ဒုတိယပိုင်းပွဲချဉ်းကပ်ပုံအပြောင်းအလဲကြောင့် နီပွန်တပ်သားတွေကို အညံ့ခံခဲ့ရတဲ့ ဂျာမနီ

ဒီကနေ့ည အစောပိုင်းမှာ ကစားခဲ့တဲ့ အုပ်စု (E) ရဲ့ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဂျာမနီနဲ့ ဂျပန်တို့ရဲ့ ပွဲစဉ်မှာတော့ ဥရောပ အင်အားကြီး ဂျာမနီဟာ နီပွန်တွေ ကို နည်းစနစ်ပိုင်း အားသာချက်၊ တစ်ဦးချင်း

အားသာချက်တွေနဲ့အတူ အထက်စီး ဆန်ဆန် ကစားနိုင်ခဲ့ပေမဲ့ နည်းပြမိုရီယာဆုရဲ့ ဒုတိယပိုင်း ပွဲချဉ်းကပ်ပုံ အပြောင်းအလဲကြောင့် ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ဂျပန်ကို ဒူး ထောက်အရှှုံးပေးခဲ့ရပါတယ်။

ကမ္ဘာ့ဘောလုံး ဇာတ်ခုံပေါ် မှာရော ဥရောပ ဘောလုံး ဇာတ်ခုံပေါ်မှာပါ အောင်မြင်မှုတွေနဲ့ ရင်းနှီးကျွမ်း ဝင်ပြီးသား ဖြစ်နေတဲ့ ဂျာမနီဟာ ဂျပန်ကို နည်းစနစ်ပိုင်း အသာရခဲ့သလို တစ်ဦးချင်းစွမ်းရည်မှာလည်း

ကွဲပြားခြားနားမှုတွေကို ချပြသွားခဲ့ပါတယ်။ ကျားတစ်ကောင်လို အစွယ်ထုတ်ပြချင်နေတဲ့ ဂျပန်ဟာ ကြံ့ခိုင်မှုပိုင်းမှာ ဂျာမနီရဲ့ တောင့်တင်းမှုကို လုံး၀ မယှဉ်နိုင်ခဲ့တာကြောင့် ပွဲစကတည်းက ခံစစ်ဇုန်မှာသာ

အချိန်ကုန်ခဲ့ တာပါ။ အစောပိုင်းမှာ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် ဂျပန်တိုက် စစ်မှူး မေဒါ ဂိုးသွင်းနိုင်ခဲ့ပေမဲ့ လူကျွံဘောဖြစ်နေခဲ့တယ်။ အဲဒီနောက် နည်းပြ ဟန်ဆီဖလစ်ရဲ့အသင်းဟာ ဂနာဘရီ၊ ဂန်ဒိုဂန်၊

ကင်မစ်ချစ်၊ ဟာဗက်ဇ်တို့ရဲ့ တွဲလုံးတွေနဲ့ ဂိုးရဖို့ ကြိုးစားခဲ့ပေမဲ့ ကျစ်ကျစ်လျစ်လျစ်နဲ့ နေရာလွတ်နည်းနိုင် သမျှ နည်းအောင် ကစားနေတဲ့ ဂျပန်ခံစစ်ကို မကျော်နိုင်ခဲ့ဘူး။ ပွဲချိန် ၃၃ မိ နစ်မှာတော့ ကင်မစ်ချ်ရဲ့

အကွက်မြင်မြင် ဖန်တီးပေးမှုကတစ်ဆင့် ဒေးဗစ်ရာအမ် ဘောလုံးရသွားပြီး ပြန်လှည့်ထွက်တာကို ဂျပန်ဂိုးသမား ဂွန်ဒါ ဝင်ဆွဲ တဲ့နေရာမှာ ဘောလုံးကို မထိဘဲ ခြေထောက်ကိုပဲ ဆွဲလှဲမိခဲ့လို့ ဂျာမနီတို့

ပင်နယ်တီရသွားခဲ့ပါတယ်။ ဒီပင်နယ်တီကို ဂန်ဒိုဂန်က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့လို့ ဂျာမနီ ဦးဆောင်ဂိုး ရသွားခဲ့တယ်။ အဲဒီနောက် နည်းပြ မိုရီ ယာဆုရဲ့အသင်းဟာ တန်ပြန်တိုက်စစ်တွေဆင်ခဲ့ပေမဲ့

အလုပ်မဖြစ်ခဲ့လို့ ပထမပိုင်းမှာ ၁-၀ နဲ့ ပွဲပြီးခဲ့တယ်။ ဒုတိယပိုင်း ပြန်စတော့လည်း ဂျာမနီကသာ ပွဲကို ဦးဆောင်ခဲ့ပြီး မိနစ် ၆၀ အရောက်မှာ မူစီယာလာ ချပေးတဲ့ဘောလုံးကို ဂန်ဒိုဂန် မြေလိမ့်ဘောကန်သွင်းခဲ့ပေမဲ့

ဂိုးတိုင်ထိပြီး ထွက်ခဲ့လို့ ဂျာမနီတို့ နစ် နာခဲ့ရတယ်။ အဲဒီနောက်ပိုင်း ပွဲကို ချဉ်းကပ်ပုံ ပြောင်းလဲလာတဲ့ ဂျပန်ဟာ ဂျာမနီကို ခြိမ်းခြောက်မှုတွေ လုပ်လာနိုင်ခဲ့ပါတော့တယ်။ ပွဲချိန် ၇၁ မိနစ်မှာ ဂနာဘရီရဲ့ အပိုင်

ခေါင်းတိုက်ချက်ကို ဂျပန်ဂိုးသမား ကာကွယ်ပုတ်ထုတ်နိုင်ခဲ့ပြီး ပြန်ထွက်လာ တဲ့ ဘောလုံးကိုလည်း ဂနာဘရီပိတ်သွင်းရာမှာ ဂိုးသမားက ထပ်ဆင့်ပြီး ကာ ကွယ်ခဲ့လို့ ဂျာမနီတို့

ဒုတိယဦးဆောင်ဂိုးနဲ့ လွဲခဲ့ရတာရှိပါတယ်။ နောက်ထပ် ၂ မိနစ် အကြာ ဂျာမနီပင်နယ်တီ ဧရိယာထဲမှာ ဂျပန်အသင်းအပိုင်ပိတ်သွင်းခွင့်ရခဲ့ ပေမဲ့ နူအာ ကာကွယ်မှု ကောင်းသွားခဲ့တယ်။ ဒါပေမဲ့ ပွဲချိန် ၇၅ မိနစ်မှာတော့

ဘယ်ခြမ်း တန်ပြန်တိုက်စစ်ကတစ်ဆင့် ဂျပန်ထိုးဖောက်လာခဲ့ပြီး ဂိုးရှေ့ဖြတ်ပေးတာကို နူအာပုတ်ထုတ်ရာမှာ ထွက်လာတဲ့ ဘောလုံးကို ဒိုအန်ပိတ်သွင်း နိုင်ခဲ့လို့ ဂျပန်တို့ ချေပဂိုး ရခဲ့တယ်။ နောက်ထပ် ၉ မိနစ်မှာ

အကြာတော့ ဖရီးကစ်ကတစ်ဆင့် နောက်တန်းက ကန်တင်ပေးလိုက်တဲ့ဘောလုံးကို အဆာနိုရသွားပြီး အနီးကပ် ပိတ်သွင်းခဲ့လို့ ဂျပန်ဂိုးရသွားခဲ့ပြီး နည်းပြ မိုရီယာဆုရဲ့ အသင်းဟာ ဂျာမနီကို

အံ့အားသင့်စရာကောင်းအောင် ပြန်ပြီး ဦးဆောင်ပြခဲ့တဲ့အပြင် ပွဲအပြီးမှာလည်းပဲ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။

(Zawgyi)

ဒုတိယပိုင္းပြဲခ်ဥ္းကပ္ပုံအေျပာင္းအလဲေၾကာင့္ နီပြန္တပ္သားေတြကို အညံ့ခံခဲ့ရတဲ့ ဂ်ာမနီ

ဒီကေန႔ည အေစာပိုင္းမွာ ကစားခဲ့တဲ့ အုပ္စု (E) ရဲ႕ အဖြင့္ပြဲစဥ္ျဖစ္တဲ့ ဂ်ာမနီနဲ႔ ဂ်ပန္တို႔ရဲ႕ ပြဲစဥ္မွာေတာ့ ဥေရာပ အင္အားႀကီး ဂ်ာမနီဟာ နီပြန္ေတြ ကို နည္းစနစ္ပိုင္း အားသာခ်က္၊ တစ္ဦးခ်င္း

အားသာခ်က္ေတြနဲ႔အတူ အထက္စီး ဆန္ဆန္ ကစားႏိုင္ခဲ့ေပမဲ့ နည္းျပမိုရီယာဆုရဲ႕ ဒုတိယပိုင္း ပြဲခ်ဥ္းကပ္ပုံ အေျပာင္းအလဲေၾကာင့္ ၂-၁ ဆိုတဲ့ ရလဒ္နဲ႔ ဂ်ပန္ကို ဒူး ေထာက္အရွႈံးေပးခဲ့ရပါတယ္။

ကမာၻ႔ေဘာလုံး ဇာတ္ခုံေပၚ မွာေရာ ဥေရာပ ေဘာလုံး ဇာတ္ခုံေပၚမွာပါ ေအာင္ျမင္မႈေတြနဲ႔ ရင္းႏွီးကြၽမ္း ဝင္ၿပီးသား ျဖစ္ေနတဲ့ ဂ်ာမနီဟာ ဂ်ပန္ကို နည္းစနစ္ပိုင္း အသာရခဲ့သလို

တစ္ဦးခ်င္းစြမ္းရည္မွာလည္း ကြဲျပားျခားနားမႈေတြကို ခ်ျပသြားခဲ့ပါတယ္။ က်ားတစ္ေကာင္လို အစြယ္ထုတ္ျပခ်င္ေနတဲ့ ဂ်ပန္ဟာ ႀကံ့ခိုင္မႈပိုင္းမွာ ဂ်ာမနီရဲ႕ ေတာင့္တင္းမႈကို လုံး၀

မယွဥ္ႏိုင္ခဲ့တာေၾကာင့္ ပြဲစကတည္းက ခံစစ္ဇုန္မွာသာ အခ်ိန္ကုန္ခဲ့ တာပါ။ အေစာပိုင္းမွာ တန္ျပန္တိုက္စစ္ကေနတစ္ဆင့္ ဂ်ပန္တိုက္ စစ္မႉး ေမဒါ ဂိုးသြင္းႏိုင္ခဲ့ေပမဲ့ လူကြၽံေဘာျဖစ္ေနခဲ့တယ္။

အဲဒီေနာက္ နည္းျပ ဟန္ဆီဖလစ္ရဲ႕အသင္းဟာ ဂနာဘရီ၊ ဂန္ဒိုဂန္၊ ကင္မစ္ခ်စ္၊ ဟာဗက္ဇ္တို႔ရဲ႕ တြဲလုံးေတြနဲ႔ ဂိုးရဖို႔ ႀကိဳးစားခဲ့ေပမဲ့ က်စ္က်စ္လ်စ္လ်စ္နဲ႔ ေနရာလြတ္နည္းႏိုင္ သမွ် နည္းေအာင္

ကစားေနတဲ့ ဂ်ပန္ခံစစ္ကို မေက်ာ္ႏိုင္ခဲ့ဘူး။ ပြဲခ်ိန္ ၃၃ မိ နစ္မွာေတာ့ ကင္မစ္ခ်္ရဲ႕ အကြက္ျမင္ျမင္ ဖန္တီးေပးမႈကတစ္ဆင့္ ေဒးဗစ္ ရာအမ္ ေဘာလုံးရသြားၿပီး ျပန္လွည့္ထြက္တာကို ဂ်ပန္ဂိုးသမား ဂြန္ဒါ ဝင္ဆြဲ တဲ့ေနရာမွာ

ေဘာလုံးကို မထိဘဲ ေျခေထာက္ကိုပဲ ဆြဲလွဲမိခဲ့လို႔ ဂ်ာမနီတို႔ ပင္နယ္တီရသြားခဲ့ပါတယ္။ ဒီပင္နယ္တီကို ဂန္ဒိုဂန္က အမွားအယြင္းမရွိ ကန္သြင္းႏိုင္ခဲ့လို႔ ဂ်ာမနီ ဦးေဆာင္ဂိုး ရသြားခဲ့တယ္။

အဲဒီေနာက္ နည္းျပ မိုရီ ယာဆုရဲ႕အသင္းဟာ တန္ျပန္တိုက္စစ္ေတြဆင္ခဲ့ေပမဲ့ အလုပ္မျဖစ္ခဲ့လို႔ ပထမပိုင္းမွာ ၁-၀ နဲ႔ ပြဲၿပီးခဲ့တယ္။ ဒုတိယပိုင္း ျပန္စေတာ့လည္း ဂ်ာမနီကသာ ပြဲကို

ဦးေဆာင္ခဲ့ၿပီး မိနစ္ ၆၀ အေရာက္မွာ မူစီယာလာ ခ်ေပးတဲ့ေဘာလုံးကို ဂန္ဒိုဂန္ ေျမလိမ့္ေဘာကန္သြင္းခဲ့ေပမဲ့ ဂိုးတိုင္ထိၿပီး ထြက္ခဲ့လို႔ ဂ်ာမနီတို႔ နစ္ နာခဲ့ရတယ္။ အဲဒီေနာက္ပိုင္း ပြဲကို ခ်ဥ္းကပ္ပုံ

ေျပာင္းလဲလာတဲ့ ဂ်ပန္ဟာ ဂ်ာမနီကို ၿခိမ္းေျခာက္မႈေတြ လုပ္လာႏိုင္ခဲ့ပါေတာ့တယ္။ ပြဲခ်ိန္ ၇၁ မိနစ္မွာ ဂနာဘရီရဲ႕ အပိုင္ ေခါင္းတိုက္ခ်က္ကို ဂ်ပန္ဂိုးသမား ကာကြယ္ပုတ္ထုတ္ႏိုင္ခဲ့ၿပီး ျပန္ထြက္လာ တဲ့

ေဘာလုံးကိုလည္း ဂနာဘရီပိတ္သြင္းရာမွာ ဂိုးသမားက ထပ္ဆင့္ၿပီး ကာ ကြယ္ခဲ့လို႔ ဂ်ာမနီတို႔ ဒုတိယဦးေဆာင္ဂိုးနဲ႔ လြဲခဲ့ရတာရွိပါတယ္။ ေနာက္ထပ္ ၂ မိနစ္ အၾကာ ဂ်ာမနီပင္နယ္တီ ဧရိယာထဲမွာ

ဂ်ပန္အသင္းအပိုင္ပိတ္သြင္းခြင့္ရခဲ့ ေပမဲ့ ႏူအာ ကာကြယ္မႈ ေကာင္းသြားခဲ့တယ္။ ဒါေပမဲ့ ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ဘယ္ျခမ္း တန္ျပန္တိုက္စစ္ကတစ္ဆင့္ ဂ်ပန္ထိုးေဖာက္လာခဲ့ၿပီး ဂိုးေရွ႕ျဖတ္ ေပးတာကို

ႏူအာပုတ္ထုတ္ရာမွာ ထြက္လာတဲ့ ေဘာလုံးကို ဒိုအန္ပိတ္သြင္း ႏိုင္ခဲ့လို႔ ဂ်ပန္တို႔ ေခ်ပဂိုး ရခဲ့တယ္။ ေနာက္ထပ္ ၉ မိနစ္မွာအၾကာေတာ့ ဖရီးကစ္ကတစ္ဆင့္ ေနာက္တန္းက ကန္တင္ေပးလိုက္တဲ့ေဘာလုံးကို

အဆာႏိုရသြားၿပီး အနီးကပ္ ပိတ္သြင္းခဲ့လို႔ ဂ်ပန္ဂိုးရသြားခဲ့ၿပီး နည္းျပ မိုရီယာဆုရဲ႕ အသင္းဟာ ဂ်ာမနီကို အံ့အားသင့္စရာေကာင္းေအာင္ ျပန္ၿပီး ဦးေဆာင္ျပခဲ့ တဲ့အျပင္ ပြဲအၿပီးမွာလည္းပဲ ၁-၂ ဆိုတဲ့

ရလဒ္နဲ႔ အႏိုင္ရခဲ့တာပါ။