ဒုက္ခလှိုင်းကြားက လက်ရွေးစင်အသင်းကိုကယ်တင်ခဲ့တဲ့ မက်ဆီတစ်ယောက် ကာတာမှာအရာအားလုံးကိုသိမ်းကြုံးယူသွားနိုင်မလား

ခရိုအေးရှားကိုအနိုင်ရပြီးတဲ့နောက် မက်ဆီဟာ ကစားသမားဘဝတစ်လျှောက်

ဒုတိယအကြိမ်မြောက်အဖြစ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့ပါပြီ။

မက်ဆီဟာ အာဂျင်တီးနားနဲ့အတူ ၃၆ ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းနဲ့ ကာတာကိုလာရောက်ခဲ့ပေမဲ့

အုပ်စုအဖွင့်ပွဲမှာ ဆော်ဒီကိုရှုံးခဲ့တာကအတော်လေးထိချက်နာသွားခဲ့တယ်။

ဒါပေမဲ့ အသင်းရဲ့ဖွဲ့စည်းပုံ၊ ကစားဟန်တွေနဲ့ပတ်သတ်လို့ ဘယ်တော့မှအပြစ်မပြောခဲ့ဘူး။

သူပြန်လာနိုင်ဖို့အတွက်အစွမ်းကုန်ကြိုးစားတယ်။ နောက်ဆက်တွဲရလဒ်အနေနဲ့ ဗိုလ်လုပွဲကိုရောက်ခဲ့ပြီ။

အာဂျင်တီးနားသမိုင်းတစ်လျှောက်ကမ္ဘာ့ဖလားမှာ ဂိုးသွင်းအများဆုံး(၁၁ဂိုး) ကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့သလို

ဆယ်ကျော်သက်အရွယ်ကတည်းကရှုံးထွက်အဆင့်မှာဂိုးမသွင်းနိုင်ဘူးဆိုတဲ့ အရိပ်ဆိုးကိုတွန်းလှန်နိုင်ခဲ့ပြီ။

အရမ်းကိုလှပလွန်းနေတယ်။ ဒီပြိုင်ပွဲမှာ ၅ဂိုးသွင်း၊ ၃ကြိမ်ဖန်တီးပြီး ရွှေဖိနပ်ဆုရဖို့အလားအလာကောင်းရှိနေတယ်။

၃၆ နှစ်အတွင်း အာဂျင်တီးနားကို ကမ္ဘာ့ချန်ပီယံဖြစ်အောင်ဦးဆောင်ပေးနိုင်ဖို့အတွက် လှေခါးတစ်ထစ်ပဲတက်ရတော့မယ်။

လက်ရွေးစင်အသင်းနဲ့ပတ်သတ်လာရင် မက်ဆီသူ့ကိုယ်သူသာအပြစ်ဖို့ခဲ့တယ်။

အာဂျင်တီးနားကစားဖော်တွေညံ့လွန်းနေခဲ့တဲ့ အချိန်မှာတောင် သူ့ဘက်ကလူသိရှင်ကြားဝေဖန်ခဲ့တာမရှိဘူး။

၂၀၁၆ ခုနှစ်အတွင်းမှာ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် AFA ကငွေကြေးချွတ်ခြုံကျပြီးဂယက်တွေထခဲ့တယ်။

မက်ဆီတစ်ယောက် မိခင်မြေကိုပြန်ရောက်လာတဲ့အချိန်မှာ AFA ဝန်ထမ်းတွေက သူတို့လနဲ့ချီပြီး လစာငွေမရတဲ့အကြောင်းကိုပြောပြခဲ့ကြတယ်။

GOAT တစ်ယောက်အတော်လေးဝမ်းနည်းသွားခဲ့တယ်။ ဖခင်ဖြစ်သူကိုဆင့်ခေါ်ပြီး အခြေအနေမှန်ကိုဖြေရှင်းဖို့အတွက် တာဝန်ပေးခဲ့တယ်။

တနည်းအားဖြင့်တော့ ကိုယ်ပိုင်ငွေထဲကနေ ဝန်ထမ်းတွေကိုလစာစိုက်ရှင်းပေးခဲ့တာပါ။

၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲကိုလည်း ကိုယ့်စရိတ်ကိုယ်စားပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။

ဗိုလ်လုပွဲစဉ်တွေမှာအရှုံးရလဒ်ရင်ဝယ်ပိုက်ပြီး ခါးသီးမှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်။

နိုင်ငံတကာကစားသမားဘဝအတွက် အရာအားလုံးကိုလက်လျှော့ဖို့ဆုံးဖြတ်ခဲ့ပေမဲ့

အာဂျင်တီးနားအောင်မြင်မှုအတွက် လတ်တလောမှာ သူမရှိလို့မဖြစ်သေးဘူးဆိုတာသိတဲ့အတွက် ပြန်လာခဲ့တယ်။

ကာတာကမ္ဘာ့ဖလားကတော့ အာဂျင်တီးနားလို့ဆိုတာထက်စာရင် မက်ဆီအတွက်ပြန်လုပ်ပေးရမယ့် အခိုက်အတန့်လို့ဆိုရင်ပိုပြီးမှန်ကန်ပါလိမ့်မယ်။

ခရိုအေးရှားနိုင်ပွဲအပြီးမှာ လာမယ့်ဗိုလ်လုပွဲစဉ်က လက်ရွေးစင်ကစားသမားဘဝနောက်ဆုံးပွဲလို့ မက်ဆီကအသိပေးထားပြီးဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ မက်ဆီဟာ အကောင်းဆုံးဘောလုံးသမားဆုရတာ ၄ ကြိမ်အထိ ရှိနေပြီး

သူ့ကစားသမားဘဝမှာ ရယူဖို့ ကျန်နေသေးတဲ့ ကစားသမားဘဝ ပထမဆုံးကမ္ဘာ့ဖလား၊

ကမ္ဘာ့ဖလားပြိုင်ပွဲ ပထမဆုံးရွှေဖိနပ်ဆု၊ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးဘောလုံးသမားဆုတွေကို

သိမ်းကြုံးရယူနိုင်မလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

zawgyi

ဒုကၡလႈိင္းၾကားက လက္ေ႐ြးစင္အသင္းကိုကယ္တင္ခဲ့တဲ့ မက္ဆီတစ္ေယာက္ ကာတာမွာအရာအားလုံးကိုသိမ္းႀကဳံးယူသြားႏိုင္မလား

ခ႐ိုေအးရွားကိုအႏိုင္ရၿပီးတဲ့ေနာက္ မက္ဆီဟာ ကစားသမားဘဝတစ္ေလွ်ာက္

ဒုတိယအႀကိမ္ေျမာက္အျဖစ္ကမာၻ႔ဖလားဗိုလ္လုပြဲကိုတက္ေရာက္ႏိုင္ခဲ့ပါၿပီ။

မက္ဆီဟာ အာဂ်င္တီးနားနဲ႔အတူ ၃၆ ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းနဲ႔ ကာတာကိုလာေရာက္ခဲ့ေပမဲ့

အုပ္စုအဖြင့္ပြဲမွာ ေဆာ္ဒီကိုရႈံးခဲ့တာကအေတာ္ေလးထိခ်က္နာသြားခဲ့တယ္။

ဒါေပမဲ့ အသင္းရဲ႕ဖြဲ႕စည္းပုံ၊ ကစားဟန္ေတြနဲ႔ပတ္သတ္လို႔ ဘယ္ေတာ့မွအျပစ္မေျပာခဲ့ဘူး။

သူျပန္လာႏိုင္ဖို႔အတြက္အစြမ္းကုန္ႀကိဳးစားတယ္။ ေနာက္ဆက္တြဲရလဒ္အေနနဲ႔ ဗိုလ္လုပြဲကိုေရာက္ခဲ့ၿပီ။

အာဂ်င္တီးနားသမိုင္းတစ္ေလွ်ာက္ကမာၻ႔ဖလားမွာ ဂိုးသြင္းအမ်ားဆုံး(၁၁ဂိုး) ကစားသမားအျဖစ္ရပ္တည္ႏိုင္ခဲ့သလို

ဆယ္ေက်ာ္သက္အ႐ြယ္ကတည္းကရႈံးထြက္အဆင့္မွာဂိုးမသြင္းႏိုင္ဘူးဆိုတဲ့ အရိပ္ဆိုးကိုတြန္းလွန္ႏိုင္ခဲ့ၿပီ။

အရမ္းကိုလွပလြန္းေနတယ္။ ဒီၿပိဳင္ပြဲမွာ ၅ဂိုးသြင္း၊ ၃ႀကိမ္ဖန္တီးၿပီး ေ႐ႊဖိနပ္ဆုရဖို႔အလားအလာေကာင္းရွိေနတယ္။

၃၆ ႏွစ္အတြင္း အာဂ်င္တီးနားကို ကမာၻ႔ခ်န္ပီယံျဖစ္ေအာင္ဦးေဆာင္ေပးႏိုင္ဖို႔အတြက္ ေလွခါးတစ္ထစ္ပဲတက္ရေတာ့မယ္။

လက္ေ႐ြးစင္အသင္းနဲ႔ပတ္သတ္လာရင္ မက္ဆီသူ႔ကိုယ္သူသာအျပစ္ဖို႔ခဲ့တယ္။

အာဂ်င္တီးနားကစားေဖာ္ေတြညံ့လြန္းေနခဲ့တဲ့ အခ်ိန္မွာေတာင္ သူ႔ဘက္ကလူသိရွင္ၾကားေဝဖန္ခဲ့တာမရွိဘူး။

၂၀၁၆ ခုႏွစ္အတြင္းမွာ အာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္ AFA ကေငြေၾကးခြၽတ္ၿခဳံက်ၿပီးဂယက္ေတြထခဲ့တယ္။

မက္ဆီတစ္ေယာက္ မိခင္ေျမကိုျပန္ေရာက္လာတဲ့အခ်ိန္မွာ AFA ဝန္ထမ္းေတြက သူတို႔လနဲ႔ခ်ီၿပီး လစာေငြမရတဲ့အေၾကာင္းကိုေျပာျပခဲ့ၾကတယ္။

GOAT တစ္ေယာက္အေတာ္ေလးဝမ္းနည္းသြားခဲ့တယ္။ ဖခင္ျဖစ္သူကိုဆင့္ေခၚၿပီး အေျခအေနမွန္ကိုေျဖရွင္းဖို႔အတြက္ တာဝန္ေပးခဲ့တယ္။

တနည္းအားျဖင့္ေတာ့ ကိုယ္ပိုင္ေငြထဲကေန ဝန္ထမ္းေတြကိုလစာစိုက္ရွင္းေပးခဲ့တာပါ။

၂၀၁၆ ကိုပါအေမရိကဖလားၿပိဳင္ပြဲကိုလည္း ကိုယ့္စရိတ္ကိုယ္စားၿပီး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တယ္။

ဗိုလ္လုပြဲစဥ္ေတြမွာအရႈံးရလဒ္ရင္ဝယ္ပိုက္ၿပီး ခါးသီးမႈေတြနဲ႔ရင္ဆိုင္ခဲ့ရတယ္။

ႏိုင္ငံတကာကစားသမားဘဝအတြက္ အရာအားလုံးကိုလက္ေလွ်ာ့ဖို႔ဆုံးျဖတ္ခဲ့ေပမဲ့

အာဂ်င္တီးနားေအာင္ျမင္မႈအတြက္ လတ္တေလာမွာ သူမရွိလို႔မျဖစ္ေသးဘူးဆိုတာသိတဲ့အတြက္ ျပန္လာခဲ့တယ္။

ကာတာကမာၻ႔ဖလားကေတာ့ အာဂ်င္တီးနားလို႔ဆိုတာထက္စာရင္ မက္ဆီအတြက္ျပန္လုပ္ေပးရမယ့္ အခိုက္အတန႔္လို႔ဆိုရင္ပိုၿပီးမွန္ကန္ပါလိမ့္မယ္။

ခ႐ိုေအးရွားႏိုင္ပြဲအၿပီးမွာ လာမယ့္ဗိုလ္လုပြဲစဥ္က လက္ေ႐ြးစင္ကစားသမားဘဝေနာက္ဆုံးပြဲလို႔ မက္ဆီကအသိေပးထားၿပီးျဖစ္ပါတယ္။

ဒီၿပိဳင္ပြဲမွာ မက္ဆီဟာ အေကာင္းဆုံးေဘာလုံးသမားဆုရတာ ၄ ႀကိမ္အထိ ရွိေနၿပီး

သူ႔ကစားသမားဘဝမွာ ရယူဖို႔ က်န္ေနေသးတဲ့ ကစားသမားဘဝ ပထမဆုံးကမာၻ႔ဖလား၊

ကမာၻ႔ဖလားၿပိဳင္ပြဲ ပထမဆုံးေ႐ႊဖိနပ္ဆု၊ ၿပိဳင္ပြဲတစ္ေလွ်ာက္အေကာင္းဆုံးေဘာလုံးသမားဆုေတြကို

သိမ္းႀကဳံးရယူႏိုင္မလားဆိုတာက စိတ္ဝင္စားဖို႔ေကာင္းေနပါတယ္။