ အာဆင္နယ္ဘယ္ေနာက္ခံလူ တီယာေနး
အာဆင္နယ္အတြက္ ထိုးႏွက္ခ်က္တစ္ရပ္အျဖစ္ အားထားရတဲ့
ဘယ္ေနာက္ခံလူ တီယာေနးဟာ စေကာ့တလန္အသင္းနဲ႔အတူ
ပါ၀င္ကစားစဥ္ ဒူးဒဏ္ရာရရွိခဲ့တာေၾကာင့္
ယခုရာသီကုန္အထိ အနားယူရေတာ့မွာျဖစ္ပါတယ္။

အသက္ ၂၄ နွစ္အရြယ္ရွိ တီယာေနးဟာ ၾကာသပေတးေန႔က
ျပဳလုပ္တဲ့ အာဆင္နယ္အသင္းရဲ႕ထရိန္နင္အစီအစဥ္မွာ
ပါ၀င္ခဲ့ၿပီးေနာက္ ဘယ္ဘက္ဒူးဒဏ္ရာခံစားခဲ့ရတာျဖစ္ၿပီး
အဲဒီအတြက္ေၾကာင့္ပဲ ယမန္ေန႔ညက ပဲေလ့စ္ကို
၃-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲမွာ မပါ၀င္ႏိုင္ခဲ့တာျဖစ္ပါတယ္။

တီယာေနးဟာ ယေန႔နံနက္အေစာပိုင္းက အထူးကုဆရာ၀န္ေတြနဲ႔
အေသးစိတ္စစ္ေဆးမႈခံယူခဲ့ၿပီးေနာက္ အသင္းရဲ႕ေဆးအဖြဲ႕က
တီယာေနးရဲ႕ဒဏ္ရာကို ခြဲစိတ္ကုသမႈျပဳလုပ္တာက
အေကာင္းဆုံးပဲလုိ႔ ဆုံးျဖတ္လုိက္ပါတယ္။
အဲဒီေနာက္ အာဆင္နယ္အသင္းက လာမယ့္ရက္ပိုင္းအတြင္း

လန္ဒန္မွာ တီယာေနးကို ခြဲစိတ္ကုသမႈခံယူမွာျဖစ္ၿပီး
ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္ေတြကို
ခ်က္ခ်င္းလုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း အတည္ျပဳပါတယ္။
ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔အတြက္ ႀကိဳးစားေနတဲ့ အာဆင္နယ္နဲ႔
နည္းျပအာတီတာတုိ႔အတြက္ေတာ့ တီယာေနး

ရာသီကုန္အထိ အနားယူရမယ့္သတင္းက
တကယ့္ကိုထိုးႏွက္ခ်က္ျဖစ္လာႏုိင္ၿပီး ဇြန္လအတြင္း
ကမၻာ့ဖလားေျခစစ္ပြဲ Play-offs ပြဲစဥ္အျဖစ္
ယူကရိန္းနဲ႔ရင္ဆုိင္ရမယ့္ စေကာ့တလန္အတြက္လည္း စုိးရိမ္စရာျဖစ္လာပါတယ္။