ဒီလိုလုပ်နေရင် လူငယ်တွေအနေနဲ့ ဘယ်လိုအတုယူမလဲ ရော်နယ်ဒိုလို့ နဗီးလ်ပြစ်တင်ဝေဖန်

နယူးကာဆယ်နဲ့ ၁-၁ သရေကျခဲ့တဲ့ စိတ်ပျက်ဖွယ်သရေပွဲအပြီးမှာ

စီရော်နယ်ဒိုနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ဟန်ပန်အမူအယာကို

မန်ယူနောက်ခံလူဟောင်းဂယ်ရီနဗီးလ်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

အဲဒီပွဲမှာ အကြိမ် ၂၀ တိုင်အင်္ဂလန်ချန်ပီယံဖြစ်ခဲ့တဲ့

မန်ယူဟာ တန်းဆင်းဇုန်ထဲက အသင်းကို မရှုံးအောင်တောင် မနည်းကစားခဲ့ရတာပါ။

ပွဲပြီးတော့ စီရော်နယ်ဒိုဟာ နယူးကာဆယ်ထိ လာရောက်အားပေးတဲ့

ဧည့်သည်မန်ယူပရိသတ်တွေကို ကျေးဇူးတင်နှုတ်ဆက်တဲ့ ကျန်အသင်းဖော်တွေနဲ့

မပူးပေါင်းဘဲ ကွင်းထဲကနေ ချင်ချင်းထွက်ခွာသွားခဲ့ပါတယ်။

အဲဒီအတွက်လည်း ဂယ်ရီနဗီးလ်ဟာ သူ့အသင်းဖော်ဟောင်းကို

ပြစ်တင်ဝေဖန်မှုလုပ်ခဲ့တာပါ။

”ကိုယ့်အသင်းဖော်တွေက ကိုယ့်ကို လိုအပ်နေတဲ့ ဒီလိုအခိုက်အတန့်တွေမှာ

ကိုယ်က ရှိနေပေးရမှာပါ။ ကျွန်တော် ဒီကောင်လေး(ရော်နယ်ဒို)ကို

နှစ်ခြိုက်ပါတယ်။ သူဟာ ကျွန်တော့်ဘဝမှာ တွေ့ဖူးသမျှ အကောင်းဆုံးပါ။

ဒါပေမဲ့ အဲဒီလိုတော့ ထွက်မပြေးပါနဲ့။ ကျွန်တော်ဆို အဲဒီလို လုပ်မှာ မဟုတ်ဘူး။

မင်းဘယ်လိုကစားသလဲ ငါ ဂရုမစိုက်ဘူး။ ပွဲပြီးတာနဲ့ ပရိသတ်တွေဆီသွားပြီး

လက်ခုပ်တီးရမှာပါ။ အထူးသဖြင့် ကိုယ်က ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေရင်

သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးတွေထဲက တစ်ယောက်ဖြစ်နေရင်

ပိုတောင်လုပ်သင့်သေးတယ်”လို့ စီရော်နယ်ဒိုနဲ့အတူ ပရီးမီးယားလိဂ် ၃ ကြိမ်ဗိုလ်စွဲဖူးတဲ့

ဂယ်ရီနဗီးလ်က Monday Night Fooftball အစီအစဉ်မှာ ပြောခဲ့တာပါ။

စီရော်နယ်ဒိုဟာ စိတ်ပျက်ဖွယ်ရလဒ်တစ်ခုအပြီးမှာ အခုလိုမျိုး ဥမင်ထဲကို

ချက်ချင်းဝင်သွားတာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

အဲဗာတန်နဲ့ ၁-၁ သရေပွဲ၊ ဝက်ဖို့ဒ်ကို ၄-၁ နဲ့ ရှုံးခဲ့တဲ့ပွဲတွေမှာလည်း ပွဲပြီးတာနဲ့

ဒေါသထွက်နေတဲ့ပုံစံနဲ့ ကွင်းထဲကနေ ချက်ချင်းထွက်ခွာသွားခဲ့တာပါ။

ဒါ့အပြင် ဂယ်ရီနဗီးလ်ဟာ ပွဲချိန်အတွင်း ညည်းညူနေပုံပေါက်တဲ့

စီရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းဖော်ဖာနန်ဒက်စ်ရဲ့ဟန်ပန်အမူအယာကိုလည်း ပြစ်တင်ခဲ့ပါတယ်။

အသင်းရဲ့အကောင်းဆုံးကစားသမားနှစ်ယောက်က ဒီလိုဖြစ်နေရင်

လူငယ်တွေအနေနဲ့ ဘယ်လိုအတုယူမလဲလု့ိ နဗီးလ်က ပြောခဲ့တာပါ။

zawgyi

ဒီလိုလုပ္ေနရင္ လူငယ္ေတြအေနနဲ႔ ဘယ္လိုအတုယူမလဲ ေရာ္နယ္ဒိုလို႔ နဗီးလ္ျပစ္တင္ေဝဖန္

နယူးကာဆယ္နဲ႔ ၁-၁ သေရက်ခဲ့တဲ့ စိတ္ပ်က္ဖြယ္သေရပြဲအၿပီးမွာ

စီေရာ္နယ္ဒိုနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ရဲ႕ဟန္ပန္အမူအယာကို

မန္ယူေနာက္ခံလူေဟာင္းဂယ္ရီနဗီးလ္က ျပစ္တင္ေဝဖန္လိုက္ပါတယ္။

အဲဒီပြဲမွာ အႀကိမ္ ၂၀ တိုင္အဂၤလန္ခ်န္ပီယံျဖစ္ခဲ့တဲ့

မန္ယူဟာ တန္းဆင္းဇုန္ထဲက အသင္းကို မရႈံးေအာင္ေတာင္ မနည္းကစားခဲ့ရတာပါ။

ပြဲၿပီးေတာ့ စီေရာ္နယ္ဒိုဟာ နယူးကာဆယ္ထိ လာေရာက္အားေပးတဲ့

ဧည့္သည္မန္ယူပရိသတ္ေတြကို ေက်းဇူးတင္ႏႈတ္ဆက္တဲ့ က်န္အသင္းေဖာ္ေတြနဲ႔

မပူးေပါင္းဘဲ ကြင္းထဲကေန ခ်င္ခ်င္းထြက္ခြာသြားခဲ့ပါတယ္။

အဲဒီအတြက္လည္း ဂယ္ရီနဗီးလ္ဟာ သူ႔အသင္းေဖာ္ေဟာင္းကို

ျပစ္တင္ေဝဖန္မႈလုပ္ခဲ့တာပါ။

”ကိုယ့္အသင္းေဖာ္ေတြက ကိုယ့္ကို လိုအပ္ေနတဲ့ ဒီလိုအခိုက္အတန႔္ေတြမွာ

ကိုယ္က ရွိေနေပးရမွာပါ။ ကြၽန္ေတာ္ ဒီေကာင္ေလး(ေရာ္နယ္ဒို)ကို

ႏွစ္ၿခိဳက္ပါတယ္။ သူဟာ ကြၽန္ေတာ့္ဘဝမွာ ေတြ႕ဖူးသမွ် အေကာင္းဆုံးပါ။

ဒါေပမဲ့ အဲဒီလိုေတာ့ ထြက္မေျပးပါနဲ႔။ ကြၽန္ေတာ္ဆို အဲဒီလို လုပ္မွာ မဟုတ္ဘူး။

မင္းဘယ္လိုကစားသလဲ ငါ ဂ႐ုမစိုက္ဘူး။ ပြဲၿပီးတာနဲ႔ ပရိသတ္ေတြဆီသြားၿပီး

လက္ခုပ္တီးရမွာပါ။ အထူးသျဖင့္ ကိုယ္က ကမာၻ႔အေကာင္းဆုံးကစားသမားျဖစ္ေနရင္

သမိုင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံးေတြထဲက တစ္ေယာက္ျဖစ္ေနရင္

ပိုေတာင္လုပ္သင့္ေသးတယ္”လို႔ စီေရာ္နယ္ဒိုနဲ႔အတူ ပရီးမီးယားလိဂ္ ၃ ႀကိမ္ဗိုလ္စြဲဖူးတဲ့

ဂယ္ရီနဗီးလ္က Monday Night Fooftball အစီအစဥ္မွာ ေျပာခဲ့တာပါ။

စီေရာ္နယ္ဒိုဟာ စိတ္ပ်က္ဖြယ္ရလဒ္တစ္ခုအၿပီးမွာ အခုလိုမ်ိဳး ဥမင္ထဲကို

ခ်က္ခ်င္းဝင္သြားတာ ဒါ ပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး။

အဲဗာတန္နဲ႔ ၁-၁ သေရပြဲ၊ ဝက္ဖို႔ဒ္ကို ၄-၁ နဲ႔ ရႈံးခဲ့တဲ့ပြဲေတြမွာလည္း ပြဲၿပီးတာနဲ႔

ေဒါသထြက္ေနတဲ့ပုံစံနဲ႔ ကြင္းထဲကေန ခ်က္ခ်င္းထြက္ခြာသြားခဲ့တာပါ။

ဒါ့အျပင္ ဂယ္ရီနဗီးလ္ဟာ ပြဲခ်ိန္အတြင္း ညည္းညဴေနပုံေပါက္တဲ့

စီေရာ္နယ္ဒိုရဲ႕ေပၚတူဂီအသင္းေဖာ္ဖာနန္ဒက္စ္ရဲ႕ဟန္ပန္အမူအယာကိုလည္း ျပစ္တင္ခဲ့ပါတယ္။

အသင္းရဲ႕အေကာင္းဆုံးကစားသမားႏွစ္ေယာက္က ဒီလိုျဖစ္ေနရင္

လူငယ္ေတြအေနနဲ႔ ဘယ္လိုအတုယူမလဲလု႔ိ နဗီးလ္က ေျပာခဲ့တာပါ။