ဒူဘိုင်းက Globe Soccer ဆုပေးပွဲမှာ ဘက်ပီနဲ့ လီဝန်ဒေါစကီး အသီးသီး ဆွတ်ခူး

ယူအေအီးနိုင်ငံ ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ ၁၂ ကြိမ်မြောက် Globe Soccer ဆုပေးပွဲမှာ

ပီအက်စ်ဂျီတိုက်စစ်မှုးအမ်ဘက်ပီက အကောင်းဆုံးအမျိုးသားကစားသမားဆုကို

ဆွတ်ခူးသွားပြီး လီဝန်ဒေါစကီးကလည်း ပရိသတ်တွေရွေးတဲ့

တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

ဒူဘိုင်းက Globe Soccer ဆုပေးပွဲမှာ ဆုပေါင်းများစွာချီးမြှင့်တာဖြစ်ပေမယ့်

ထိပ်တန်းဆု နှစ်ခုဖြစ်ခဲ့တဲ့ အကောင်းဆုံးအမျိုးသားကစားသမားဆုနဲ့

ပရိသတ်တွေရဲ့တစ်နှစ်အကောင်းဆုံးကစားသမားတို့ကို

ဘယ်သူတွေရမလဲဆိုတာကိုသာ အဓိကစိတ်ဝင်စားကြတာပါ။

အရင်က အဲဒီဆုတွေကို စီရော်နယ်ဒိုနဲ့မက်ဆီတို့နှစ်ယောက် အကြိမ်ကြိမ်ရခဲ့ကြပြီး

ဒီနှစ်မှာတော့ လီဝန်ဒေါစကီး၊ အမ်ဘက်ပီ၊ ဘင်ဇီမာနဲ့ မိုဆာလာတို့လို

ကစားသမားတွေက သူတို့နှစ်ယောက်ကို စိန်ခေါ်နိုင်ခဲ့တာပါ။

အကောင်းဆုံးအမျိုးသားကစားသမားဆုကိုရတဲ့ အမ်ဘက်ပီက

”ဒူဘိုင်းကိုရောက်နေလို့ အရမ်းကို ကျေနပ်ပျော်ရွှင်မိပါတယ်။

ဒီနေရာမှာ နာမည်ကြီးတွေတွေ့ရတာဟာ ဂုဏ်ယူစရာတစ်ခုပါ။

ဒါဟာ ကျွန်တော့်အတွက် ကြီးကျယ်တဲ့အောင်မြင်မှုတစ်ခုပါ။

ကျွန်တော့်အတွက် အမြဲတမ်းရှိနေပေးခဲ့တဲ့ ပီအက်စ်ဂျီနဲ့

လက်ရွေးစင်အသင်းတို့ကို ကျေးဇူးတင်လိုပါတယ်။

ဘောလုံးသမိုင်းကြောင်းကို ကျွန်တော်ပြန်ရေးလိုပြီး အဲဒီလိုလုပ်နိုင်ဖို့

နေ့စဉ်တိုင်း အောင်မြင်မှုဆာလောင်နေရမှာပါ”လို့ ပြောကြာခဲ့ပါတယ်။

ပရိသတ်တွေပေးတဲ့အကောင်းဆုံးကစားသမားဆုကို ရခဲ့တဲ့

လီဝန်ဒေါစကီးကလည်း”ကျွန်တော့်ကို မဲပေးကြတဲ့သူတိုင်းနဲ့

အပတ်စဉ်တိုင်းမှာ အားပေးကြသူတွေကို ကျေးဇူးတင်လိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ကွင်းထဲမှာ ပရိသတ်တွေအားလုံးကို လွမ်းခဲ့ရပြီး

ဒါကြောင့်လည်း သူတို့အားလုံးကို ကျေးဇူးတင်စကားပြောနိုင်ဖို့

ကျွန်တော်တို့ကြိုးစားခဲ့ရတာပါ”လို့ ပြောကြားခဲ့ပါတယ်။

အခြားဆုတွေမှာတော့ ယူရိုမှာ ဗိုလ်စွခဲ့တဲ့ အီတလီနည်းပြရောဘတ်တိုမန်ချီနီဟာ

တစ်နှစ်တာအကောင်းဆုံးနည်းပြဆုရသွားပြီး အီတလီကလည်း

တစ်နှစ်တာအကောင်းဆုံးလက်ရွေးစင်အသင်းဆုကို ရခဲ့ပါတယ်။

ဂျူဗင်တပ်ဝါရင့်နောက်ခံလူဘိုနုချီက တစ်နှစ်တာအကောင်းဆုံးနောက်ခံလူဆုရသွားပြီး

စီရော်နယ်ဒိုကတော့ အထူးဆုဖြစ်တဲ့ အမြဲတမ်းထိပ်တန်းဂိုးသွင်းရှင်ဆုကို ရခဲ့တာပါ။

ပထမဆုံးအကြိမ်ချီးမြှင့်တဲ့ တစ်နှစ်တာဂိုးသွင်းဆုဖြစ်တ့

ဒီယေဂိုမာရာဒိုနာဆုကိုလည်း လီဝန်ဒေါစကီးက ရသွားခဲ့ပါတယ်။

zawgyi

ဒူဘိုင္းက Globe Soccer ဆုေပးပြဲမွာ ဘက္ပီနဲ႔ လီဝန္ေဒါစကီး အသီးသီး ဆြတ္ခူး

ယူေအအီးႏိုင္ငံ ဒူဘိုင္းမွာ က်င္းပခဲ့တဲ့ ၁၂ ႀကိမ္ေျမာက္ Globe Soccer ဆုေပးပြဲမွာ

ပီအက္စ္ဂ်ီတိုက္စစ္မႈးအမ္ဘက္ပီက အေကာင္းဆုံးအမ်ိဳးသားကစားသမားဆုကို

ဆြတ္ခူးသြားၿပီး လီဝန္ေဒါစကီးကလည္း ပရိသတ္ေတြေ႐ြးတဲ့

တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ရရွိသြားခဲ့ပါတယ္။

ဒူဘိုင္းက Globe Soccer ဆုေပးပြဲမွာ ဆုေပါင္းမ်ားစြာခ်ီးျမႇင့္တာျဖစ္ေပမယ့္

ထိပ္တန္းဆု ႏွစ္ခုျဖစ္ခဲ့တဲ့ အေကာင္းဆုံးအမ်ိဳးသားကစားသမားဆုနဲ႔

ပရိသတ္ေတြရဲ႕တစ္ႏွစ္အေကာင္းဆုံးကစားသမားတို႔ကို

ဘယ္သူေတြရမလဲဆိုတာကိုသာ အဓိကစိတ္ဝင္စားၾကတာပါ။

အရင္က အဲဒီဆုေတြကို စီေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ႏွစ္ေယာက္ အႀကိမ္ႀကိမ္ရခဲ့ၾကၿပီး

ဒီႏွစ္မွာေတာ့ လီဝန္ေဒါစကီး၊ အမ္ဘက္ပီ၊ ဘင္ဇီမာနဲ႔ မိုဆာလာတို႔လို

ကစားသမားေတြက သူတို႔ႏွစ္ေယာက္ကို စိန္ေခၚႏိုင္ခဲ့တာပါ။

အေကာင္းဆုံးအမ်ိဳးသားကစားသမားဆုကိုရတဲ့ အမ္ဘက္ပီက

”ဒူဘိုင္းကိုေရာက္ေနလို႔ အရမ္းကို ေက်နပ္ေပ်ာ္႐ႊင္မိပါတယ္။

ဒီေနရာမွာ နာမည္ႀကီးေတြေတြ႕ရတာဟာ ဂုဏ္ယူစရာတစ္ခုပါ။

ဒါဟာ ကြၽန္ေတာ့္အတြက္ ႀကီးက်ယ္တဲ့ေအာင္ျမင္မႈတစ္ခုပါ။

ကြၽန္ေတာ့္အတြက္ အၿမဲတမ္းရွိေနေပးခဲ့တဲ့ ပီအက္စ္ဂ်ီနဲ႔

လက္ေ႐ြးစင္အသင္းတို႔ကို ေက်းဇူးတင္လိုပါတယ္။

ေဘာလုံးသမိုင္းေၾကာင္းကို ကြၽန္ေတာ္ျပန္ေရးလိုၿပီး အဲဒီလိုလုပ္ႏိုင္ဖို႔

ေန႔စဥ္တိုင္း ေအာင္ျမင္မႈဆာေလာင္ေနရမွာပါ”လို႔ ေျပာၾကာခဲ့ပါတယ္။

ပရိသတ္ေတြေပးတဲ့အေကာင္းဆုံးကစားသမားဆုကို ရခဲ့တဲ့

လီဝန္ေဒါစကီးကလည္း”ကြၽန္ေတာ့္ကို မဲေပးၾကတဲ့သူတိုင္းနဲ႔

အပတ္စဥ္တိုင္းမွာ အားေပးၾကသူေတြကို ေက်းဇူးတင္လိုပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ကြင္းထဲမွာ ပရိသတ္ေတြအားလုံးကို လြမ္းခဲ့ရၿပီး

ဒါေၾကာင့္လည္း သူတို႔အားလုံးကို ေက်းဇူးတင္စကားေျပာႏိုင္ဖို႔

ကြၽန္ေတာ္တို႔ႀကိဳးစားခဲ့ရတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

အျခားဆုေတြမွာေတာ့ ယူ႐ိုမွာ ဗိုလ္စြခဲ့တဲ့ အီတလီနည္းျပေရာဘတ္တိုမန္ခ်ီနီဟာ

တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုရသြားၿပီး အီတလီကလည္း

တစ္ႏွစ္တာအေကာင္းဆုံးလက္ေ႐ြးစင္အသင္းဆုကို ရခဲ့ပါတယ္။

ဂ်ဴဗင္တပ္ဝါရင့္ေနာက္ခံလူဘိုႏုခ်ီက တစ္ႏွစ္တာအေကာင္းဆုံးေနာက္ခံလူဆုရသြားၿပီး

စီေရာ္နယ္ဒိုကေတာ့ အထူးဆုျဖစ္တဲ့ အၿမဲတမ္းထိပ္တန္းဂိုးသြင္းရွင္ဆုကို ရခဲ့တာပါ။

ပထမဆုံးအႀကိမ္ခ်ီးျမႇင့္တဲ့ တစ္ႏွစ္တာဂိုးသြင္းဆုျဖစ္တ့

ဒီေယဂိုမာရာဒိုနာဆုကိုလည္း လီဝန္ေဒါစကီးက ရသြားခဲ့ပါတယ္။