
ယူနိုက်တက်ကွင်းလယ်လူ ကက်စ်မီရိုဟာ ပဲလေ့စ်နဲ့ပွဲစဉ်မှာ





အဝါကတ်ထိခဲ့တဲ့နောက် လာမယ့်အာဆင်နယ်နဲ့ပွဲစဉ်ကို
လွဲချော်ခဲ့ရပြီဖြစ်တယ်။ ဘရာဇီးကြယ်ပွင့်ဟာ ပွဲစဉ် ၁၉ မတိုင်ခင်မှာ





အဝါကတ် ၄ကြိမ်ထိထားပြီးဖြစ်လို့ ပရီးမီးယားလိဂ်စည်းမျဉ်းတွေအရ
အဝါကတ် ၅ ကတ်ပြည့်ရင်တစ်ပွဲပယ်ခံရမှာဖြစ်တယ်။
ပွဲချိန် ၈၁ မိနစ်အရောက်မှာတော့ ကက်စ်မီရိုဟာ ပြိုင်ဘက်





ကစားသမားဇာဟာကိုတားဆီးရာမှာအဝင်နောက်ကျသွားတဲ့အတွက်
အဝါကတ်ပြသခံလိုက်ရပါတယ်။ ဒီဖြစ်ရပ်မှာတော့ ကွင်းလယ်ဒိုင်





ရောဘတ်ဂျုံးစ်အနေနဲ့ ဘရာဇီးသားကိုမဖြစ်မနေအဝါကတ်
ပြသဖို့လိုအပ်ခဲ့သလို ဒီပြစ်ဒဏ်ကြောင့်ပဲ အာဆင်နယ်နဲ့
ပွဲစဉ်ကိုလွဲချော်သွားခဲ့ရပြီဖြစ်တယ်။ ပိုဆိုးတာကတော့





ယူနိုက်တက်ဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့သွင်းဂိုးနဲ့ဦးဆောင်ခဲ့ပြီး
နောက်ထပ်သွင်းဂိုးရအောင်မစွမ်းဆောင်နိုင်ခဲ့သလို နာကျင်





အချိန်ပိုမိနစ်ထဲအရောက်မှာ မိုက်ကယ်အိုလီဆီက မယုံနိုင်စရာ
ဖရီးကစ်ကန်ချက်နဲ့ချေပဂိုးသွင်းယူသွားခဲ့တာပါ။
တန်ဟတ်ရဲ့အသင်းဟာ ဘရူနိုရဲ့တစ်လုံးတည်းသောဂိုးနဲ့





ပုံမှန်နိုင်ပွဲယူပြီး ပြိုင်ပွဲစုံ ၁၀ပွဲဆက်အနိုင်ကိုမျှော်လင့်လို့ရခဲ့ပေမဲ့
အံ့အားသင့်စရာကောင်းလောက်အောင်သရေနဲ့အဆုံးသတ်ခဲ့တာဖြစ်တယ်။





Sky Sports ရုပ်သံတင်ဆက်သူ အလန်စမစ်ကတော့ အိုလီဆီရဲ့
အလွတ်တည်ကန်ဘောကို ‘ဒီရာသီမြင်ဖူးသမျှထဲမှာအကောင်းဆုံး
ဖရီးကစ်ဖြစ်တယ်” လို့ချီးကျူးသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ





ဒီသရေပွဲကြောင့် တတိယနေရာကိုခုန်တက်သွားနိုင်ပေမဲ့
မန်စီးတီး-စပါး ပွဲစဉ်မတိုင်ခင်မှာ အမှတ်ပေးဇယား





ဒုတိယနေရာအထိတက်လှမ်းခွင့်နဲ့တော့လွဲချော်ခဲ့ရတာဖြစ်တယ်။
ဒါ့အပြင် အာဆင်နယ်နဲ့ပွဲစဉ်မှာ ကက်စ်မီရို မပါဝင်နိုင်တော့တာက
နည်းပြတန်ဟတ်ကိုခေါင်းစားစေမှာဖြစ်ပြီး သူ့ရဲ့ဘရာဇီး





အသင်းဖော် ဖရက်ဒ်ကို အဲရစ်ဆင်နဲ့တွဲဖက်ပေးရဖို့ရှိပါတယ်။
zawgyi





ဒုတိယေနရာအထိ တက္လွမ္းခြင့္လက္လႊတ္ခဲ့ရသလို ကက္စ္မီ႐ိုကိုပါ ယူႏိုက္တက္ဆုံးရႈံးခဲ့ရ
ယူႏိုက္တက္ကြင္းလယ္လူ ကက္စ္မီ႐ိုဟာ ပဲေလ့စ္နဲ႔ပြဲစဥ္မွာ
အဝါကတ္ထိခဲ့တဲ့ေနာက္ လာမယ့္အာဆင္နယ္နဲ႔ပြဲစဥ္ကို





လြဲေခ်ာ္ခဲ့ရၿပီျဖစ္တယ္။ ဘရာဇီးၾကယ္ပြင့္ဟာ ပြဲစဥ္ ၁၉ မတိုင္ခင္မွာ
အဝါကတ္ ၄ႀကိမ္ထိထားၿပီးျဖစ္လို႔ ပရီးမီးယားလိဂ္စည္းမ်ဥ္းေတြအရ





အဝါကတ္ ၅ ကတ္ျပည့္ရင္တစ္ပြဲပယ္ခံရမွာျဖစ္တယ္။
ပြဲခ်ိန္ ၈၁ မိနစ္အေရာက္မွာေတာ့ ကက္စ္မီ႐ိုဟာ ၿပိဳင္ဘက္
ကစားသမားဇာဟာကိုတားဆီးရာမွာအဝင္ေနာက္က်သြားတဲ့အတြက္





အဝါကတ္ျပသခံလိုက္ရပါတယ္။ ဒီျဖစ္ရပ္မွာေတာ့ ကြင္းလယ္ဒိုင္
ေရာဘတ္ဂ်ဳံးစ္အေနနဲ႔ ဘရာဇီးသားကိုမျဖစ္မေနအဝါကတ္





ျပသဖို႔လိုအပ္ခဲ့သလို ဒီျပစ္ဒဏ္ေၾကာင့္ပဲ အာဆင္နယ္နဲ႔
ပြဲစဥ္ကိုလြဲေခ်ာ္သြားခဲ့ရၿပီျဖစ္တယ္။ ပိုဆိုးတာကေတာ့
ယူႏိုက္တက္ဟာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕သြင္းဂိုးနဲ႔ဦးေဆာင္ခဲ့ၿပီး





ေနာက္ထပ္သြင္းဂိုးရေအာင္မစြမ္းေဆာင္ႏိုင္ခဲ့သလို နာက်င္
အခ်ိန္ပိုမိနစ္ထဲအေရာက္မွာ မိုက္ကယ္အိုလီဆီက မယုံႏိုင္စရာ





ဖရီးကစ္ကန္ခ်က္နဲ႔ေခ်ပဂိုးသြင္းယူသြားခဲ့တာပါ။
တန္ဟတ္ရဲ႕အသင္းဟာ ဘ႐ူႏိုရဲ႕တစ္လုံးတည္းေသာဂိုးနဲ႔
ပုံမွန္ႏိုင္ပြဲယူၿပီး ၿပိဳင္ပြဲစုံ ၁၀ပြဲဆက္အႏိုင္ကိုေမွ်ာ္လင့္လို႔ရခဲ့ေပမဲ့





အံ့အားသင့္စရာေကာင္းေလာက္ေအာင္သေရနဲ႔အဆုံးသတ္ခဲ့တာျဖစ္တယ္။
Sky Sports ႐ုပ္သံတင္ဆက္သူ အလန္စမစ္ကေတာ့ အိုလီဆီရဲ႕





အလြတ္တည္ကန္ေဘာကို ‘ဒီရာသီျမင္ဖူးသမွ်ထဲမွာအေကာင္းဆုံး
ဖရီးကစ္ျဖစ္တယ္” လို႔ခ်ီးက်ဴးသြားခဲ့ပါတယ္။ ယူႏိုက္တက္ဟာ
ဒီသေရပြဲေၾကာင့္ တတိယေနရာကိုခုန္တက္သြားႏိုင္ေပမဲ့





မန္စီးတီး-စပါး ပြဲစဥ္မတိုင္ခင္မွာ အမွတ္ေပးဇယား
ဒုတိယေနရာအထိတက္လွမ္းခြင့္နဲ႔ေတာ့လြဲေခ်ာ္ခဲ့ရတာျဖစ္တယ္။





ဒါ့အျပင္ အာဆင္နယ္နဲ႔ပြဲစဥ္မွာ ကက္စ္မီ႐ို မပါဝင္ႏိုင္ေတာ့တာက
နည္းျပတန္ဟတ္ကိုေခါင္းစားေစမွာျဖစ္ၿပီး သူ႔ရဲ႕ဘရာဇီး
အသင္းေဖာ္ ဖရက္ဒ္ကို အဲရစ္ဆင္နဲ႔တြဲဖက္ေပးရဖို႔ရွိပါတယ္။




